သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-03-01
၁၃၀၀ ပြည့်နှစ် အရေးတော်ပုံအတွင်း ကျဆုံးခဲ့တဲ့ မန္တလေးမြို့သား ၁၇ ဦးကို ဂုဏ်ပြုတဲ့ ၇၇ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို ဒီကနေ့ မန္တလေးမြို့ အာဇာနည် ၁၇ဦး ဗိမာန်မှာ ကျင်းပခဲ့ပါတယ်။
2016-03-01
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း တစ်နိုင်ငံ လုံးမှာ စစ်ဆေးခဲ့တဲ့ ၄ တန်း နဲ့ ၈ တန်း အစိုးရစစ် အတန်းတင်စာမေးပွဲ မေး ခွန်းတွေ မကွေးတိုင်းဒေသကြီးမှာ ကြိုတင်ပေါက်ကြားခဲ့တာ နဲ့ပတ်သက်တဲ့ အရေးကြီးအဆိုအပေါ် တိုင်းဒေသကြီး လူမှုရေးဝန်ကြီးက တိုင်းဒေသကြီးလွှတ်တော်မှာ ဒီကနေ့ ပြန်လည်ဖြေကြားဖို့ ပျက်ကွက်ခဲ့တာကြောင့် ကိုယ်စားလှယ် ၃ ဦး ဆွေးနွေးပြီးနောက် အတည်ပြုလိုက် ပါတယ်။
2016-03-01
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဟိုပုန်ကျေးရွာမှာရှိတဲ့ မြေမြုှပ်မိုင်းတွေကို ဖယ်ရှားပေးဖို့နဲ့ အစိုးရတပ်မတော် တပ်မ ၁၁ က ဖမ်းဆီးထားတဲ့ သိန်းနီမြို့နယ် ပန်ဟတ်ကျေးရွာသား ၄ ယောက်ကို ပြန်လွှတ်ပေးဖို့ ဒီနေ့ ရန်ကုန်မြို့ ဒိုင်းမွန်းကွန် ဒိုမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေသခံတွေနဲ့ ကချင်အမျိုးသားလုံးဆိုင်ရာ ကွန်ရက်က တောင်းဆိုလိုက် ပါတယ်။
2016-03-01
အန်အယ်လ်ဒီပါတီရဲ့လွှတ်တော်ကိုယ်စား လှယ်အားလုံး ရရှိတဲ့ လစာငွေထဲက ပါတီရန်ပုံငွေအဖြစ် လစဉ်ထည့်ဝင်ဖို့ အန်အယ်လ်ဒီ ပါတီဌာနချုပ်က ညွှန်ကြားလိုက်ပါတယ်။
2016-03-01
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ရပ်ကွက် ၃ခုမှာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပါတယ်။
2016-03-01
ရှမ်းပြည်မြောက်ပိုင်းဖက်မှာ ဒီရက်ပိုင်း အတွင်း မြန်မာ့တပ်မတော်က အင်အားတွေ တိုးချဲ့လာပြီး ထိုးစစ်အရှိန်မြှင့် တင်လာတာ ဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဟန့်တားရာ ရောက်တဲ့အတွက် ကန့်ကွက်ကြောင်း ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး PSLF/TNLA က ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက် ပါတယ်။
2016-03-01
ဒုတိယအကြိမ်လွှတ်တော် ပထမအကြိမ် အစည်းအဝေးကို တက်ရောက်နေကြတဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီကနေ့ညနေပိုင်း မှာ နေပြည်တော်က စည်ပင်ဧည့်ရိပ်သာ မှာ တွေ့ဆုံခဲ့ကြပါတယ်။
2016-03-01
အမျိုးသားဒီမိုဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်နဲ့ ဒုတိယအကြိမ် လွှတ်တော် တက်ရောက်နေကြတဲ့ နိုင်ငံရေးပါတီအသီးသီးက တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေ ဟာ နေပြည်တော်က စည်ပင် ဧည့်ရိပ်သာဝင်း အတွင်းမှာ ဒီနေ့ တွေ့ဆုံခဲ့ကြပါတယ်။
2016-03-01
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲကို ပြန်လည်သုံးသပ်တဲ့ အစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်က Park Royal ဟိုတယ်မှာ ကျင်းပနေပါတယ်။
2016-03-01
ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဘိန်းခင်ဖျက်ဆီးရေး ဆောင်ရွက်နေတဲ့ လူထုအခြေပြုအဖွဲ့တွေ တိုက်ခိုက်ခံရပြီး လူနေအိမ်နဲ့ ဆိုင်ကယ်တွေ မီးရှို့ဖျက်ဆီး ခံရတာမျိုး နောင်မှာမဖြစ်ပေါ်စေဖို့အတွက် တိုက်တွန်းကြောင်း အဆိုကို ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနော်လီ က ကချင်ပြည်နယ် လွှတ်တော်မှာ ဒီနေ့ တင်သွင်းခဲ့ရာ ထောက်ခံသူများတာကြောင့် အဆိုကို ဒီကနေ့ အတည်ပြုလိုက်ပါတယ်။
2016-03-01
NLD အမျိုးသားဒီမိုကရေစီ အဖွဲချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒုတိယအကြိမ်လွှတ်တော် အစည်း အဝေး တက်ရောက်နေကြတဲ့ တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေကို နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ ဒီကနေ့ညနေပိုင်းက တွေ့ဆုံခဲ့ ပါတယ်။
2016-03-01
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲကို ပြန်လည်သုံးသပ်တဲ့ အစည်းအဝေးကို ရန်ကုန်တိုင်း ဒဂုံမြို့နယ်က Park Royal ဟိုတယ်မှာ ကျင်းပနေပါတယ်။
2016-03-01
ကရင် နိုင်ငံရေးပါတီတွေ အားလုံးစုပေါင်းပြီး တပါတီတည်းဖြစ်ဖို့အတွက် ပါတီငါးခုက ခေါင်းဆောင်တွေ ဘားအံမြို့ မှာ ဖေဖော်ဝါရီလ ၂၇ ရက်နဲ့ ၂၈ ရက်နေ့တွေက ဆွေးနွေးခဲ့ကြပါတယ်။
2016-03-01
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါတဲ့ ပုဒ်မ ၅၉ ဆက်လက် တည် ရှိရေး ထောက်ခံဟောပြောပွဲကို မြန်မာ အမျိုးသားရေး လှုပ်ရှားတက်ကြွသူတွေ ပူးပေါင်းပြီး ရန်ကုန်-ဗဟန်းမြို့နယ်က ဗိုလ်စိန်မှန် အားကစားကွင်း မှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ကြပါတယ်။
2016-03-01
ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်သမ္မတဖြစ် ကို ဖြစ်ရမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ပြော လိုက်ပါတယ်။