အစိုးရ၊ တပ်မတော်၊ အလဲဗင်းမီဒီယာနဲ့ ၆၆ ဃ အပေါ် ဦးဝင်းထိန် ဝေဖန်ပြောကြား
2016.11.24
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဦးဝင်းထိန်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရနဲ့ တပ်မတော်အကြား ဆက်ဆံရေး ကောင်းမွန်နေကြောင်း၊ မိမိတို့ အစိုးရဟာ အခက်အခဲတွေရင်ဆိုင်နေရပေမယ့် ရည်မှန်းချက်တွေ အောင်မြင်ဖို့ အစွမ်းရှိသမျှဆက်လက်ကြိုးစားနေကြောင်း၊ ရန်ကုန်တိုင်းအစိုးရနဲ့ အလဲဗင်းမီဒီယာအကြား လက်ရှိဖြစ်ပွားနေတဲ့ အမှုကိုတော့ တရားဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်မှာဖြစ်ကြောင်းနဲ့ ပုဒ်မ ၆၆ ဃ မှာ အာမခံပေးနိုင်တဲ့ အချက်ကိုထည့်သွင်းသင့်တယ်လို့ ယူဆကြောင်း စသဖြင့် RFA ကို ပြောကြားလိုက်ပါတယ်။ ဦးဝင်းထိန်နဲ့ RFA အဖွဲ့သား ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားတာကို နားဆင်ပါ။