သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-11-24
ဒီကနေ့မနက်က မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်အနီးမှာ ပစ်ခတ် မှုတွေ ဖြစ်ပွားခဲ့သလို ကွတ်ခိုင်-မူဆယ် လမ်းပိုင်းတလျှောက်မှာလည်း ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။မူဆယ်မြိုု့ပေါ်မှာတော့ ဒီကနေ့ညနေပိုင်းအထိ အခြေအနေတွေ ပုံမှန်ပဲရှိနေပါတယ်။
2016-11-24
(၉၆) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ရန်ကုန်မြို့ အန်အယ်လ်ဒီရုံးချုပ်မှာ ကျင်းပခဲ့ပါတယ်။ အန်အယ်လ်ဒီ နာယက သူရဦးတင်ဦး နဲ့ နိုင်ငံရေးအသိုင်းအဝိုင်းက လူပုဂ္ဂိုလ်တွေက အမျိုးသားအောင်ပွဲနေ့ အကြောင်း ပြောကြားခဲ့ပါတယ်။
2016-11-24
ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံထဲကို တိမ်းရှောင်လာတဲ့ မူဆယ်မြို့ မိဘမဲ့ကျောင်းတကျောင်းက ကလေးတွေကို တရုတ်နိုင်ငံရောက် မြန်မာတွေက အကူအညီပေးခဲ့ကြပါတယ်။
2016-11-24
ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်စဲဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မစွမ်းဆောင်နိုင်ဘူးလို့ မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုမှာပါတဲ့ TNLA အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးကြီး တာဖုန်းကျော်က ဝေဖန်ပြောဆိုလိုက်ပါတယ်။
2016-11-24
တရုတ်-မြန်မာ၊ နှစ်နိုင်ငံ နိုင်ငံခြားရေးနဲ့ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဆင့် တာဝန်ရှိသူတွေဟာ မနက်ဖြန် နေပြည်တော်မှာ တွေ့ဆုံပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကိစ္စတွေကို ဆွေးနွေးကြမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက ပြောပါတယ်။
2016-11-24
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဦးဝင်းထိန်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရနဲ့ တပ်မတော်အကြား ဆက်ဆံရေး ကောင်း မွန်နေကြောင်း၊ မိမိတို့ အစိုးရဟာ အခက်အခဲတွေ ရင်ဆိုင်နေရပေမယ့် ရည်မှန်းချက်တွေ အောင်မြင်ဖို့ အစွမ်းရှိသမျှဆက်လက်ကြိုးစားနေကြောင်း၊ ရန်ကုန်တိုင်းအစိုးရနဲ့ အလဲဗင်းမီဒီယာအကြား လက်ရှိဖြစ်ပွားနေတဲ့ အမှုကိုတော့ တရားဥပဒေ အတိုင်း ဆက်လက်ဆောင်ရွက်မှာဖြစ်ကြောင်းနဲ့ ပုဒ်မ ၆၆ ဃ မှာ အာမခံပေးနိုင်တဲ့ အချက်ကို ထည့်သွင်းသင့်တယ်လို့ ယူဆကြောင်း စသဖြင့် RFA ကို ပြောကြားလိုက်ပါတယ်။
2016-11-24
တရုတ်-မြန်မာ နှစ်နိုင်ငံက နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီးအဆင့် တာဝန်ရှိသူတွေဟာ မနက်ဖြန် နေပြည်တော်က နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံသွားပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး ကိစ္စတွေကို ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက ပြောပါတယ်။
2016-11-24
ဒီဇင်ဘာလ ၁ ရက်နေ့မှာ စင်္ကာပူနိုင်ငံမှာ ပြုလုပ်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ စင်ကာပူရောက်မြန်မာတွေ တွေ့ဆုံပွဲအတွက် စာရင်းပေးသွင်းသူတွေကို မှတ်ပုံတင်ကြေးအဖြစ် စင်္ကာပူဒေါ်လာ ၁၅ ဒေါ်လာစီ ကောက်ခံထားပါတယ်။
2016-11-24
ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကို ရပ်စဲဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မစွမ်းဆောင်နိုင်ကြောင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့က PSLF/TNLA ရဲ့ အတွင်းရေးမှူး ဗိုလ်မှူးကြီး တာဖုန်းကျော်က ဝေဖန်ပြောဆိုလိုက်ပါတယ်။
2016-11-24
လက်ရှိအစိုးရလက်ထက်မှာ ဥပဒေနဲ့မညီဘဲ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးသူတွေအပါအဝင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ဝန်ထမ်း အယောက် ၄၀ ကျော်ကို ဝန်ထမ်းစည်းကမ်း ဖောက်ဖျက်မှုနဲ့ အရေးယူဆောင်ရွက်ထားပါတယ်။
2016-11-24
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar မြို့မှာ ရှိတဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အကြီးအကဲ John McKissick က မြန်မာ အာဏာပိုင်တွေဟာ ရိုဟင်ဂျာမွတ်စလင်တွေကို လုံးဝ ပပျောက်သွားအောင် လုပ်ဆောင်နေတယ်လို့ ပြော ဆိုကြောင်း မနေ့ကရတဲ့ အေအက်ဖ်ပီ သတင်းမှာဖေါ်ပြထား ပါတယ်။
2016-11-24
ရှမ်းပြည်နယ် မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ကန့်သတ်စစ် ဆိုတာကို လက်မခံနိုင်ကြောင်းနဲ့ နိုင်ငံရေး နည်းလမ်းနဲ့ ဆွေးနွေးအဖြေရှာဖို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းထားကြောင်း ဦးတင်ဦးက ပြောပါတယ်။
2016-11-24
နိုဝင်ဘာလ ၂၅ ရက်နေ့ မနက်ဖြန် မှာ နေပြည်တော်က နိုင်ငံခြားရေးဝန်ကြီး ဌာနမှာ တရုတ်-မြန်မာ နှစ်နိုင်ငံက တာဝန်ရှိသူတွေ တွေ့ဆုံ ပြီး နယ်စပ်အရေးကိစ္စတွေကို ဆွေးနွေးသွားမှာဖြစ်တယ် လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျ က ပြောပါတယ်။
2016-11-24
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အစိုးရ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့တွေကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ပြီး နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ ဝပြည်သွေးစည်း ညီညွှတ်ရေးတပ်မတော် UWSA က ဒီနေ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2016-11-24
ရှမ်းပြည်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင်မှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရတပ်မတော်တို့ ဒီကနေ့ မနက်ပိုင်းက တိုက်ပွဲထပ် မံဖြစ်ပွားခဲ့ပါတယ်။