သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-06-04
ရခိုင်ပြည်နယ်ကထွက်ရှိတဲ့ သဘာဝသယံဇာတအားလုံးကို ရခိုင်ပြည်သူတွေ ပိုင်ဆိုင်ခွင့်ရရှိရေး အတွက် ရခိုင့် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်က အချက် ၆ ချက်ပါတဲ့ မူဝါဒ ဆိုင်ရာအကြံပြုချက်ကို မနေ့က ထုတ်ပြန်လိုက်ပါတယ်။
2016-06-04
နိုင်ငံရဲ့ ဘာသာ၊ လူမျိုးတို့ကို ကာကွယ်စောင့်ရှောက်နိုင်ဖို့အတွက် အမျိုးစောင့်ဥပဒေကို အမျိူးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) အနေနဲ့ အတက်နိုင်ဆုံး ကာကွယ်သွားမယ်လို့ မဘသ ဦးဆောင်ဆရာတော် ဦးတိလောက မိန့်ကြားလိုက်ပါတယ်။
2016-06-04
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်က မော်လ မြိုင် ဘိလပ်မြေစက်ရုံမှာ လောင်စာအသုံးပြု မယ့် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံတည်ဆောက်နေတာ ကို ကျေးရွာ ၁၁ ရွာက ဒေသ ခံတွေ ကန့်ကွက်ကြပါတယ်။
2016-06-04
အနယ်နယ်အရပ်ရပ်မှာရှိကြတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေရဲ့ သားသမီးတွေ အတွက် မေတ္တာ အိုးဝေဖောင်ဒေး ရှင်းက ပညာရေးထောက်ပံ့လှူဒါန်းပွဲကို ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းရုံးခန်းမှာ ဒီနေ့ ကျင်းပခဲ့ ပါတယ်။
2016-06-04
ရခိုင်ပြည်နယ်အတွင်းက မွတ်စလင်တွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့ စိစစ်သွားဖို့ အတွက် မြေပုံ၊ ကျောက်ဖြူ၊ ပုဏ္ဏားကျွန်း စတဲ့မြို့နယ်တွေမှာ လုံခြုံရေးအတွက် အစိုးရက ရဲတပ်ရင်း ၃ ခုကို ဒီနေ့ကနေ စတင်ပြီး တိုးမြှင့်ချထားပါတယ်။
2016-06-04
သတင်းမှန်ဖော်ပြမှုကြောင့် တရားရင်ဆိုင်နေရသူတဲ့သူတွေ နဲ့ သတင်းဌာနတွေကို IEMA- Independent Ethnic Media Alliance လွတ်လပ်သော တိုင်းရင်းသား မီဒီယာများ မဟာ မိတ်က ဥပဒေကြောင်းအရ အကူအညီပေးဖို့ ဒီနေ့ကျင်းပတဲ့ အစည်းအဝေးကနေ ဆုံးဖြတ်လိုက်ပါတယ်။
2016-06-04
မန္တလေးတိုင်း ပလိပ်မြို့ ပန်ဒါချည်မျှင်နဲ့ အထည်ချုပ်စက်ရုံက အလုပ်သမား ၇၀၀ ကျော်ဟာ ဒီနေ့မှာ ဒုတိယမြောက်နေ့ အဖြစ် သပိတ်ဆက်မှောက်နေကြပါတယ်။
2016-06-04
၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင် ဆင်ရေးကော်မတီ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း ခေါင်းဆောင်တဲ့အဖွဲ့က တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ် မထိုးသေးတဲ့ အဖွဲ့တွေအနေနဲ့ ညီလာခံကျင်းပရေး မူဘောင်ဆွေးနွေးပွဲ တက်ရောက်ဖို့ ဖိတ်ခေါ်ခဲ့တာကို သဘောတူလက်ခံကြောင်း ညီညွတ်သော တိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ဒီနေ့ ထုတ်ပြန်ပြောဆိုပါတယ်။
2016-06-04
