သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-10-27
လစာနဲ့ အဆောင်အယောင်တွေအပေါ် သာယာမနေဘဲ ပြည်သူတွေအတွက် အကောင်းဆုံး အလုပ်လုပ်ပေးကြဖို့ သမ္မတ ဦးဝင်းမြင့်က ဧရာဝတီတိုင်းအုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေး မဏ္ဍိုင်သုံးရပ် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာ သတိပေးလိုက်ပါတယ်။
2018-10-27
အဂတိလိုက်စားမှုဥပဒေနဲ့ အမှုရင်ဆိုင်နေရတဲ့ ရန်ကုန်တိုင်း ဥပဒေချုပ်ဟောင်း ဦးဟန်ထူး အပါအဝင် ၆ ဦးတို့ရဲ့အမှုနဲ့ ပတ်သက်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တင်သွင်းတဲ့ လာဘ်စားမှုတိုင်ကြားချက်ကို သက်သေအဖြစ် တရားသူကြီးက လက်ခံလိုက်ပါတယ်။
2018-10-27
ဒဂုံတက္ကသိုလ်မှာ တတိယနှစ် တက်ရောက်ပညာသင်ကြားဖို့ ခရီးသွားလာခွင့်မရတဲ့အတွက် အခက်အခဲဖြစ်ရတဲ့ ရခိုင်ပြည်နယ် သံတွဲမြို့က အစ္စလာမ်ဘာသာဝင် ကျောင်းသူ မအေးမြတ်ဖူးကို အာဏာပိုင်တွေက ခရီးသွားလာခွင့် ထုတ်ပေးလိုက်ပြီလို့ သိရပါတယ်။
2018-10-27
လားရှိုးမြို့နယ် မန်ပြိန်းကျေးရွာမှာ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ ရှမ်းပြည်တပ်မတော်တောင်ပိုင်း RCSS/SSA တပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံငါးရာလောက် ထွက်ပြေးခိုလှုံနေရပါတယ်။
2018-10-27
ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ အစိုးရအဖွဲ့က မြန်မာကျောင်းသားတွေအတွက် ခေတ်သစ်ပိုးလမ်းမ Belt and Road ဆိုင်ရာ ပညာသင်ဆုကို ချီးမြင့်သွားမယ်လို့ သိရပါတယ်။
2018-10-27
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ အသတ်ခံရတဲ့ မြန်မာအမျိုးသမီးသူနာပြု ဒေါ်ကြည်မာသိန်းရဲ့ အမှုနဲ့ပတ်သက်လို့ သံသယရှိသူ ၂ ဦးကို နယူးယောက်ရဲတပ်ဖွဲ့က ကြာသပတေးနေ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
2018-10-26
ရန်ကုန်မြို့ သုဝဏ္ဍအားကစားရုံမှာ ကျင်းပတဲ့ One Championship လက်ဝှေ့ပြိုင်ပွဲမှာ မြန်မာ့စပါးကြီးမြွေလို့ လူသိများတဲ့ ကချင်လူမျိုး အောင်လအန်ဆန်းဟာ လက်ဘနွန် လက်ဝှေ့သမား မိုဟာမက် Karaki ကို ပထမတချီမှာတင် အနိုင်ထိုးနိုင်ခဲ့ပါတယ်။
2018-10-26
Eleven Media က သတင်းသမားသုံးဦး အာမခံနဲ့ လွတ်လာပေမယ့် သူတို့ကိုစွဲဆိုထားတဲ့ အမှုကို ရုပ်သိမ်းပေးဖို့ RSF - နယ်စည်းမခြား သတင်းထောက်များအဖွဲ့က မနေ့က တိုက်တွန်းလိုက် ပါတယ်။
2018-10-26
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအနေနဲ့ ငွေကြေးရရှိနေတာမှန်ပေမယ့် သူတို့ကို ခေါင်းပုံဖြတ်နှိပ်စက်ခံနေရမှုတွေကနေ အကာအကွယ်ပေးဖို့ အများကြီးလိုအပ်သေးတယ်လို့ IOM ခေါ် ကုလသမဂ္ဂလက်အောက်ခံ နိုင်ငံတကာရွှွေ့ပြောင်းနေထိုင်သူများအဖွဲ့က အောက်တိုဘာ ၂၆ ရက်နေ့ မနေ့က ပြောကြားလိုက်ပါတယ်။
2018-10-26
အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေလိုက်ပါမယ့် ကိုယ်စားလှယ်အဖွဲ့တစ်ခု မြန်မာနိုင်ငံကို နိုဝင်ဘာလအတွင်း သွားရောက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာမွတ်စလင်တွေ နေရပ်ပြန်လည် အခြေချရေးအတွက် ကူညီပံ့ပိုးမယ့် အစီအစဉ်အပေါ် စိုးရိမ်ပူပန်မိတယ်လို့ (ASEAN Parliamentarians for Human Rights) လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော် အမတ်များအဖွဲ့က ဝေဖန်လိုက် ပါတယ်။
2018-10-26
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဟောင်း ဦးတင်မောင်ဆွေကို ဝေဖန်ပုတ်ခတ်မှုနဲ့ စစ်တွေမြို့ခံ ဦးအောင်သန်းဝေကို စစ်တွေမြို့နယ်တရားရုံးက ဒီနေ့ ထောင်ဒဏ်ခြောက်လ ချမှတ်လိုက်ပါတယ်။
2018-10-26
ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မိုင်းရင်(မုံးရင်) ကျေးရွာအုပ်စု အနီးပတ်ဝန်းကျင်မှာ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ပူးပေါင်းအဖွဲ့နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS တပ်တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံ ခုနှစ်ရာကျော် နမ္မတူမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာကြပါတယ်။
2018-10-26
နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆို ဖမ်းဆီးခံထားရတဲ့ အလဲဗင်းမီဒီယာက သတင်းသမား သုံးဦးဟာ အောက်တိုဘာလ ၂၆ ရက်နေ့က အာမ,ခံနဲ့ လွတ်မြောက်ခဲ့ပါတယ်။
2018-10-26
တပ်မတော်က ပြန်ပြီးစွန့်လွှတ်လိုက်တဲ့ လယ်ယာမြေတွေကို တိုင်းအစိုးရက တောင်သူတွေလက်ထဲ ပြန်ပြီးလွှဲပြောင်းပေးတဲ့အခါ မူလမြေကိုပြန်မပေးဘဲ အစားထိုးမြေနေရာပေးဖို့ ကြိုးစားတာကို မကျေနပ်တဲ့အကြောင်း မန္တလေးတိုင်း ကျောက်ဆည်ခရိုင်က ဒေသခံတောင်သူတွေက ပြောပါတယ်။
2018-10-26
ကချင်ပြည်နယ်က တိုင်းရင်းသူတွေနဲ့ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာ အမျိုးသမီးတွေ မတော်မတရား အဓမ္မပြုကျင့်ခံရတဲ့အကြောင်း ရိုက်ကူးထားတဲ့ “Mother, Daughter, Sister” (အမေ၊ သမီး၊ အစ်မ) ဆိုတဲ့ မှတ်တမ်းရုပ်ရှင်ကားကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာရှိတဲ့ George Washington တက္ကသိုလ် Elliott နိုင်ငံတကာရေးရာကျောင်းမှာ အောက်တိုဘာလ ၂၅ ရက်နေ့က ပြသခဲ့ပါတယ်။