အမေရိကန်သမ္မတ နေပြည်တော် အရှေ့အာရှထိပ်သီးညီလာခံ တက်ရောက်မည်


2014.08.28
obama-305.jpg အမေရိကန်သမ္မတ Barack Obama ပုံ
Photo: WH.GOV

အမေရိကန်သမ္မတ Barack Obama ဟာ လာမယ့်နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံကို လာရောက်မယ်လို့ သမ္မတရဲ့ အာရှပစိဖိတ်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုရေးရာဌာနက အမေရိကန် အကြီးတန်းအရာရှိ Robert Wang က ဒီကနေ့ပြောကြားပါတယ်။

သမ္မတအိုဘားမားဟာ တရုတ်နိုင်ငံ ဘေကျင်းမြို့ မှာ နိုဝင်ဘာလ ၁ဝ ရက်နဲ့ ၁၁ ရက်နေ့တွေ မှာ ပြုလုပ်မယ့် APEC (ခေါ်) အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးညီလာခံကို တက်ရောက်ပြီးနောက်၊ နိုဝင်ဘာလ ၁၂ ရက်နေ့ မြန် မာနိုင်ငံမှာ ပြုလုပ်မယ့် အရှေ့အာရှ ထိပ်သီး ညီလာခံကို တက်ရောက်မှာပါ။

မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၁၃ ရက်ကနေ ၁၄ အထိ ကြာမြင့်မှာဖြစ်ပြီး အဲဒီနောက် နိုဝင်ဘာလ ၁၅ ရက်နေ့ သြစတြေးလျနိုင်ငံမှာ ပြုလုပ်မယ့် G-20 စက်မှုထိပ်သီးညီလာခံကို တက်ရောက်မှာဖစ်ပါတယ်။

ဒီအတောအတွင်း အစ္စရေးနိုင်ငံရဲ့ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးဟာ နှစ်ရက်ကြာခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ဒီကနေ့ ရောက်ရှိမယ်လို့ သိရပါတယ်။

ဒါဟာ ၁၉၇၉ ခုနှစ်က အစ္စရေးနိုင်ငံခြားရေးဝန်ကြီး မိုရှီဒါယန်း မြန်မာနိုင်ငံကို လာရောက်ပြီးနောက် ၃၅ နှစ်အတွင်း မြန်မာနိုင်ငံကို လာရောက်တဲ့ အစ္စရေးအဆင့်မြင့်အရာရှိတစ်ဦးရဲ့ ပထမဆုံးခရီးစဉ် ဖြစ်ပါတယ်။

အစ္စရေး လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံမှာရှိစဉ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။