သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-10-27
ဒီအပတ် တနင်္ဂနွေစကားဝိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်၊ ဦးရွှေမန်းရဲ့ သတင်းစာရှင်းပွဲနဲ့ ရခိုင်ပြည်နယ် တရားသူကြီးကို နုတ်ထွက်ခွင့်ပြုလိုက်တဲ့ အကြောင်းတွေကို ဆွေးနွေးတင်ပြထားပါတယ်။
2013-10-27
ကရင်အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ လူထုတွေ့ဆုံဆွေးနွေး ပွဲကို ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့က သောင်ရင်းခန်းမမှာ ကရင်အမျိုးသားစည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီက ဦးဆောင်ပြီး ဒီေနေ့ ပြုလုပ်ခဲ့ပါတယ်။
2013-10-26
ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်း မြို့နယ် အမှတ် ၆၇ ရပ်ကွက် က ဒေသခံတွေဟာ မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေးဦးစီဌာန က ပေးထားတဲ့ကတိအတိုင်း နေထိုင်စရာဆောင်ရွက်ပေးဖို့ ဒီနေ့မနက်ပိုင်းက မြို့တော်ခန်းမအနီးမှာ ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။
2013-10-26
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့မှာ ဝံလက်ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း ကစီစဉ်တဲ့ လူငယ်စွမ်းရည်မြှင့်သင်တန်းကို ရမ်းဗြဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးက ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်ထားတာကြောင့် သင်တန်း မလုပ်ဖို့ မနေ့ကခေါ်ယူတားမြစ ်ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။
2013-10-26
စစ်ကိုင်းတိုင်းဒေသကြီး၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသ ဝက်မှေး၊ ဇီးတော၊ ကန်တောနဲ့ ဆည်တဲရွာတွေနားမှာ စီမံကိန်း တာဝန်ရှိသူတွေက စိုက်ပျိုးမြေတွေမှာ ခြံစည်းရိုး ခတ်နေတဲ့အတွက် စိုက်ပျိုးထားတဲ့ သီးနှံတွေ ကို လျော်ကြေးပေးဖို့နဲ့ အလုပ်အကိုင် စီမံပေးဖို့ကိစ္စအပေါ် မနေ့ညနေက ဆွေးနွေးရာမှာ ပြေလည်မှုရခဲ့တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောပါတယ်။
2013-10-26
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell ဟာ ဒီနေ့ မနက်ပိုင်းက မြောက်ပိုင်း တိုင်းစစ်ဋ္ဌာနချုပ် မလိခရိပ်သာ မှာ မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင်နဲ့ တွေ့ဆုံပြီး ကချင်ဒေသ ငြိမ်းချမ်းရေး အခြေအနေတွေ ဆွေးနွေးခဲ့ပါတယ်။
2013-10-26
"မှတ်မှတ် သားသား စကားများ" ကိုကျော်မင်းထွန်း စီစဉ်တင်ဆက်ထားပါတယ်၊
2013-10-26
မန်မာစာပေလောကမှာ ရသစာပေဖွံ့ဖြိုးမှု ကျဆင်းနေသလို၊ ဒီနေ့ခေတ် လူငယ်တွေကြားမှာလည်း ရသစာပေ ဖတ်ရှုလေ့လာမှု အားနည်းနေပါတယ်။ ရသစာပေဟာ လူ့ယဉ်ကျေးမှုကို တွန်းအားပေးတဲ့ စာပေမျိုး ဖြစ်တာကြောင့် ရသစာပေ ပြန်လည်ဖွံ့ဖြိုးလာဖို့ အရေးကြီးတယ်လို့ စာရေးဆရာတွေက ပြောကြပါတယ်။ RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
2013-10-26
မန်မာနိုင်ငံမှာ ပြည်ပကနေ လာရောက်ရင်းနှီးမြုှပ်နှံသူတွေအနေနဲ့ ကြုံတွေရနိုင်တဲ့ အခက်အခဲတွေ အပါအဝင် လက်ရှိပြဋ္ဌာန်းထားတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေနဲ့ ပတ်သက်ပြီး မြန်မာ့နိုင်ငံရေး၊ စီးပွားရေး အခြေအနေကို သုတေသနပြု လေ့လာနေတဲ့ Thura Swiss ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ဒေါက်တာ အောင်သူရကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက တွေ့ဆုံမေးမြန်းထားပါတယ်။
2013-10-26
ကယားပြည်နယ် လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာက "ကုန်းသာ" ပရဟိတ ဘုန်းတော်ကြီးသင် မူလတန်းကျောင်းမှာ လွိုင်ကော်တက္ကသိုလ် ကျောင်းသားလူငယ်အဖွဲ့က ဒီနေ့ အလှူဒါန ပြုခဲ့ကြပါတယ်။ RFA သတင်းထောက် မဇင်မာဝင်းက တင်ပြထားပါတယ်။
2013-10-26
မြန်မာမှာ စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့ အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေ အကြားသာမက အရပ်ဖက် လူမှုအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးတယ်လို့ လူထုအခြေပြု အဖွဲ့အစည်းတွေက ဝေဖန်ထောက်ပြလိုက်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အရပ်ဖက် လူမှုအဖွဲ့အစည်းတွေရဲ့ သဘောထားတွေကိုသိရှိနိုင်ဖို့ ကျင်းပနေတဲ့ ငြိမ်းချမ်းရေးဖိုရမ် ဆွေးနွေးပွဲကနေ အခုလို သုံးသပ်ခဲ့ကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကို RFA အဖွဲ့သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။
2013-10-26
ကလေးသူငယ်တွေအပေါ် မုဒိန်းမှု ကျူးလွန်သူတွေကို သေဒဏ် (သို့မဟုတ်) ထောင်ဒဏ် တသက်တကျွန်း အပြစ်ပေးရေးအဆိုကို ရန်ကုန် သင်္ကန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှွန့်က ပြီးခဲ့တဲ့ရက်ပိုင်းက လွှတ်တော်မှာ တင်သွင်းခဲ့ရာမှာ အဆိုရှုံးနိမ့်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ သဘောထားအမြင်တွေကို RFA အဖွဲ့သား ကိုနေရိန်ကျော်က စုစည်းတင်ပြထားပါတယ်။
2013-10-26
ဥရောပခရီးလှည့်လည်နေတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်တော်ဝင် Sandhurst စစ်တက္ကသိုလ်မှာ မနေ့က မိန့်ခွန်းပြော ကြားပါတယ်။
2013-10-25
ပြည်ထောင်စုဝန်ကြီးဌာနတချို့ နိုင်ငံတော်ဘဏ္ဍာငွေ အသုံးစရိတ်တောင်းခံရာမှာ ငွေကြေးပမာဏ များလွန်းတာကြောင့် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနဲ့ မကိုက်ညီဘူးလို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ဒီနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။
2013-10-25
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့မှာ မနေ့က မတ်ကျန်းပြည်သူ့စစ်ဌာနေက တပ်ဖွဲ့ဝင်တစ်ဦး မောင်းနှင်လာတဲ့ ဆိုင်ကယ်နဲ့ ထော်လာဂျီတစ်စီး တိုက်မိကြပြီး ထော်လာ ဂျီမောင်းသမားကို မတ်ကျန်းတပ်ဖွဲ့ဝင် ၁၅ ဦး လောက်က ဝိုင်းရိုက်တာကြောင့် ဒေသခံပြည်သူတွေနဲ့ ရုန်းရင်းဆန် ခတ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။