သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-09-27
မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးနောက် ပိုင်း နှစ်ပေါင်း ၆၀ ကျော်ကြာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေးအတွက် နိုင် ငံရေးတွေ့ဆုံ ဆွေးနွေးပွဲတွေကသာ အဖြေရှာ သွားနိုင်မှာဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်း ချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းက ပြောကြားလိုက်ပါတယ်။
2014-09-27
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တည်ထောင်တဲ့ ၂၆ နှစ်မြောက် နှစ်ပတ် လည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်က NLD ရုံးချုပ်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2014-09-27
ရခိုင်ပြည်နယ် မောင်တောနယ်စပ် မိုင်တိုင် အမှတ် ၄၅ နဲ့ ၄၇ ကြားမှာ မြန်မာ နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ လက်နက်ကိုင် တစ်စုတို့ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြတယ်လို့ သိရပါတယ်။
2014-09-27
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခဲ့တာ ၂၆ နှစ်ပြည့်ဖြစ်တဲ့အတွက် ပါတီရဲ့အားကောင်းချက်နဲ့အားနည်းချက်တွေ၊ လုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ သဘာပတိအဖွဲ့ဥက္ကဌ ဦးတင်ဦးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ်မေးမြန်းထားတာနားဆင်နိုင်ပါပြီ။
2014-09-27
စက်မှုဝန်ကြီးဌာနဟာ ဘဏ္ဍာရေးနှစ် ၂ နှစ်တာကာလအတွင်း ငွေကျပ် ၉၀ ဘီလီယံနီးပါး အရှုံးပေါ်ခဲ့တယ်လို့ ဒုတိယဝန်ကြီး ဦးသိန်းအောင်က ပြောပါတယ်။
2014-09-27
ငွေကျပ် ၁၅ဝဝ တန် ဖုန်းဆင်းမ်ကတ်တွေကို သတ်မှတ်နှုန်းထက်ပိုရောင်းတဲ့ အရောင်း ဆိုင်တွေနဲ့ ကုမ္ပဏီတွေကို ပိတ်သိမ်းတဲ့အ ထိ အရေးယူသွားမှာဖြစ်ကြောင်း ဆက်သွယ်ရေးနဲ့ သတင်း အချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းသန်းက ပြည်သူ့လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။
2014-09-27
မြန်မာအမျိုးသမီးတွေရဲ့ ဘဝအခြေ အနေတွေ တိုးတက်လာရေးအတွက် အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန် ထူထောင် ထားတဲ့ Clinton Global Initiative CGI ခေါ် ကလင်တန်နိုင်ငံ တကာ ကူညီထောက်ပံ့ရေး အစီအစဉ်က အမေရိကန်ဒေါ် လာ ၇ သန်း အကူအညီပေးမယ်လို့ သိရပါတယ်။ CGI ရဲ့ နှစ်ပတ်လည်စည်းဝေးပွဲကနေ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
2014-09-27
ထိုင်း မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေ က လူဦးရေ ၂၃ ယောက်ပါဝင်တဲ့ မိသားစု ငါးစုဟာ တတိယနိုင်ငံမှာ အခြေချနေ ထိုင်ရေးအစီအစဉ်အရ ဂျပန်နိုင်ငံ တိုကျိုမြို့ကို သောကြာနေ့ ညနေပိုင်းက ရောက်ရှိခဲ့ကြပါတယ်။
2014-09-26
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် ရရှိဖို့ အတွက် ခြောက်ကြိမ်မြောက်အဖြစ် အစိုးရကိုယ်စားလှယ်တွေနဲ့၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့ NCCT တို့ရဲ့ ငါးရက်ကြာတွေ့ဆုံဆွေးနွေးပွဲ ဒီကနေ့ ပြီးဆုံးသွားပါပြီ။
2014-09-26
အစိုးရဘတ်ဂျက်နဲ့ အကောင်အထည်ဖော်နေတဲ့ ဆေးရုံဆေးခန်း၊ စာသင်ကျောင်း၊ အဆောက်အဦးနဲ့ လမ်းတံတားတွေ အရည်အသွေးမမီတာ တွေ့ခဲ့ရင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ကို အထောက်အထားတွေနဲ့အတူ တင်ပြကြဖို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က မနေ့က ညွှန်ကြားချက် ထုတ်လိုက်ပါတယ်။
2014-09-26
ရခိုင်ပြည်နယ်က ဒေသခံကလေးသူငယ်တွေဟာ မူလတန်းပညာနဲ့ အလယ်တန်းပညာ သင်ကြားရေး အတွက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေကို အခုအချိန်အထိ အားထားနေရဆဲဖြစ်ပါတယ်။
2014-09-26
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ မှတ်မှတ်သားသား စကားများ (Quotes of the Week) အစီအစဉ်ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်လယ်ယာမြေကော်မတီဥက္ကဋ္ဌ ဦးတင်ထွဋ်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း၊ ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်၊ တိုင်းရင်းသားအပစ်ခတ်ရပ်စဲရေး ကိုယ်စားလှယ်အဖွဲ့ NCCT က ဦးနိုင်ဟံသာ၊ ရွှေဝါရောင်ဆရာတော်ဦးဇဝနတို့ရဲ့ ပြောကြားချက်တွေကို စုစည်းပြီး RFA အဖွဲ့သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2014-09-26
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်မှာ မြို့သာစက်မှုဇုန် နဲ့ ဂေါက်ကွင်းဖော်ဆောင်ဖို့ အတွက် သိမ်းဆည်းထားတဲ့ လယ်ဧက တစ်သောင်းကျော်မှာ ဝင်ရောက်စိုက်ပျိုးလို့ဆိုပြီး တောင်သူ ၉ဦးကို ငါန်းဇွန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး ဒုတိယဦးစီးမှူးက ကျူးကျော်ဝင်ရောက်မှု၊ အကျိုး စီးပွားဖျက်ဆီးမှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မတွေနဲ့ ဒီနေ့ တရားစွဲလိုက် ပါတယ်။
2014-09-26
တရုတ်ဝမ်ပေါင်နဲ့ စစ်တပ်ရဲ့ ဦးပိုင်ကုမ္ပဏီတို့ဆောင် ရွက်နေတဲ့ လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းဒေသကရွာတွေမှာ ပြီးခဲ့တဲ့နှစ်ဧပြီလ က ဒေသခံတွေရဲ့ ထွန်တုံးတိုက်ပွဲကို ဦးဆောင်တယ်လို့ စွပ်စွဲပြီး ထောင်ချခံထားရတဲ့ မြန်မာနိုင်ငံ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်ကျောင်းသားများကွန်ရက်က ကိုသော်ဇင်ကို လွတ်ရက်စေ့တဲ့အတွက် မုံရွာအကျဉ်းထောင်ကနေ ဒီနေ့ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
2014-09-26
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ် က လယ်ယာမြေဧက ၃ သောင်းကျော်မှာ မှတ်ပုံတင်ခွင့်ရရှိဖို့အတွက် မနေ့က မကွေးမြို့သစ်တော ရုံးရှေ့မှာ ဆန္ဒပြခဲ့တဲ့ တောင်သူတွေထဲက ဦးဆောင်သူ တစ်ဦးကို ခွင့်ပြုချက်နဲ့မညီဘဲ ဆန္ဒပြခဲ့တယ်ဆိုပြီး ပုဒ်မ ၁၉နဲ့ မကွေးမြို့ အမှတ် ၂ ရဲစခန်းက အမှုဖွင့်လိုက်ပါတယ်။