နန်းမိုဟွမ်ကို TNLA ဥပဒေနဲ့ အမှုဖွင့်အရေးယူ


2018.09.04
tnla-soldier-622.jpg TNLA စစ်သားတစ်ဦးကို တွေ့ရစဉ်
Photo: Kan Thar/RFA

တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA က ဖမ်းဆီးထားတဲ့ နန်းမိုဟွမ်ဆိုတဲ့ အမျိုးသမီးကို TNLA ဥပဒေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။

နန်းမိုဟွမ် ဟာ TNLA အကောက်ခွန်ဝန်ထမ်းတွေကို အပြင်းအထန်ထိခိုက်သေဆုံးတဲ့အထိ ဝတ္တရားနှောင့်ယှက် ခဲ့တဲ့အတွက် အရေးယူပေးဖို့ TNLA ဗဟို တရားရုံးကို အမှုဖွင့်တိုင်ကြားလာတာကြောင့် အခုလိုဖမ်းဆီးထားတာလို့ မနေ့ကထုတ်တဲ့ ကြေညာချက်မှာ ရေးသားထားပါတယ်။

TNLA အဖွဲ့ရဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၃ နဲ့ TNLA ဗဟိုတရားရုံးက အမှုကို လက်ခံစစ်ဆေးနေပြီး စီရင်ချက် ချမယ့်နေ့မှာ နန်းမိုဟွမ်ရဲ့ ဆွေမျိုးတွေနဲ့ အများပြည်သူရှေ့မှာ စီရင်ချက်ချနိုင်ဖို့ စီစဉ်သွားမယ်လို့လည်းပါရှိပါတယ်။  အဲဒီအခြေအနေတွေနဲ့ ပတ်သက်လို့ TNLA ဘက်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

နန်းမိုဟွမ်ဟာ နမ့်ခမ်းမြို့ ဟိုနောင်ရပ်ကွက်က ကုန်စုံဆိုင်ဈေးရောင်းသူတစ်ဦးဖြစ်ပါတယ်။

သူမကို TNLA က သြဂုတ်လ ၁၇ ရက်နေ့ကတည်းက ဖမ်းဆီးသွားတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။