သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-04-26
နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်က စမတောင်ဆရာတော် ဦးဝိမလ တည်ထောင်ထား တဲ့ ပရဟိတလူငယ်ဖွံ့ဖြိုးရေးဥယာဉ်မှာ မိဘတွေစွန့်ပစ်ခံရတဲ့မွေးကင်းစကလေးကနေ ဘွဲ့ရတဲ့ အရွယ်ထိ အနယ်နယ်အရပ်ရပ်က လူမျိုးမခွဲ၊ ကိုးကွယ်ရာဘာသာမခွဲခြားပဲ ကလေးပေါင်း ၇၀၀ နီးပါး ကို စောင့်ရှောက်ထားပါတယ်။
2017-04-26
ရန်ကုန်တိုင်းစာရင်းစစ်ချုပ်က တင်ပြလာတဲ့ ၂ဝ၁၅- ၂ဝ၁၆ ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို ဒီနေ့ကျင်းပတဲ့ တိုင်းလွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦးက ဆွေးနွေးခဲ့ကြပါတယ်။
2017-04-26
ဧရာဝတီတိုင်းဒေသကြီး မအူပင် ခရိုင် ညောင်တုန်းမြို့နယ်မှာ ငါးမွေးဖို့အတွက် ကန်ဘောင်တွေ လုပ်ကိုင်နေတာကို ဒေသခံတွေ ကန့်ကွက်နေတဲ့အတွက် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီဌာနရုံးက စစ်ဆေး မှုတွေ ဆောင်ရွက်မယ်လို့ ပြောပါတယ်။
2017-04-26
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့က ဒေသခံ ကမန်တိုင်ရင်းသားတွေဟာ ဘိုးဘွားပိုင် မူလပိုင်မြေနေရာမှာ ပြန်လည်နေထိုင်ခွင့်ရရှိရေးနဲ့ ကမန် တိုင်းရင်းသားတွေကို ရန်ကုန်မြို့မှာ နေထိုင်နိုင်အောင် အစိုးရအနေနဲ့ စီစဉ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
2017-04-26
မြန်မာနိုင်ငံ မှုခင်းသတင်းထောက်များ အသင်းက အဖွဲ့ဝင်သတင်းထောက်တွေ အနေနဲ့ ငွေကြေးရယူပြီး သတင်းရေးသားမှု နဲ့ သတင်းထိန်ချန်မှုတွေ ရှိနေတယ်ဆိုတဲ့ တိုင်ကြားစာတွေ ရှိလာတာကြောင့် စိစစ်အရေးယူပေးဖို့ သတင်းမီဒီ ယာကောင်စီက နိုင်ငံတော်သမ္မတရုံးနဲ့ ပြည်ထဲရေဝန်ကြီး ဌာနထံ မနေ့က ရက်စွဲနဲ့ အကြောင်းကြားစာ ပေးပို့လိုက် ပါတယ်။
2017-04-26
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီး မြို့နယ်က စံပယ်တောင်နဲ့ ကြေး စင်တောင် ကြေးနီသတ္တုစီမံကိန်းအတွက် သိမ်းဆည်း ခံထားရတဲ့ လယ်ယာမြေ ၂၃၀၀ ကျော် အတွက် လျော်ကြေးပေးဖို့ ဒေသခံတောင် သူတွေက စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးကို သွားရောက်ဆန္ဒပြခဲ့ကြ ပါတယ်။
2017-04-26
စစ်ကိုင်းပညာရေးကောလိပ်မှာ ကျင့်သုံးနေတဲ့ ကျောင်းအုပ်ချုပ်မှုစနစ်ကို ကန့်ကွက်ကြောင်း မန္တလေးမြို့ အဆင့်မြင့် ပညာဦးစီးဌာ(အထက်မြန်မာပြည်) ရုံးရှေ့မှာ ဒီကနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်အဖွဲ့ဝင် ကျောင်းသား ၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
2017-04-25
