သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-01-03
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်နဲ့ မူဆယ်မြို့နယ် ထဲက ကျေးရွာတွေမှာ ကချင်လွတ်မြောက်ရေး တပ်မတော် KIA က တပ်သားသစ်တွေအဖြစ် ရွာသားတွေကို အဓမ္မဖမ်းဆီးစုဆောင်းနေတဲ့အပေါ် ကန့်ကွက်ကြောင်းနဲ့ ဖမ်းဆီးထားသူတွေကို အမြန် လွတ်ပေးဖို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်က မနေ့က ကြေညာချက်ထုတ်ပြန် တောင်း ဆိုလိုက်ပါတယ်။
2016-01-03
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပစ်ရပ်ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့က ခေါင်းဆောင်တွေဟာ မနက်ဖြန် ရန်ကုန်မြို့ NLD ပါတီ ရုံးခန်းမှာ တွေ့ဆုံကြမှာဖြစ်ပါတယ်။
2016-01-03
မန္တလေးတိုင်း မေမြို့ခေါ် ပြင်ဦးလွင်မြို့ ညောင်နီကျေးရွာက မြေယာအမှုအခင်းနဲ့ ရင်ဆိုင်နေရတဲ့ တောင်သူလယ်သမားတွေဟာ ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ နဲ့ တရားရင်ဆိုင်နေရချိန်မှာ တရားရုံးက အမိန့်တစုံတရာ မချမှတ်ခင် ဒီဇင်ဘာလ ၃၁ ရက် နောက်ဆုံးထားဖယ်ရှားပေးဖို့ တပ်က အကြောင်းကြားတာခံရပြီး ခု နှစ်ဆန်း ၂ ရက်နေ့မှာ အကွက်တွေလာရိုက်တဲ့အတွက် အခြေအနေတင်းမာသွားရပါတယ်။
2016-01-03
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင် ခဲ့စဉ်က ပါဝင်ခဲ့ပြီး NLD လွတ်မြောက်နယ်မြေ ဥက္ကဌ အဖြစ်တာဝန်ယူခဲ့ဖူးတဲ့ စာရေးဆရာ အယ်ဒီတာဟောင်း ဦးဝင်းခက် ဟာ ဇန်နဝါရီလ ၃ ရက်နေ့က သြစတေးလျားနိုင်ငံ ဆဒ္ဒနီမြို့မှာ ကွယ်လွန်သွားခဲ့ပါတယ်။
2016-01-03
ရှမ်းပြည်နယ်တစ်ခုလုံးမှာ သိမ်းဆည်းခံ ထားရတဲ့ လယ်ယာမြေတွေ မူလပိုင် ရှင်တွေဆီ ပြန်ရောက်ဖို့အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် တောင်သူလယ်သမားရေးရာ ကော်မတီကို တင်ပြသွားမယ်လို့ တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်တွေက ပြောပါတယ်။
2016-01-03
၁၅ နှစ်မြောက် ကော်ယော် အမျိုးသားနေ့ ကို ကယားပြည်နယ်လွိုင်ကော်မြို့မှာ ရှိတဲ့ ဒေါဥခူရပ်ကွက်မှာ ဒီကနေ့ကျင်းပခဲ့ ပါတယ်။
2016-01-03
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှုးမြို့နယ် ထဲမှာ နယ်မြေ အေးချမ်းနေပြီဖြစ်လို့ စစ်ဘေးဒုက္ခသည်တွေ အနေနဲ့ မိမိ တို့နေရပ်ကိုပြန်ကြဖို့ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက ပြောကြားလိုက်ပါတယ်။
2016-01-03
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ အပစ်အခတ်ရပ်စဲရေး NCA စာချုပ် ချုပ်ဆို ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (၈) ဖွဲ့ က ခေါင်းဆောင်တွေဟာ ရန်ကုန်မြို့ NLD ပါတီ ရုံးခန်း မှာ မနက်ဖြန် တွေ့ဆုံကြမှာ ဖြစ်ပါတယ်။
2016-01-03
ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်နဲ့ မူဆယ်မြို့နယ်က ကျေးရွာတွေမှာ ကချင် လွတ်မြောက်ရေးတပ်မတော် KIA က ရွာ သားတွေကို တပ်သားသစ်အဖြစ် အဓမ္မ ဖမ်းဆီးထား တာတွေကို အမြန်ဆုံးပြန်လွတ်ပေးဖို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SLND က တောင်းဆိုလိုက်ပါတယ်။
2016-01-03
ကချင်ပြည်နယ် မြန်မာ-တရုတ် နယ်စပ် ကန်ပိုက်တီး ဖက်ကနေ ဖားကန့်ဒေသကို ကျောက်စိမ်း တူးဖော်တဲ့ စက်ယန္တရားကြီးတွေ အများအပြား တရားမဝင် ဝင်ရောက်လာတာနဲ့ပတ်သက်ပြီး ပြည်ထောင်စုအစိုးရ အဖွဲ့ အမိန့်နဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ် အပါ အဝင် ပြည်နယ်ဝန်ကြီးအဖွဲ့ဝင်တချို့ကို စစ်ဆေးနေ တယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပါတယ်။
2016-01-03
တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ထဲမှာ ပါဝင်တဲ့ ရှမ်းပြည်ပြန်ထူထောင်ရေးကောင်စီ RCSS/SSA အဖွဲ့နဲ့ အစိုးရတပ်မတော်တို့ ရှမ်းပြည်နယ် မိုင်းပြင်းမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့က တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။
2016-01-03
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ မဘသ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တတိ လောကဘိဝံသနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦး တို့မနေ့က တွေ့ဆုံပြီး တိုင်းပြည်အတွက် အနှောက်အယှက်ဖြစ်စေမယ့် အပြောအဆို၊ အသုံးအနှုံး တွေကို နှစ်ဘက်ညှိုနှိုင်းပြီး ထိန်းသိမ်းသွားဖို့အတွက် သဘောတူခဲ့တယ်လို့ မဘသအဖွဲ့ က ပြောပါတယ်။
2016-01-02
ဒီအပတ် တနင်္ဂနွေစကားဝိုင်းမှာ အခု ၂ဝ၁၆ ခုနှစ် အတွင်း မြန်မာ့နိုင်ငံရေးမှာပါဝင်မယ့် နိုင် ငံရေးခေါင်းဆောင်တွေ၊ တပ်မတော်ခေါင်းဆောင်တွေ နဲ့ သံဃာ့အဖွဲ့အစည်း ခေါင်းဆောင်တွေရဲ့ အရေးပါမှု ကို နားဆင်ရမှာဖြစ်ပါတယ်။
2016-01-02
ရခိုင်ပြည်နယ် ဘူးသီးတောင် နဲ့ မောင်တောမြို့တွေမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့က WY စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား အလုံးရေ ၁၄ သိန်းကျော်ကို သိမ်းဆည်းရမိခဲ့ပါတယ်။
2016-01-02
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အတွင်းမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကို အမြန်ဆုံးရပ်တန့်ပေးဖို့ ကျောက်တော်ဒေသခံ သံဃာတော်တွေနဲ့ ဒေသခံ ၁ဝဝ ကျော်က ဒီနေ့ ကျောက်တော်တောင်ဘုရား မှာ ဆုတောင်းပွဲ တစ်ရပ်ပြုလုပ်ပြီး တောင်းဆိုကြပါတယ်။