အစိုးရရဲ့ လုပ်ဆောင် ချက်တွေ စောင့်ကြပ်ရေး၊ ဦးအောင်မျိုးမင်းနဲ့ မေးမြန်းချက်
2016.06.04
ကုလသမဂ္ဂလူ့အခွင့်ရေးကောင်စီမှာ UPR လို့ခေါ်တဲ့ လေးနှစ်တစ်ကြိမ် လူ့အခွင့်အရေးသုံးသပ်မှုလုပ်ငန်းစဉ်မှာ ကတိပြုခဲ့တဲ့ မြန်မာအစိုးရရဲ့ လုပ်ဆောင်မှုတွေ ကို စောင့်ကြပ်ဖို့နဲ့ အကောင်အထည်ဖော်အောင် တိုက်တွန်းဖို့ အတွက် လူ့အခွင့်ရေးလှုပ်ရှားသူတွေနဲ့ အရပ်ဘက်အဖွဲ့စည်းတွေစုပေါင်းပြီး ပုဂံမှာ မေလ (၃၁) ရက်နေ့ကနေ ဇွန်လ ၂ ရက်နေ့အထိ (၃) ရက်ကြာဆွေးနွေးပွဲတစ်ရပ်ကျင်းပခဲ့ပါတယ်။ ဒီဆွေးနွေးပွဲက ရရှိတဲ့ အချက်တွေနဲ့ ပတ်သက်လို့ Equality Myanmar အဖွဲ့က ဒါရိုက်တာ ဦးအောင်မျိုးမင်းကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်။