သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-02-01
ခင်ဦးမြို့နယ်က ကျေးရွာတွေကို စစ်တပ်က ဇန်နဝါရီ ၃၁ ရက်နေ့ကစလို့ ဝင်ရောက်စီးနင်းနေပြီး ဖေဖော်ဝါရီ ၁ ရက် မနက်မှာတော့ ဒေသခံ သုံးဦး အသတ်ခံရကာ ၁၅ ဦးထက်မနည်း ဖမ်းဆီးခံထားရပါတယ်။
2024-02-01
သက်ဆိုင်သူအားလုံး ပါဝင်နိုင်တဲ့တွေ့ဆုံဆွေးနွေးမှု အခင်းအကျင်းပေါ်ပေါက်လာဖို့ အမေရိကန် အပါအဝင် နိုင်ငံ ရှစ်နိုင်ငံနဲ့ ဥရောပသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။
2024-02-01
ရေကြည်မြို့နယ်ရှိ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၁၀၅ အုပ်စုက လယ်သမားတွေကို ၂၀၂၀ ပြည့်နှစ်က လယ်တစ်ဧကကို ကျပ် တစ်သိန်းခွဲနှုန်းချေးယူထားတဲ့ချေးငွေတွေ ပြန်ဆပ်ဖို့ တောင်းယူနေတာလို့ ဒေသခံက ပြောပါတယ်။
2024-02-01
ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်က တိုက်ပွဲတွေအတွင်း ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁၅ ဦးကို ချင်းပြည်ကာကွယ်ရေးတပ်ဦး (ဒိုင်ရ်) CDF-Daai က ချင်းပြည်နယ် ပလက်၀မြို့နယ်အတွင်းမှာ ဖမ်းဆီးရမိပြီး ဆေးကုသမှုတွေ လုပ်ပေးနေတယ်လို့ CDF-Daai က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
2024-02-01
မြောက်ဦးမြို့မှာ စစ်ကောင်စီတပ်က အခိုင်အမာ တည်ဆောက်ထားတဲ့ ခမရ - ၅၄၀ တပ်ရင်းနဲ့ ကျောက်တော်မြို့အခြေစိုက် ခမရ - ၃၇၄ တပ်ရင်းနှစ်ခုကို အလုံးစုံသိမ်းပိုက်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA) က ထုတ်ပြန်ပါတယ်။
2024-02-01
ရုန်းလေနစ်လေဖြစ်နေတဲ့ဘဝမှာ အဖမ်းခံရမှာကိုလည်း ကြောက်ရသလို အနိုင်ကျင့်တတ်တဲ့သူတွေကြောင့် မိအေး နှစ်ခါနာရတဲ့အခါမျိုးတွေနဲ့လည်း ကြုံရတတ်တယ်။
2024-02-01
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ် TNLA က နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းလုံ၊ မိုင်းငေါ့ စတဲ့မြို့တွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
2024-02-01
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်း သုံးနှစ်ပြည့်အဖြစ် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေစုဝေးပြီး ဘန်ကောက်မြို့ ကုလသမဂ္ဂရုံးရှေ့မှာ ဖေဖော်ဝါရီ ၁ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။
2024-02-01
ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်ရှစ်ခုမှာ အခုနှစ် ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း မြေမြှုပ်မိုင်းကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ဒဏ်ရာရသူ ၂၂ ဦးရှိခဲ့ပါတယ်။
2024-02-01
စစ်အာဏာသိမ်းသုံးနှစ်ပြည့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ရန်ကုန် အပါအဝင် မြို့ကြီးတချို့မှာ လမ်းမပေါ်မထွက်တဲ့ အသံတိတ်သပိတ်လှုပ်ရှားမှုတွေ လုပ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။