သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-09-04
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှာ အစ္စလာမ်ဘာသာ ကိုးကွယ်သူ ၃ ထောင်ကျော်ကို ကမန်တိုင်းရင်းသားတွေအဖြစ် နေပြည်တော် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက နိုင်ငံသားစိစစ်ရေးကဒ်ပြားတွေ ထုတ်ပေးနေတာကို ပြန်လည်စိစစ်ပေးဖို့ ကမန်အမျိုးသား တိုးတက်ရေးပါတီက နိုင်ငံတော်သမ္မတကို ဒီကနေ့ စာပေးပို့လိုက်ပါတယ်။
2018-09-04
မြောက်ပိုင်းလက်နက်ကိုင် မဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ AA, TNLA, MMDAA အဖွဲ့သုံးဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်တို့ ပထမဆုံးအကြိမ် သီးခြားတွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။
2018-09-04
ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖဲ့ွ TNLA ပူးပေါင်းအဖွဲ့ဟာ စစ်ကြောင်းလေးကြောင်းခွဲပြီး နမ္မတူမြို့နယ်ထဲမှာ ရှိတဲ့ RCSS/SSA တပ်စွဲထားတဲ့ ကျေးရွာတဝိုက်ကို ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။
2018-09-04
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှာ အစ္စလာမ်ဘာသာဝင်တွေကို ကမန်တိုင်းရင်းသားတွေဆိုပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားတွေ ထုတ်ပေးနေတာကို ပြန်လည် စိစစ်ပေးဖို့ ကမန်အမျိုးသား တိုးတက်ရေးပါတီက နိုင်ငံတော်သမ္မတဆီ ဒီကနေ့ စာပေးပို့ လိုက်ပါတယ်။
2018-09-04
ဂျပန်သတင်းဌာန NHK နဲ့ တေ့ွဆုံမေးမြန်းခန်းမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုဝလုံးနဲ့ ကိုကျော်စိုးဦးဟာ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေကို ကျူးလွန်တယ်ဆိုပြီး ပြောခဲ့တဲ့အပေါ် ဝမ်းနည်းမိတယ်လို့ ကိုဝလုံး ရဲ့ ဇနီး မပန်းအိမွန် က ပြောပါတယ်။
2018-09-04
တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA က ဖမ်းဆီးထားတဲ့ နန်းမိုဟွမ်ဆိုတဲ့ အမျိုးသမီးကို TNLA ဥပဒေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။
2018-09-04
ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို ထောင်ဒဏ်နှစ်ရှည် ချမှတ်လိုက်တာဟာ တရားရုံး အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ၂၀၁၄ ခုနှစ်က ပြဋ္ဌာန်းလိုက်တဲ့ သတင်းမီဒီယာ ဥပဒေကို မျက်ကွယ်ပြုရာရောက်ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ထုတ်ပြန်ကြေညာ လိုက်ပါတယ်။
2018-09-04
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာ နောက် ၃ ရက်လောက်ထိ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူက ဒီနေ့ ပြောပါတယ်။
2018-09-04
တိုင်းနဲ့ ပြည်နယ်အနှံ့မှာရှိတဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး(မဘသ)နဲ့ ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းအဖွဲ့ ဆိုင်းဘုတ်တွေကို ဖြုတ်မချဘဲ အဖွဲ့လုပ်ငန်းတွေကို ဆက်လက် လုပ်ကိုင်သွားဖို့ မဘသ ဗဟိုက လမ်းညွှန်ချက် ထုတ်ပြန်ကြေညာတာနဲ့ ပတ်သက်လို့ သံဃာအဖွဲ့အစည်းဆိုင်ရာ ဥပဒေအတိုင်း အရေးယူသွားမယ်လို့ သာသနာရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။
2018-09-04
ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ရဲ့ ဖုန်းထဲမှာ ပုပ်ရဟန်းမင်းကြီး လမ်းကြောင်း၊ ဒုသမ္မတ ဦးမြင့်ဆွေ ရခိုင်ခရီးစဉ် လမ်းကြောင်း၊ ရက္ခိုင့်တပ်မတော် AA က ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ညိုထွန်းအောင် ဖုန်းနံပါတ် စတာတွေ တွေ့ရှိတဲ့အတွက် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃(၁)(ဂ)နဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်ပါတယ်။
2018-09-04
ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရတဲ့အပေါ် သတင်းသမားတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်နဲ့ အစိုးရရဲ့ လျှို့ဝှက်ချက် ဖော်ထုတ်မှုဆိုတဲ့ စွပ်စွဲချက်ကြား ကွာဟမှုကို ဝါရင့် သတင်းစာဆရာတွေရဲ့ သဘောထားအမြင်တွေ RFA သတင်းထောက် ကိုကျော်သူ က စုစည်းတင်ပြထားပါတယ်။
2018-09-04
မန္တလေးမြို့မှာ အခုရက်ပိုင်းအတွင်း လုယက်အကြမ်းဖက်မှုတွေ နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်ပွားနေပါတယ်။ အဲဒီမှုခင်းတွေဟာ လူသူကင်းရှင်းမဲ့ ညအချိန်တွေမှာတင် မဟုတ်ဘဲ နေ့ခင်းအချိန်တွေမှာပါ ဖြစ်ပွားနေတဲ့အတွက် မန္တလေးမြို့သူ မြို့သားတွေဟာ တနေ့တခြား စိုးရိမ်ထိတ်လန့်နေကြရပါတယ်။
2018-09-04
နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဝင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ ဒီနေ့ကစပြီး တရားဝင် မဲဆွယ်စည်းရုံးနိုင်ပြီဖြစ်ပါတယ်။
2018-09-04
ရိုက်တာ သတင်းထောက် နှစ်ယောက်ကို ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်တဲ့အပေါ် ပြည်ထောင်စုလွှတ်တော်ကို ဒီနေ့ တက်ရောက်တဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း နဲ့ လွှတ်တော် ကိုယ်စားလှယ်တချို့ရဲ့ အမြင်တွေကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် စုစည်းပေးပို့တာကို ကိုကျော်ထွန်းနိုင် က တင်ပြထားပါတယ်။
2018-09-04
မန္တလေးမြို့မှာ ဒီရက်ပိုင်းအတွင်း လူသေတဲ့အထိ လုယက်မှုတွေ ဖြစ်လာပြီးနောက်မှာ ရန်ကုန်မြို့မှာလည်း အလားတူ မှုခင်းတွေဖြစ်လာပြီး ပြည်သူတွေရဲ့ အသက်အန္တရာယ် ထိခိုက်မှာကို စိုးရိမ်မှုတွေ ရှိနေကြပါတယ်။