သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-11-26
အစိုးရတပ်မတော်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တို့ကြားဖြစ်နေတဲ့ တိုက်ပွဲတွေကို လျှော့ ချရပ်ဆိုင်းသွားဖို့အတွက် အစိုးရနဲ့ SSPP အဖွဲ့တို့ ပဏာမသဘောတူညီချက်ထဲမှာပါရှိပြီး SSPP ဘက်က ဗဟိုကော်မတီမှာ တင်ပြပြီး အစိုးရထံ အကြောင်းပြန်မယ်လို့ သိရပါတယ်။
2015-11-26
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဓါတ်ပုံကို မဖွယ်မရာပြုပြင်ပြီး လူမှုကွန်ရက် စာမျက်နှာမှာ ဖြန့်ဝေခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်က ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းထွန်းကို အာမခံပေးထားရာကနေ နိုဝင်ဘာလ ၂၅ ရက် မနေ့က ဖမ်းဆီးလိုက်ပါတယ်။
2015-11-26
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် တက္ကသိုလ် ရိပ်သာလမ်းက တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး ကျော်နုမော်ရဲ့ နေအိမ်မှာ ကလေးငယ်ကို လက်ပြန်ကြိုးတုပ်ပြီး နှိပ်စက်နေ တာကို ဓာတ်ပုံရိုက်ပြီး ဖေ့ဘွတ်စ်စာမျက်နှာမှာ တင်ခဲ့တဲ့ ကိုစည်သူကို ဒီနေ့ ဗဟန်းမြို့နယ် ရဲစခန်းက ခေါ်ယူမေးမြန်းခဲ့ပါတယ်။
2015-11-26
သတင်းမီဒီယာတွေရဲ့ အင်တာနက်ဝက်ဘ်ဆိုဒ် စာမျက်နှာတွေကို ရွေးကောက်ပွဲမတိုင်ခင် ကာလတွေမှာ တိုက်ခိုက်ခဲ့တာတွေ များတယ်လို့ သိရပါတယ်။ Hackers လို့ အင်္ဂလိပ်ခေါ်တဲ့ တိုက်ခိုက်သူတွေဟာ သတင်းမီဒီယာတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်နေတဲ့ အဖွဲ့တွေရဲ့ ဝက်ဘ်ဆိုက်တွေကို တိုက်ခိုက်တာများခဲ့တယ်လို့လည်း ပြောကြပါတယ်။
2015-11-26
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အဆင့်မြင့်ပညာရေး ဥပဒေရေးဆွဲရေးအဖွဲ့တို့ဟာ အဆင့်မြင့်ပညာရေးဥပဒေ ရေးဆွဲနိုင်ရေးအတွက် နိုဝင်ဘာ ၂၄ ရက်နေ့က နေပြည်တော် လွှတ်တော်ဝင်းမှာရှိတဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဆောင်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2015-11-26
ရန်ကုန်မြို့ ဗဟန်းမြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဒေါက်တာညိုညိုသင်းက သူ့ကို မမှန်မကန်စွပ်စွဲရေးသားပြီး လက်ကမ်းစာစောင် ဖြန့်ဝေခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဗဟန်းမြို့နယ်မှာ အနိုင်ရရှိခဲ့တဲ့ အန်အယ်လ်ဒီ ကိုယ်စားလှယ် ဦးထွန်းမြင့်နဲ့ တော်ဝင်နှင်းဆီပိုင်ရှင် ဦးစိုးညွန့်တို့ကို ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထားပါတယ်။
