ရေနံချောင်းက လူ ၃၈ ဦး သေဆုံးမှု စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး စစ်ဆေးမည်
2019.07.26
မြေပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး မကွေးတိုင်း ရေနံချောင်းမြို့နယ် ကျေးရွာ နှစ်ရွာအကြား အခင်းဖြစ်ပွားရာကနေ လူပေါင်း (၃၈) ဦး သေဆုံးသည်အထိ ဖြစ်ပွားခဲ့တာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ပြီး လုပ်ဆောင်သွားမယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဦးဝေဖြိုးဇင်က ဒီကနေ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောကြားလိုက်