ဖားကန့်မြေစာပုံပြိုကျမှု ရှာဖွေရေး အဆုံးသတ်တော့မယ်


2015.11.26

ကချင်ပြည်နယ် ဖားကန့်မြို့ ဆွတ်အောင်ကျေးရွာအနီးက ကျောက်စိမ်းတူးဖော်တဲ့နေရာက မြေစာပုံ ပြိုကျခဲ့လို့ ရှာဖွေနေရာမှာ ဒီကနေ့ထူးခြားမှုမရှိတော့တဲ့အတွက် ရှာဖွေမှုတွေ ရပ်ဆိုင်းတော့မှာ ဖြစ်ပါတယ်။

လက်ရှိမြေစာပုံတွေနားမှာ ရေမဆေးကျောက်ရှာဖွေသူတွေ နေထိုင်နေတဲ့ တဲအလုံးပေါင်း ၇ဝ ကျော် က လူ ၃ဝဝ နီးပါးလောက်ကိုလည်း အန္တရာယ်မရှိနိုင်တဲ့နေရာတွေမှာ နေရာချထားပေးနေပြီလို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှုး ဦးတင်ဆွေမြင့်က ပြောပါတယ်။

ဦးတင်ဆွေမြင့်ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။