ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေ တွေ့ဆုံ
2016.03.01
အမျိုးသားဒီမိုဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုတိယအကြိမ် လွှတ်တော် တက်ရောက်နေကြတဲ့ နိုင်ငံရေးပါတီအသီးသီးက တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေဟာ နေပြည်တော်က စည်ပင်ဧည့်ရိပ်သာဝင်း အတွင်းမှာ ဒီနေ့ တွေ့ဆုံခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးနီးပါးဟာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် အဓိကဆောင်ရွက်ဖို့ စိတ်တူညီတာကြောင့် နိုင်ငံရေးခရီးမှာအခက်အခဲမရှိနိုင်ဘူးလို့ ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့တွေ့ဆုံပွဲမှာ ပြောကြားခဲ့ တယ်လို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ သီပေါမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသန့်ဇင်က ပြောပါတယ်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန့်ဇင်ကို အာအက်ဖ်အေ သတင်းထောက် မဝေမာထွန်း ဆက်သွယ် မေးမြန်းထားပါတယ်။