ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့မှာရှိတဲ့ အင်းလေးကန်ကို ပြုပြင်ထိန်းသိမ်းဖို့ ငါးနှစ်စီမံကိန်းအဖြစ် နော်ဝေနိုင်ငံက ယူရို ၃၄ သန်း အကုန်အကျခံပြီး ကူညီသွားမယ်လို့ သိရပါတယ်။ အရင်အစိုးရလက်ထက်က ပညာရှင်တွေ ပြုပြင်ထိန်းသိမ်းရာမှာ မှားယွင်းမှုတွေရှိခဲ့တယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။ RFA သတင်းထောက် ကိုထက်အာကာက တင်ပြထားပါတယ်။