မသိုးသင်္ကန်းကပ်လှူပွဲ
2015.11.26
တန်ဆောင်မုန်းလပြည့်နေ့မှာ မသိုးသင်္ကန်းကပ်ပွဲ... လို့ခေါ်တဲ့ ရွှေတိဂုံစေတီတော် မသိုးသင်္ကန်းကပ်လှူဖို့ သင်္ကန်းယက်ပွဲမှာ ယက်ကန်းစင် ၉ စင်က ညနေ ၅ နာရီကနေ ည ၉ နာရီအထိ အပြိုင်အဆိုင် ယက်လုပ်ကြမှာ ဖြစ်ပါတယ်။ နေ့လည်ပိုင်းအထိ ယက္ကန်းစင်တွေရဲ့ ပြင်ဆင်မှုမြင်ကွင်းကို RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။