ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး ဖိအားမပေးဖို့ အာဆီယံ အမတ်တွေ ပြောကြား


2018.10.26
rohingya-refugees-622.jpg ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ဒေသက ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်တချို့ကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့က တွေ့ရစဉ်
Photo: Ed JONES / AFP

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေလိုက်ပါမယ့် ကိုယ်စားလှယ်အဖွဲ့တစ်ခု မြန်မာနိုင်ငံကို နိုဝင်ဘာလအတွင်း သွားရောက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာမွတ်စလင်တွေ နေရပ်ပြန်လည် အခြေချရေးအတွက် ကူညီပံ့ပိုးမယ့် အစီအစဉ်အပေါ် စိုးရိမ်ပူပန်မိတယ်လို့ (ASEAN Parliamentarians for Human Rights) လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော် အမတ်များအဖွဲ့က ဝေဖန်လိုက်ပါတယ်။

APHR လို့ အတိုကောက်ခေါ်တဲ့ အဲဒီ အာဆီယံလွှတ်တော် အမတ်များအဖွဲ့က အောက်တိုဘာ ၂၅ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ကြေညာချက်မှာ မြန်မာနိုင်ငံကို ဝန်ကြီးတွေ အခုလိုသွားရောက်ဖို့ အချိန်မကျသေးဘူးလို့ ယူဆကြောင်း၊ အဲဒီ ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံမှာ အာဏာပိုင်တွေရဲ့ ဆယ်စုနှစ်များစွာ ဖိနှိပ်ချုပ်ချယ်မှု လူတန်းစားခွဲခြားဆက်ဆံ မှုနဲ့ အကြမ်းဖက်မှုတွေကို ခံစားခဲ့ကြရသူတွေဖြစ်ကြောင်းနဲ့ ဒီ ဒုက္ခသည်တွေ လုံခြုံစိတ်ချစွာနဲ့ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်ရေးအတွက် အခြေခံလိုအပ်ချက်တွေအများကြီး ရှိနေသေးကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ဆောင်ရွက်ရာမှာ ကာယကံရှင်ဖြစ်တွေနဲ့ တိုင်ပင်လုပ်ကိုင် ဖို့လည်း လိုအပ်ပါတယ်။ သူတို့ရဲ့ အနာဂတ်အတွက် ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ အဲဒီလူတွေရဲ့ ဆန္ဒသဘော ထားတွေကိုလည်း နေရာပေး စဉ်းစားသင့်ပါတယ်၊ သူတို့အတွက် သင့်တော်တဲ့ အကာအကွယ်တွေနဲ့ တခြား ခံစားခွင့်တွေ ရရှိဖို့လိုပါတယ် စသဖြင့် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များ အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။