ညောင်တုန်းမြို့နယ်က ငါးကန်တွေကို စစ်ဆေးမည်


2017.04.26
fish-ponds-620.jpg ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ညောင်တုန်းမြို့နယ်မှာ ငါးမွေးဖို့အတွက် ကန်ဘောင်တွေ တူးဖော်နေစဉ်
Photo: ကိုသန်းဝင်း

ဧရာဝတီတိုင်းဒေသကြီး မအူပင် ခရိုင် ညောင်တုန်းမြို့နယ်မှာ ငါးမွေးဖို့အတွက် ကန်ဘောင်တွေ လုပ်ကိုင်နေတာကို ဒေသခံတွေ ကန့်ကွက်နေတဲ့အတွက် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီဌာနရုံးက စစ်ဆေးမှုတွေ ဆောင်ရွက်မယ် လို့ ပြောပါတယ်။

ဒီနေ့ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီဌာနရုံးမှာ ကန့်ကွက်နေတဲ့ ဒေသခံတွေနဲ့ ငါးကန်လုပ်ငန်းရှင်တို့ တွေ့ဆုံ ညှိနှိုင်းခဲ့ပြီး ဒီလ ၃၀ ရက်နေမှာ အဲဒီနေရာတွေကို ခရိုင်မှူးနဲ့ အဖွဲ့က သွားရောက်စစ်ဆေးမယ်လို့ ပြောကြောင်း ဒီနေ့ ညှိနှိုင်းရာမှာ ပါဝင်တဲ့ အကယ်ချောင်းကျေးရွာက ဦးမောင်ဟုတ်က ပြောပါတယ်။

"သူတို့ကနေပြီးတော့ အင်းအမှတ် ငါးကြီးဆည် ၁၄၄၊ ကြုံသိက ၁၄၀၊ ကြုံဖတ်က ၁၄၁ ကန်တွေပတ်လည် ပိတ်လိုက်တော့ ကျနော်တို့ ဆောင်းစပါးအတွက် စိုက်ပျိုးနေတဲ့နေရာမှာ လယ်မြေဧက သုံးသောင်းကျော်လောက် ရေအထောက်အကူ ထိခိုက်နိုင်တယ်။ ရေလုပ်သားတွေက ဒီကန်တွေက ငါးရှာဖွေစားလို့မရလို့ ဒီကန်တွေကို ဖျက်ပေးပါ။ စိုက်ပျိုးရေးမှာလည်း အခက်အခဲရှိပါတယ်။ ကျနော်တို့ တောင်းဆိုတော့ အဲဒါ ခရိုင်မှူကနေပြီးတော့ ကန်ပတ်တဲ့နေရာမှာ အင်းတွေပါတာကို ၃၀ ရက်နေ့ ကွင်းဆင်းမယ်လို့ ပြောပါတယ်"

သဘာဝအင်းတွေကို လွန်ခဲ့တဲ့ ၁၉၉၈ နှစ်ကစပြီး Asia Make ကုမ္ပဏီကနေ ဗဟိုမြေလွတ်မြေရိုင်းဌာနမှာ မြေလွတ်မြေရိုင်း လုပ်ကိုင်ခွင့်လျောက်ထားခဲ့တာဖြစ်ပါတယ်။

အင်းတွေမှာ ဘာမှလုပ်ကိုင်တာမရှိတဲ့အတွက် ပြီးခဲ့တဲ့ ၂၀၁၆ ကစပြီး ကြိမ်ပင်ဆည်ရွာက လုပ်ငန်းရှင်တစ်ဦးက ငါးမွေးမြူရေလုပ်ငန်းတွေ လုပ်ကိုင်ဖို့ အင်းတွေကို မြေတူးစက်တွေနဲ့ ကန်ဘောင်တွေလုပ်နေတာ ဖြစ်ပါတယ်။

အခုချိန်မှာ ဒေသခံတွေနဲ့ လုပ်ငန်းရှင်အကြား အငြင်းပွားမှုတွေရှိနေတာကြောင့် တိုင်းအစိုးကနေ လုပ်ငန်းရှင် ဆက်လက်မလုပ်ကိုင်ဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ညောင်တုန်းမြို့နယ် ဆင်းတုံးအုပ်စု ကြိမ်ပင်ဆည်ကျေးရွာက ဘလင်းငူ၊ အင်းဂရမ်တွေမှာ ကန်ဘောင် ပတ်တာတွေ ရှိနေတယ်လို့ သိရပါတယ်။

ညောင်တုန်း၊ ဓနုဖြူ နဲ့ ပန်းတနော်မြို့နယ် ကျေးရွာပေါင်း ၆ အုပ်စုက ဒေသခံတောင်သူတွေအနေနဲ့ လယ်ဧက ၃ သောင်းကျော်အတွက် ဆောင်းစပါးစိုက်ပျိုရာ အဲဒီအင်းမှာရှိတဲ့ ရေကိုအသုံးပြုနေရတာဖြစ်ပြီး မိုရာသီဆိုရင် ဒေသခံတွေက စားဝတ်နေရေးအတွက် ငါးရှာပြီး အသက်မွေးဝမ်းကျောင်းပြုနေရတဲ့ အင်းတွေဖြစ်တယ်လို့လည်း

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။