အပစ်ရပ်ရေး ခြောက် ကြိမ်မြောက်ဆွေးနွေးပွဲ
2014.09.26
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ရရှိဖို့ အတွက် ခြောက်ကြိမ်မြောက်အဖြစ် အစိုးရကိုယ်စားလှယ်တွေနဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT တို့ရဲ့ ငါးရက်ကြာတွေ့ဆုံဆွေးနွေးပွဲ ဒီကနေ့ ပြီးဆုံးသွားပါပြီ။ ဒီဆွေးနွေးပွဲကနေ အပစ်အခတ်ရပ်စဲရေးစာချုပ် (စတုတ္ထ မူကြမ်း) ကို အတည်ပြုနိုင်ခဲ့ တယ်လို့ နှစ်ဖက် ပူးတွဲထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါ့ပြင် လာမယ့် အောက်တိုဘာလ အတွင်း နောက်တကြိမ် ထပ်ပြီး ဆွေးနွေးကြအုံးမယ်လို့လည်း ဆိုပါတယ်။ RFA အဖွဲ့သား ကိုခင်မောင်စိုးမင်းက ဆက်ပြီး တင်ပြပေးမှာပါ။