အစိုးရဘတ်ဂျက်နဲ့ လမ်းတံတားအရည်အသွေး
2014.09.26
အစိုးရဘတ်ဂျက်နဲ့ အကောင်အထည်ဖော်နေတဲ့ ဆေးရုံဆေးခန်း၊ စာသင်ကျောင်း၊ အဆောက်အဦးနဲ့ လမ်းတံတားတွေ အရည်အသွေးမမီတာ တွေ့ခဲ့ရင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ကို အထောက်အထားတွေနဲ့အတူ တင်ပြကြဖို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က မနေ့က ညွှန်ကြားချက် ထုတ်လိုက်ပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် မဝေယံမိုးမြင့် တင်ပြထားပါတယ်။