သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-07-27
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုကို ရာထူးက နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ဇူလိုင်လ ၂၆ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2019-07-27
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ် စစ်ကိုင်း - မန္တလေးလမ်းက နေအိမ် ကိုးလုံးကို လမ်းနယ်နိမိတ်ကို ကျူးကျော်တယ်ဆိုပြီး မန္တလေးစည်ပင်သာယာရေးကော်မတီက ဒီနေ့မနက်မှာ ဖယ်ရှားရှင်းလင်းခဲ့ပါတယ်။
2019-07-27
နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ ဦးဆောင်တဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့ကို မနေ့ကရောက်ရှိပြီး ဒီနေ့မှာတော့ ကော့ဆက်ဘဇားခရိုင်အတွင်းက ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့တယ်လို့ သိရပါတယ်။
2019-07-27
၂ဝ၁၉ ဇူလိုင် ၂၇ ရက်နေ့ RFA စကားဝိုင်း အစီအစဉ်မှာ " မြန်မာ့နိုင်ငံရေးနှင့် ကြီးထွားလာနေတဲ့ တရုတ်သြဇာအရှိန်အဝါ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2019-07-27
အအငြိမ်းစား ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်မယ့် အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ DNP ဟာ လာမယ့် ၂ဝ၂ဝ ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဝင်ရောက်ယှဉ်ပြိုင်သွား မယ်လို့ ပါတီခေါင်းဆောင်တွေက ပြောလိုက်ပါတယ်။
2019-07-27
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ကုလားမတောင်ကျေးရွာအနီးမှာ တပ်မတော်နဲ့ AA တို့ ဒီကနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့လို့ ဒေသခံတွေ ထွက်ပြေးနေကြရပါတယ်။
2019-07-26
ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို အရပ်သားအစိုးရနဲ့ တိုင်းရင်းသား အဖွဲ့တွေက ဦးစီးလုပ်ဆောင်မယ်ဆိုရင် ပိုပြီးထိရောက်မှုရှိလိမ့်မယ်လို့ စစ်အစိုးရ လက်ထက်က မြန်မာနိုင်ငံ အမေရိကန် သံရုံးရဲ့ တာဝန်ခံ သံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အမေရိကန် သံတမန်ဟောင်း Priscilla Clapp က ပြောလိုက်ပါတယ်။
2019-07-26
ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို အရပ်သားအစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေက ဦးစီးလုပ်ဆောင်မယ်ဆိုရင် ပိုပြီး ထိရောက်မှု ရှိလိမ့်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံတမန်ဟောင်း Prisclla Clapp က ပြောလိုက်ပါတယ်။
2019-07-26
နည်းပညာတွေ တိုးတက်လာတဲ့ ၂၁ ရာစုမှာ အင်တာနက်နည်းပညာရဲ့ ကျေးဇူးကြောင့် သတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီ သိရှိနေကြပါတယ်။ မြန်မာနိုင်ငံမှာတော့ အစိုးရက အင်တာနက်ဆက်သွယ်မှု ဖြတ်တောက်ထားတဲ့အတွက် သတင်းအချက်အလက်အမှန် သိနိုင်ဖို့ ခက်ခဲနေတဲ့ ဒေသတွေ ရှိလာနေပါတယ်။
2019-07-26
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တရုတ်နိုင်ငံနဲ့ကပ်လျက် မိုင်းလားအထူးဒေသဟာ တခြား တိုင်းရင်းသားဒေသ တွေထက် သိသိသာသာ တိုးတက်နေပြီဆိုပေမဲ့၊ မြန်မာ့ယဉ်ကျေးမှု အရိပ်အရောင်တွေ နည်းပါးနေပြီး တရုတ်ရဲ့သြဇာလွှမ်းမိုးမှု ကြီးကြီးမားမား ရှိနေတာ တွေ့ရပါတယ်။
2019-07-26
အခုနှစ်အတွင်း H1N1 ရောဂါပိုး အပါအဝင် ရာသီတုပ်ကွေးကြောင့် သေဆုံးသူ အရေအတွက် ၇ဝ ကျော် ရှိသွားပါပြီ။ မြန်မာလူထုအကြားမှာ ဒီရောဂါပိုးနဲ့ ပတ်သက်တဲ့ အသိပညာ ဗဟုသုတ ဘယ်လောက်ရှိနေပါပြီလဲ... ။
2019-07-26
AA အဖွဲ့ကို ရန်ပုံငွေရှာဖွေထောက်ပံ့နေတယ်ဆိုပြီး စင်္ကာပူနိုင်ငံမှာ ပြည်နှင်ဒဏ်ပေးခံရပြီး မြန်မာနိုင်ငံကို ပြန်ပို့ခံခဲ့တဲ့ ရခိုင်လူမှုရေးအသင်း (စင်္ကာပူ) အဖွဲ့ခေါင်းဆောင်တွေ အပါအဝင် ကိုးဦးကို ဒီနေ့ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှာ ဒုတိယအကြိမ် အချုပ်ရမန်ယူခဲ့ပါတယ်။
2019-07-26
မြန်မာနိုင်ငံရေး၊ လူမှုရေးနယ်ထဲက လူပုဂ္ဂိုလ်တွေရဲ့ သတင်းမီဒီယာတွေမှာ ပြောကြားကြတဲ့အထဲက စိတ်ဝင်စားစရာ ပြောကြားချက်တချို့ကို လက်လှမ်းမီသရွေ့ စုစည်းပြီး RFA အဖွဲ့သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2019-07-26
မြေပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး မကွေးတိုင်း ရေနံချောင်းမြို့နယ် ကျေးရွာ နှစ်ရွာအကြား အခင်းဖြစ်ပွားရာကနေ လူပေါင်း (၃၈) ဦး သေဆုံးသည်အထိ ဖြစ်ပွားခဲ့တာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ပြီး လုပ်ဆောင်သွားမယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဦးဝေဖြိုးဇင်က ပြောပါတယ်။
2019-07-26
ရခိုင်ပြည်နယ်က မြို့နယ် ၈ မြို့နယ်နဲ့ ချင်းပြည်နယ်က မြို့နယ်တစ်ခုမှာ အင်တာနက်ဖြတ်တောက်ထားတာကို ပြန်ဖွင့်ပေးဖို့ စဉ်းစားနေတယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။