သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-04-01
မီးဖွားခွင့်ခြောက်လနဲ့ အနားယူနေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်ရဲစခန်းမှ ရဲမေ မဇာဇာငြိမ်းဟာ စစ်အာဏာရှင်အောက်မှာဆက်ပြီး အလုပ်မလုပ်ချင်တာကြောင့် မတ်လ ၂၅ ရက်နေ့ကတည်းက CDM လုပ်ထားကြောင်း RFA ကိုပြောပါတယ်။
2021-04-01
အမှုလေးမှုကို နေပြည်တော်မှာ စွဲခံထားရပြီး၊ ဒီတစ်မှုကိုတော့ ရန်ကုန်မှာ စွဲထားတာလို့ ကြားသိရသလို၊ အမှုလိုက်ရှေ့နေအဖွဲ့ထဲက ရှေ့နေ နှစ်ဦးဆီကို ရဲက အကြောင်းကြားထားတာလို့ဆိုပါတယ်။
2021-04-01
ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ပထမဆုံးအကြိမ်အဖြစ် အခြေခံလူတန်းစားတွေကို ရည်ရွယ်ပြီး လိုရင်ယူ၊ ပိုရင်လှူ လှုပ်ရှားမှုကို ဆရာဝန် တစ်ဦးနဲ့ ကျူရှင်ဆရာ တစ်ဦးတို့က မတည်ကာ မော်ဝမ်းရပ်ကွက်စျေးမှာ ဒီနေ့ ဧပြီတစ်ရက်နေ့က စတင်လှုပ်ရှားခဲ့ပါတယ်။
2021-04-01
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က အခုဧပြီလ ပထမ ပတ်အတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းမယ့်အချက်ပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဏ်တစ်ရပ်ကို မနေ့က မတ်လ ၃၁ ရက်နေ့က ထုတ်ပြန်လိုက်သလို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း အပြီးသတ် ဖျက်သိမ်းလိုက်ကြောင်းလည်း ကြေညာပါတယ်။
2021-04-01
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ နမ္မတူမြို့နယ်တွေမှာ တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း တိုက်ပွဲကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ခဲ့ရပြီး ကျေးရွာသား ငါးရာနီးပါး ထွက်ပြေးနေရပါတယ်။ ကျေးရွာတွေ တစ်ဝိုက် စစ်ရေးထပ်မံတင်းမာနေပြီး ထပ်မံထွက်ပြေးသူတွေလည်း ရှိနေပါတယ်။
2021-04-01
စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ဧပြီလ ၁ ရက်နေ့ ဒီနေ့ နေ့လယ် ၃ နာရီက ကျောက္ကာ လမ်းနဲ့ သီတာလမ်းထောင့်မှာ ဆန္ဒပြသူတွေကို စစ်ကောင်စီတပ် ပစ်ခတ်ဖြိုခွင်းရာ လူငယ်တစ်ဦး ဦးခေါင်းကျည်ထိမှန်ပြီး သေဆုံးသွားတယ်လို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။
2021-04-01
"ရုံးထုတ်မှာ သူ့ရဲ့ရှေ့နေဝင်တွေ့ခွင့်ရတယ်၊ ဆရာဇော်မြင့်မောင် ကျန်းမာရေး အခြေအနေကောင်းပေမယ့် ရုပ်တော့ နည်းနည်းကျသွားတယ်" လို့ နီးစပ်သူက ပြောပါတယ်။
2021-04-01
ကရင်ပြည်နယ် ကော့ကရိတ်မြို့မှာ မတ် ၃၁ ရက်၊ မနေ့ည ၇ နာရီလောက်က လက်ပစ်ဗုံးပေါက်ကွဲပြီး ရဲ တစ်ဦးသေဆုံးကာ စစ်သား နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-04-01
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် ဂန္ဓမာလမ်းထောင့်မှာရှိတဲ့ စစ်တပ်ပိုင် ဂန္ဓမာဟိုးဆေး (Gandamar Whole Sale) ကုန်တိုက် ဧပြီလ ၁ ရက် မနက်စောစောက မီးလောင်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
2021-04-01
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ နိုင်ငံတဝန်းက ပြည်သူတွေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အကြိမ်ကြိမ်ပစ်ခတ်ဖြိုခွင်း ဖမ်းဆီးခဲ့ပေမယ့် ဒီနေ့မနက်က လှိုင်မြို့နယ် လှိုင်မြစ်လမ်းမှာ စစ်အာဏာသိမ်းမှုကို ဆက်လက်ဆန့်ကျင် ဆန္ဒပြနေကြပါတယ်။