သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-08-28
အမေရိကန်သမ္မတ Barack Obama ဟာ လာမယ့်နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံကို လာရောက်မယ်လို့ သမ္မတရဲ့ အာရှပစိဖိတ်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုရေးရာဌာနက အမေရိကန် အကြီးတန်းအရာရှိ Robert Wang က ဒီကနေ့ပြောကြားပါတယ်။
2014-08-27
ရန်ကုန်တိုင်းအစိုးရက မြို့သစ်တစ်ခု တည်ဆောက်မယ့်စီမံကိန်းကို တင်ဒါ မခေါ်ပဲ ကုမ္ပဏီတခုကို ပြိုင်ဖက်မရှိခွင့်ပြုခဲ့တာဟာ ပွင့်လင်းမြင်သာမှှုကင်းမဲ့တဲ့ လုပ်ရပ်ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ဝေဖန်ပြောကြားလိုက်ပါတယ်။
2014-08-27
တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ တက်ရောက်ဆွေးနွေးနေတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ-UNFC ရဲ့ ပထမဆုံးအကြိမ်ညီလာခံကို ထိုင်းနိုင်ငံချင်းမိုင် မြို့မှာ ဒီကနေ့ ဒုတိယမြောက်နေ့အဖြစ် ကျင်းပနေ ပါတယ်။
2014-08-27
အမျိုးသား ပညာရေးဥပဒေကို ပြန်လည်ပြင်ဆင်ပေးဖို့အတွက် မန္တလေးမြို့ ရတနာပုံတက္ကသိုလ်က ကျောင်းသူကျောင်းသားတွေ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2014-08-27
စင်ကာပူနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အကူအညီပေးရေးအဖွဲ့ (H.O.M.E) နဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း)၊ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီအသင်းချုပ်တို့ ပူးပေါင်းပြီး စင်င်္ကာပူနိုင်ငံရောက် အိမ်အကူ အလုပ်သမားတွေကို အကူအညီပေးရေး ဆွေးနွေးပွဲတခုကို ရန်ကုန် စမ်းချောင်းမြို့နယ်မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
2014-08-27
ရခိုင်ပြည်နယ်မှာ ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံအဖွဲ့အစည်းတွေ အကြား ပူးပေါင်းဆောင်ရွက်ရေးအတွက် ပြည်နယ်အစိုးရနဲ့ လူမှုအဖွဲ့အစည်းတွေ ဒီကနေ့ ဆွေးနွေးခဲ့ကြ ပါတယ်။
2014-08-27
မြန်မာနိင်ငံမှာကျင်းပဖို့ရှိတဲ့ ရွေးကောက် ပွဲတွေမှာ နိုင်ငံနဲ့လိုက်လျောညီထွေဖြစ်စေ မယ့် ရွေးကောက်ပွဲစနစ် ကျင့်သုံးနိုင်ဖို့အတွက် ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲစနစ် လေ့လာသုံးသပ်ရေးကော်မရှင်က ဒီကနေ့ စတင်စည်းဝေးဆွေးနွေးကြကြောင်း သိရ ပါတယ်။
2014-08-27
ရန်ကုန်တိုင်းဒေသကြီးမှာ အိမ်ငှား ခဈေးနှုန်းတွေ မြင့်တက်နေတဲ့အတွက် သင့်တော်တဲ့ အိမ်ငှားခ နှုန်းထားတွေ သတ်မှတ်ပေးဖို့နဲ့ ဌားရမ်းမှုအဆင်ပြေအောင် ဆောင်ရွက်ပေးမယ့်အဖွဲ့တွေ ဖွဲ့ပေးဖို့ အဆိုကို ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၂ ဦးက တင်သွင်းခဲ့ပါတယ်။
2014-08-27
ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့တဲ့ အမျိုးသားပညာရေးဥပဒေမှာ ကျောင်းသားတွေဟာ နိုင် ငံရေးနဲ့ ကင်းလွတ်ရမယ်ဆိုတဲ့အချက်တွေ ပါဝင်နေတဲ့ အတွက် ပြင်ဆင်ပေးဖို့ မန္တလေးမြို့ ရတနာပုံတက္ကသိုလ်က တက္ကသိုလ်ကျောင်းသား ကျောင်းသူ ၅၀ ကျော် ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2014-08-27
ပဲခူးတိုင်း ဖြူးမြို့နယ် ညောင်ပင်သာရွာ တဝိုက်က လယ်သမား ၆၆ ယောက်ကို စိုက်ပျိုးရေးဌာနနဲ့ မြအိန္ဒြေဆိုတဲ့ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက မြေလွတ်မြေရိုင်းဥပဒေပုဒ်မ ၂၇ နဲ့ တရား စွဲထားတယ်လို့သိရပါတယ်။
2014-08-27
ရခိုင်ပြည်နယ်က ဒေသခံရခိုင် တိုင်းရင်း သားတွေအနေနဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ကို ဝေဖန်ပြစ်တင်မနေကြဘဲ ပဋိပက္ခတွေ ကို ဘယ်လိုကျော်ဖြတ်မလဲဆိုတာ စဉ်းစားကြဖို့ ရခိုင်ပြည် နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက တိုက်တွန်းပြော ကြားလိုက်ပါတယ်။
2014-08-27
မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် ကျောက်တန်းရွာအနီး မှာ ရေပေးေ၀ ဖို့အတွက် ဆည်တည်ဆောက်ဖို့ ပြင် ဆင်နေတာကို ကျောက်တန်းရွာ အိမ်ထောင်စုငါးရာကျော် က ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုးပြီး မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူးနဲ့ ဆည်မြောင်းဦးစီးဌာနထံ တင်ပြထားတယ် လို့ သိရပါတယ်။
2014-08-26
ရှမ်းပြည်နယ်မြောက်ပိုင်းက ကျေးရွာတွေမှာ မူးယစ်ဆေးဝါး သုံးစွဲရောင်းချသူတွေ သိသိသာသာ များပြားလာတာကြောင့် ဒေသခံလူငယ်တွေက မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအသင်းတွေ ဖွဲ့စည်းပြီး လုပ်ဆောင်နေပါတယ်။
2014-08-26
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ လယ်ယာမြေနဲ့ တခြားမြေများ သိမ်းဆည်းခံရမှု ပြဿနာတွေကို ပြည်နယ်အစိုးရက အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးအောင် တိုက်တွန်းဖို့အတွက် ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးက ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2014-08-26
လွန်ခဲ့တဲ့နှစ်ပေါင်း လေးရာလောက်က ရန်ကုန် ဒေါပုံမြစ်အတွင်း နစ်မြုပ်ခဲ့တဲ့ ဓမ္မစေတီခေါင်းလောင်း ကို တူးဖော်နိုင်ဖို့ ကြိုးစားနေတာ သြဂုတ်လ ၁ဝ ရက်နေ့ ကတည်းကဖြစ်ပြီး ဒီနေ့ နောက်ဆုံးနေ့အဖြစ် သတ်မှတ်ထားပါတယ်။