သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-02-25
လယ်ယာမြေတွေ သိမ်းဆည်းခံထာားရတဲ့ ကိစ္စတွေကို အမြန်ဖြေရှင်းပေးဖို့နဲ့ တောင်သူတွေအပေါ် တရားစွဲဆိုထားတာတွေကို ပြန်ရုတ်သိမ်းပေးဖို့အတွက် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်က လယ်သိမ်းခံတောင်သူ ၁၀၀၀ ကျော်စုပေါင်းပြီး မန္တလေးတောင်ခြေမှာ ဒီကနေ့ ဆန္ဒထုတ်ဖော် တောင်းဆို ခဲ့ကြပါတယ်။
2017-02-25
၂၁ ရာစု ပင်လုံညီလာခံအကြို အရပ်ဘက်အဖွဲ့အစည်းများဖိုရမ်ကို နေပြည်တော်က မြန်မာ-အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်း-၂ မှာ ကျင်းပခဲ့ပါတယ်။ ဒီအစည်းအဝေးဟာ ဗဟိုချုပ်ကိုင်မှု များလို့ဆိုပြီး ကယား အရပ်ဘက်အဖွဲ့အစည်းတွေ မတက်ရောက်ခဲ့ပါဘူး။
2017-02-25
ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့မှာရှိတဲ့ အင်းလေးကန်ကို ပြုပြင်ထိန်းသိမ်းဖို့ ငါးနှစ်စီမံကိန်းအဖြစ် နော်ဝေနိုင်ငံက ယူရို ၃၄ သန်း အကုန်အကျခံပြီး ကူညီသွားမယ်လို့ သိရပါတယ်။ အရင်အစိုးရလက်ထက်က ပညာရှင်တွေ ပြုပြင်ထိန်းသိမ်းရာမှာ မှားယွင်းမှုတွေရှိခဲ့တယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။
2017-02-25
ရှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ်ကနေ ပဲခူးမြို့ကို သွားရောက် အလုပ်လုပ်ကိုင်တဲ့ ပလောင် တိုင်းရင်းသား ၇ ယောက်ဟာ လုပ်ခလစာ မရတဲ့အတွက် အလုပ်ကထွက်ပြီး နေရပ်ကို လမ်းလျှောက် ပြန်လာခဲ့ကြရာမှာ လမ်းတလျှောက်က ဒေသခံတွေနဲ့ မြန်မာလူမှုဘဝ တိုးတက်မြင့်မားရေး အသင်းက နေရပ်အရောက် ကူညီပေးခဲ့ကြပါတယ်။
2017-02-25
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဓမ္မကာယ ဘုန်းကြီးကျောင်းကို ထိုင်းအစိုးရက အကြမ်းဖက်တာတွေ ဆက်ပြီးမလုပ်ဖို့အတွက် မြန်မာသံဃာတော်တွေနဲ့ မျိုးချစ်အဖွဲ့တွေက ဒီကနေ့ ရန်ကုန်မြို့က ထိုင်းသံရုံးရှေ့မှာ ချီတက်ဆန္ဒပြ ခဲ့ကြပါတယ်။
2017-02-25
သတင်းသမားများ ဘေးကင်းလုံခြုံရေး အတွက် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် Antonio Guterres က ကြိုးပမ်းသွား မှာဖြစ်တယ်လို့ မနေ့က ထုတ်ဖေါ်ပြောဆိုပါတယ်။
2017-02-24
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ လာမယ့် (၃၄) ကြိမ်မြောက် ညီလာခံမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး အချက် ၄ ချက်ပါဝင်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ပြဌာန်းဖို့ HRW လူ့အခွင့်အရေးစောင့် ကြည့်ရေးအဖွဲ့က သောကြာနေ့ မနေ့က တိုက်တွန်းလိုက် ပါတယ်။
2017-02-24
ကလေးစာပေရှိခြင်းဟာ ကလေးတွေအတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ စူးစမ်းလေ့လာမှုနဲ့ တီထွင်ဖန်တီးမှုကို ရရှိစေပါတယ်။ ကလေးစာပေ ရဲ့အကျိုးနဲ့ ဒီကနေ့ခေတ်မှာ ကလေးစာပေ တိမ်ကောလာရခြင်းရဲ့အကျိုးဆက်တွေကို မခက်မာ ဆက်လက်တင်ပြပါလိမ့်မယ်။