ဧပြီလ ၂၅ ရက်နေ့ထုတ် တရုတ်အစိုးရအာဘော် Global Times သတင်းစာမှာ မြန်မာပြည် ရဲ့ ပြုပြင်ပြောင်းလဲရေးအတွက် တရုတ်ပြည်ရဲ့အကူ အညီ အထူးအရေးကြီးကြောင်း ရေးသားထားပါ တယ်။
2017-04-25
အရင် မကွေးတိုင်းအစိုးရလက်ထက်က လက်ယက်ရေနံတွင်းတွေကနေ ကောက်ခံထားတဲ့ ရန်ပုံငွေ ပျောက်ဆုံးနေတာနဲ့ပတ်သက်လို့ ပြည်ထောင်စု အစိုးရရဲ့ စစ်ဆေးပေါ်ပေါက်ချက်အရ ဆက်ပြီးအရေးယူ ဆောင်ရွက်သွားဖို့ တိုင်းအစိုးရကို ပြန်လည်လွှဲအပ်ထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးဒီကနေ့ ဧပြီလ ၂၅ ရက် နေ့မှာ မကွေးတိုင်းအစိုးရအဖွဲ့က သတင်းမီဒီယာတွေကို ရှင်းလင်းခဲ့ပါတယ်။
2017-04-25
နိုင်ငံခြားကုမ္ပဏီတွေနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ အထည်ချုပ်လုပ်ငန်းတွေမှာ အမျိုးသမီးအလုပ်သမား တွေအပေါ် ရုပ်ပိုင်းဆိုင်ရာ၊ နှုတ်ပိုင်းဆိုင်ရာ အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်တဲ့ သုတေသနစာတမ်းနဲ့ ရုပ်သံမှတ်တမ်းကို မြန်မာအမျိုးသမီးသမဂ္ဂက လေးလကြာ စုဆောင်းပြုစုခဲ့ပါတယ်။
2017-04-25
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ စစ်မှုထမ်းဟောင်းတွေအတွက် အိမ်ရာဆောက်လုပ်ဖို့ဆိုပြီး စက်ရုံစု ရပ်ကွက်မှာရှိတဲ့ ကျူးကျော်တဲအိမ်အလုံး ၂ ရာကျော်ကို အစိုးရက ဖယ်ရှားနေပါတယ်။
2017-04-25
ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်မှာ စစ်အစိုးရ လက်ထက်ကတည်းက ကော်ဖီစီမံကိန်းအတွက် ဆိုပြီး သိမ်းဆည်းခံခဲ့ရတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့အတွက် နောင်ချိုမြို့နယ်၊ ခိုအုံကျေးရွာအုပ်စု ယင်းငူပင်ကျေးရွာက တောင်သူတွေက ဧပြီလ ၂၄ ရက်နေ့က စပြီး သပိတ်စခန်းဖွင့် တောင်းဆိုနေကြ ပါတယ်။
2017-04-25
ကာတွန်းဟာ မြန်မာ့လူမှုရေး၊ နိုင်ငံရေးနယ်မှာ အပြောင်းအလဲတွေဖြစ်ပေါ်စေသည်အထိ ထိရောက်ခဲ့တဲ့ အနုပညာဖြစ်ပါတယ်။
2017-04-25
တနင်္သာရီတိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက သာမန်အရပ်သားတစ်ယောက်ကို ကိုယ်ထိ လက်ရောက်ရိုက်လိုက်တဲ့ဖြစ်ရပ်နဲ့ပတ်သက်လို့ ပြည်သူတွေကြားမှာ ဝေဖန်စရာတွေဖြစ်ခဲ့ပါတယ်။
2017-04-25
ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိ ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး ကော့မှူး၊ လှိုင်သာယာ နဲ့ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်က ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်သုံးဦးကို ကြံခိုင်ဖွံ့ဖြိုးရေး ပါတီကနေ ရွေးကောက်ပွဲဝင်ခဲ့တဲ့ ကိုယ်စားလှယ် ၃ ဦးက တရားမဲ့ပြုကျင့်မှုနဲ့ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ထံ ကန့်ကွက်လွှာ တင်သွင်းထားပါ တယ်။