အမျိုးသမီးအခွင့်အရေးချိုးဖောက်မှု
2017.04.25
နိုင်ငံခြားကုမ္ပဏီတွေနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ အထည်ချုပ်လုပ်ငန်းတွေမှာ အမျိုးသမီးအလုပ်သမား တွေအပေါ် ရုပ်ပိုင်းဆိုင်ရာ၊ နှုတ်ပိုင်းဆိုင်ရာ အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်တဲ့ သုတေသနစာတမ်းနဲ့ ရုပ်သံမှတ်တမ်းကို မြန်မာအမျိုးသမီးသမဂ္ဂက လေးလကြာ စုဆောင်းပြုစုခဲ့ပါတယ်။ အဲဒီသုတေသန တွေ့ရှိချက်တွေနဲ့ ရုပ်သံမှတ်တမ်းကို အစိုးရ တာဝန်ရှိသူတွေဆီရောက်အောင် လုပ်ဆောင်သွားမယ်လို့ မြန်မာ အမျိုးသမီးသမဂ္ဂရဲ့ သုတေသနအဖွဲ့ဝင် မအိမွန်ဖြိုးက ပြောပါတယ်။
မအိမွန်ဖြိုးကို RFA သတင်းထောက် ကိုသန့်ဇင်ဦးက တွေ့ဆုံမေးမြန်းထားပါတယ်။