2017-02-24
ထိုင်းနိုင်ငံ ဘန်ကောက်မြို့လူဦးရေနဲ့ မတိမ်းမယိမ်းဖြစ်လာနေတဲ့ မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ဘတ်စ်ကားလိုင်းစနစ်စီမံခန့်ခွဲမှု မတူတာကိုနှိုင်းယှဉ်ပြီး RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။
2017-02-24
ဇန်နဝါရီ ၁၆ ရက်နေ့က စတင်ခဲ့တဲ့ အများပိုင်ယာဉ်လိုင်းစနစ် YBS နဲ့ပတ်သက်ပြီး ယာဉ်ပိုင်ရှင်တွေနဲ့ ယာဉ်မောင်းတွေ ကြုံနေရတဲ့ နောက်ဆုံးအခြေအနေတွေကို RFA အဖွဲ့သူ မခင်ခင်အိက စုစည်းတင်ပြထားပါတယ်။
2017-02-24
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီး မြို့နယ်က လက်ပံတောင်းကြေးနီစီမံကိန်း လုပ်ကိုင်နေတဲ့ ဝမ်ပေါင်ကုမ္ပဏီက ကြေးနီသယ်တဲ့ကားတွေ ကို လမ်းပိတ်ဆို့ တားမြစ်ခဲ့တဲ့ ဒေသခံ ၂၅ ယောက်ကို ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ အပါအဝင် ပုဒ်မ ၃ ခုနဲ့ ဆားလင်း ကြီးမြို့မရဲစခန်းက တရားလိုလုပ် အမှုဖွင့်လိုက်တယ်လို့ သိရပါတယ်။
2017-02-24
နိုင်ငံခြားသားတွေပါဝင်နေတဲ့ မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းကို ငွေကျပ် သန်းပေါင်းလေးသောင်းကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖော်ထုတ်ဖမ်းဆီးရမိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ဒီနေ့ သတင်းထုတ်ပြန်လိုက် ပါတယ်။
2017-02-24
တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို ရန်ကုန်လေဆိပ်မှာလုပ်ကြံသူကို ဖမ်းဆီးပေးခဲ့တဲ့ အငှားယာဉ် မောင်း ဦးနေဝင်း(ခ)ဦးဝင်းလွင်ကို ဇန်နဝါရီလအတွက် ချီးကျူး ဂုဏ်ပြုထိုက်သူအဖြစ် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ထိုးကာ ရွေးချယ် လိုက်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက ထုတ်ပြန် ပါတယ်။
2017-02-24
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကိုလက်မှတ်ထိုးဖို့ ငြင်းပယ်လိုက်ပြီး အစိုးရနဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးဖို့ UWSP "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ ခေါင်းဆောင် တဲ့ နိုင် ငံရေးဆွေးနွေးမှုကော်မတီ တစ်ရပ်ကိုဖွဲ့စည်းလိုက် တယ်လို့ တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့က ဒီနေ့ ပန်ခမ်းဆွေးနွေးပွဲ နောက်ဆုံးနေ့မှာ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။
2017-02-24
ရှမ်းတိုင်းရင်းသားတွေရဲ့ အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲကို တောင်ကြီး ဒါမှမဟုတ် ပင်လုံမြို့မှာ ကျင်းပခွင့်ပြုဖို့အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က မနေ့ကရက်စွဲနဲ့ စာပေးပို့ တောင်းဆိုလိုက် ပါတယ်။