ဧရာဝတီ မြစ်ဆုံရေတာတာစီမံကိန်း ရပ်ဆိုင်းဖို့အတွက် ကချင်ပြည်နယ် မြစ် ကြီးနားမြို့ စီတာပူရပ်ကွက်က Palm Spring Resort Hotel ရှေ့မှာ တရုတ် နိုင်ငံသံအမတ်ကြီး Mr. Hong Liang နဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဒေသခံတွေ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2016-06-04
ကုလသမဂ္ဂလူ့အခွင့်ရေးကောင်စီမှာ UPR လို့ခေါ် တဲ့ လေးနှစ်တစ်ကြိမ် လူ့အခွင့်အရေးသုံးသပ်မှု လုပ်ငန်းစဉ်မှာ ကတိပြုခဲ့တဲ့ မြန်မာအစိုးရရဲ့ လုပ်ဆောင်မှုတွေကို စောင့်ကြပ်ဖို့နဲ့ အကောင် အထည်ဖော်အောင် တိုက်တွန်းဖို့အတွက် လူ့အခွင့်ရေးလှုပ်ရှားသူတွေနဲ့ အရပ်ဘက်အဖွဲ့ စည်းတွေစုပေါင်းပြီး ပုဂံမှာ မေလ (၃၁) ရက်နေ့ ကနေ ဇွန်လ ၂ ရက်နေ့အထိ (၃) ရက် ကြာဆွေးနွေးပွဲတစ်ရပ်ကျင်းပခဲ့ပါတယ်။
2016-06-04
ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတတ်ရေးအတွက် ငွေကျပ် သိန်းပေါင်း ၇ သောင်းကျော် သုံးစွဲသွားဖို့ အစိုးရက စီစဉ်နေတာနဲ့ ပတ်သက်လို့ ANP ရခိုင်အမျိုးသား ပါတီ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇောဦးကို RFA ဝိုင်းတော်သား ဦးရဲစည်သူကာက ဆက်သွယ်မေးမြန်းထားပါတယ်။
2016-06-04
ဧရာဝတီမြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်လိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ကချင်ပြည်နယ်အစိုးရနဲ့ မနေ့ကတွေ့ဆုံစဉ်မှာ ပြောကြားခဲ့ တာနဲ့ပတ်သက်ပြီး စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်)ပါတီရဲ့ ဥက္ကဌလည်းဖြစ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဟောင်းတစ်ဦးလည်းဖြစ် တဲ့ ဦးခက်ထိန်နန်ရဲ့ သဘောထားအမြင်တွေကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။
2016-06-04
၂၁ ရာစုပင်လုံညီလာခံ (သို့) ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံ အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့အဖွဲ့နဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့က ဗိုလ်ချုပ်ဂွမ်မော် ဦးဆောင်တဲ့အဖွဲ့တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၂ဝ၁၆ ဇွန်လ ၃ ရက်နေ့မှာ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2016-06-04
မန္တလေးတိုင်း ပလိပ်မြို့မှာရှိတဲ့ "ပန်ဒါ" ချည်မျှင်အထည်နဲ့ အချောကိုင်စက်ရုံ အလုပ်သမား ၃ ရာကျော်ဟာ အလုပ်ရှင်-အလုပ်သမား သဘောတူစာချုပ်ကို အလုပ်ရှင်ဘက်က ချိုးဖောက်တယ်ဆိုပြီး စက်ရုံရှေ့မှာ ဒီကနေ့ ဆန္ဒပြနေကြပါတယ်။
2016-06-04
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလဘောင် ကျေးရွာက "ရတနာမာန်အောင်" သီလရှင်စာသင်တိုက်မှာ ဆုံဆို့နာ ကူးစက်ရောဂါ ဖြစ်ပွားနေတဲ့ အတွက် ကျောင်းတိုက်အဝင်အထွက်ကို မြို့နယ် ကျန်းမာရေး ဦးစီးဌာနက ပိတ်ပင်လိုက်ပြီး၊ သံဃာတော်တွေနဲ့ သီလရှင်တွေကို ကာကွယ်ဆေး နေ့စဉ်သောက်ဖို့ စီစဉ်နေပါတယ်။