သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-09-01
ကယားပြည်နယ်က အရပ်ဖက်လူမှုအဖွဲ့အစည်းတွေအနေနဲ့ ဆွေးနွေးပွဲတွေ၊ ဟောပြောပွဲတွေ ပြုလုပ် မယ်ဆိုရင် ၁၅ ရက်ကြိုပြီး အစိုးရကို တင်ပြဖို့ ပြည်နယ်ဝန်ကြီးချုပ်က ညွှန်ကြားချက် ထုတ်လိုက်တယ်လို့ သိရပါတယ်။
2018-09-01
ကုလသမဂ္ဂက ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာ အချက်အလက် ရှာဖွေရေးအဖွဲ့ FFM ရဲ့ အစီရင်ခံစာဟာ ရခိုင်ပြည်နယ်က လူမှုအသိုင်းအဝိုင်းတွေ ပေါင်းစည်းနေ ထိုင်မှုကို ပျက်ပြားစေတဲ့အပြင် နိုင်ငံတစ်ဝန်း ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး နဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရက ကြိုးပမ်းဆောင်ရွက်နေတာတွေကိုပါ ထိခိုက်စေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်လိုက်ပါတယ်။
2018-09-01
Facebook လူမှုရေးစာမျက်နှာတွေကို အသုံးချပြီး ရိုဟင်ဂျာ မွတ်စလင်တွေကို မုန်းတီးလာရေး စစ်ရေးအရ လျှို့ဝှက်ဝါဒဖြန့်ချီတာတွေ လုပ်ခဲ့တယ်လို့ Facebook ကုမ္ပဏီက ပြောကြားလိုက်ပြီး ဒါဟာ လူမှုရေးစာမျက်နှာတွေ အသုံးချပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းက မွတ်စလင်တွေအပေါ် တပ်မတော်က ပစ်မှတ်ထား လုပ်ဆောင်ခဲ့တဲ့ ပထမဆုံးအထောက်အထားဖြစ်တယ်လို့ Time မဂ္ဂဇင်းက ရေးသားလိုက်ပါတယ်။
2018-09-01
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူ မြို့နယ်က နမ့်ဆီးလင်း၊ မန်မိုင်၊မန်ဆာကျေးရွာတွေ အနီးမှာ တအာင်းပလောင်အဖွဲ့ TNLA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ပူးပေါင်းအဖွဲ့နဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့တို့ကြား စစ်ရေးတင်းမာပြီး ပစ်ခတ်မှုတွေရှိနေတာကြောင့် စစ်ပြေးဒုက္ခသည် တစ်ထောင်ကျော် ထပ်မံထွက်ပြေးနေရပါတယ်။
2018-09-01
ရှမ်းနိုင်ငံရေးပါတီတွေ၊ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စုစည်းထားတဲ့ ရှမ်းပြည်ညီညွတ်ရေး ကော်မတီ CSSU အစည်းအဝေးကို လာမယ့် စက်တင်ဘာလ ၃ ရက်နဲ့ ၄ ရက်နေ့တို့မှာ တောင်ကြီးမြို့မှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် အစိုးရက ခွင့်မပြုတဲ့အတွက် ယာယီ ရွှေ့ဆိုင်းထားလိုက်ရပါတယ်။
2018-09-01
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ ဟိုနောင်ရပ်ကွက်မှာ နေထိုင်တဲ့ နန်းမိုဟွမ်ကို တအာင်းပလောင် အဖွဲ့ TNLA က ဖမ်းဆီးထားတာ နှစ်ပတ်ကျော် ကြာနေပြီဖြစ်ပေမယ့် ပြန်လွတ်လာခြင်းမရှိသေးဘူးလို့ သိရပါတယ်။
2018-09-01
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်နဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျတို့ကို မြို့နယ် အလုပ်အမှုဆောင်တွေအဖြစ်ကနေ ရပ်စဲလိုက်ပါတယ်။
2018-09-01
ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး အသစ်ဖွဲ့စည်းလိုက်တဲ့ လွတ်လပ်သောစုံစမ်းရေးကော်မရှင်ဟာ ဒီကနေ့ မောင်တောမြို့နယ်ကို သွားရောက်ပြီး ဟိန္ဒူဘာသာဝင်တွေ သတ်ဖြတ်ခံခဲ့ရတဲ့ အခြေအနေတွေကို မေးမြန်းစုံစမ်းခဲ့ပါတယ်။
2018-09-01
သြဂုတ်လ ၃၁ ရက်နေ့က ထုတ်ဝေတဲ့ The New York Times သတင်းစာနဲ့ The Diplomat မဂ္ဂဇင်းတွေမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို Facebook က ဖယ်ရှားပိတ်ပင်လိုက်တာနဲ့ စပ်လျဉ်းပြီး အကျိုးဆက်တွေကို ဖော်ပြထားပါတယ်။ ဦးခင်မောင်စိုးက ကောက်နှုတ်တင်ပြပါလိမ့်မယ်။