2015-11-26
ကချင်ပြည်နယ် ဖားကန့်မြို့ ဆွတ်အောင်ကျေးရွာအနီးက ကျောက်စိမ်းတူးဖော်တဲ့နေရာက မြေစာပုံ ပြိုကျခဲ့လို့ ရှာဖွေနေရာမှာ ဒီကနေ့ထူးခြားမှုမရှိတော့တဲ့အတွက် ရှာဖွေမှုတွေ ရပ်ဆိုင်းတော့မှာ ဖြစ်ပါတယ်။
2015-11-26
နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲမှာ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော် ကိုယ်စားလှယ် အများဆုံး အနိုင်ရရှိခဲ့ပြီးနောက်ပိုင်း အစိုးရ ဖွဲ့နိုင်တော့မှာ ဖြစ်ပါတယ်။
2015-11-26
ကျားခေါင်းပါတီလို့ ခေါ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က ကိုယ်စားလှယ်တွေကို ကနေဒါအခြေစိုက် အဖွဲ့တစ်ဖွဲ့က ဖက်ဒရယ် ပြည်ထောင်စုစနစ်နဲ့ ပတ်သက်ပြီး သင်တန်းတစ်ခု ပို့ချခဲ့ပါတယ်။
2015-11-26
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် မကွေးမြို့မှာ တကိုယ်တော်ဆန္ဒပြပွဲ တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
2015-11-26
တန်ဆောင်မုန်းလပြည့်နေ့မှာ မသိုးသင်္ကန်းကပ်ပွဲ... လို့ခေါ်တဲ့ ရွှေတိဂုံစေတီတော် မသိုးသင်္ကန်းကပ်လှူဖို့ သင်္ကန်းယက်ပွဲမှာ ယက်ကန်းစင် ၉ စင်က ညနေ ၅ နာရီကနေ ည ၉ နာရီအထိ အပြိုင်အဆိုင် ယက်လုပ်ကြမှာ ဖြစ်ပါတယ်။
2015-11-26
ပြီးခဲ့တဲ့ ရက်သတ္တပတ် လောက်စပြီး ရန်ကုန်မြို့မှာ ကြက်သွန်နီဈေးတွေ အဆမတန် ထိုးတက်သွားခဲ့ပါတယ်။ ကြက်သွန်နီဈေးတွေ တက်လာ တာကြောင့် တရုတ်နိုင်ငံကနေ တင်သွင်းပြီး ရောင်းချနေကြရတယ်လို့ သိရပါတယ်။
2015-11-26
ရခိုင်ပြည်နယ် ကျေးလက်ဒေသတွေက ဈေးသည်အများစုဟာ ရခိုင်ချိန်ခွင်လို့ခေါ်တဲ့ "သိုက်" ကို အလေးချိန်တိုင်းတာတဲ့ ပစ္စည်းအဖြစ် အသုံးပြုကြပါတယ်။
2015-11-25
အဆင့်မြင့်ပညာရေးဥပဒေတစ်ရပ် ရေးဆွဲ ရုံသာမကဘဲ အမျိုးသားပညာရေးဥပဒေ တစ်ရပ်လုံးကို ပြင်ဆင်နိုင်မှသာ မြန်မာနိုင်ငံရဲ့ပညာရေးကို ကုစားနိုင်မှာဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ရဲ့ ဥက္ကဌ ဒေါက်တာသက်နိုင်ဦးက ပြော ပါတယ်။
2015-11-25
NLD ပါတီအနေနဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မှာ အပြတ်အသတ် အနိုင်ရရှိခဲ့ပေမယ့် အရာရာကို သိမ်းကြုံးယူသွားမှာ မဟုတ်ဘဲ လက်တွဲနိုင်မယ့် သူတွေ၊ ပါသင့်ပါထိုက်သူတွေနဲ့ မျှဝေယူသွားမှာဖြစ်ကြောင်း ၊ အစိုးရအဖွဲ့ ဖွဲ့စည်းတဲ့အခါမှာ ပါတီဝင်မဟုတ်တဲ့ တိုင်းရင်း သားခေါင်းဆောင်တွေ နိုင်ငံကိုအကျိုးုပြုနိုင်မယ့်သူတွေလည်း ပါဝင်ဖွယ်ရာရှိတယ်လို့ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်ပါတယ်။