စစ်အာဏာရှင်ဆန့်ကျင်ရေး လှိုင်မြို့နယ်က လူငယ်တွေ ဆန္ဒပြ
2021.04.01
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ နိုင်ငံတဝန်းက ပြည်သူတွေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အကြိမ်ကြိမ်ပစ်ခတ်ဖြိုခွင်း ဖမ်းဆီးခဲ့ပေမယ့် ဒီနေ့မနက်က လှိုင်မြို့နယ် လှိုင်မြစ်လမ်းမှာ စစ်အာဏာသိမ်းမှုကို ဆက်လက်ဆန့်ကျင် ဆန္ဒပြနေကြပါတယ်။
ဆန္ဒပြ လူငယ်တွေက COVID-19 ကာလ ပြည်သူတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ရုန်းကန်ရပုံတွေ၊ စစ်တပ်က အာဏာသိမ်းခဲ့တာတွေ၊ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ မျိုးဆက်သစ်တွေက ပြည်ထောင်စု တပ်မတော်ဖွဲ့စည်းဖို့ ကြိုဆိုတဲ့ပုံစံနဲ့ ဆန္ဒပြသူတွေပုံစံ သရုပ်ေဖော်ပြီး လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။