အောင်လအန်ဆန်း ဒိုင်ပွဲရပ်နဲ့ အနိုင်ရ
2018.10.26

ရန်ကုန်မြို့ သုဝဏ္ဏ အားကစားရုံမှာ မနေ့ညက ကျင်းပတဲ့ One Championship လက်ဝှေ့ပြိုင်ပွဲမှာ မြန်မာ့ စပါးကြီးမြွေလို့တင်စားတဲ့ ကချင်လူမျိုး အောင်လအန်ဆန်းဟာ ပထမတချီမှာပဲ လက်ဘနွန် လက်ဝှေ့သမား မိုဟာမက် Karaki ကို အနိုင်ထိုးနိုင်လို့ မြန်မာပရိသတ် အားရကျေနပ်သွားကြပါတယ်။
မေးအောက်ကို နှစ်ချီထိုးပြီး ပြိုင်ဖက်လဲသွားချိန်မှာ အောင်လအန်ဆန်က ဆက်ထိုးနေခဲ့ပါတယ်။ ပြိုင်ဖက်က ပြန်ထလာနိုင်ပေမယ့် ဒုတိယအကြိမ်မှာ Karaki ကို မထတမ်း အလဲထိုးခဲ့ပြီးနောက် ဒိုင်ပွဲရပ်နဲ့ ပွဲစလို့ ၂ မိနစ် ၂၁ စက္ကန့်မှာ အနိုင်ရရှိသွားတာဖြစ်ပါတယ်။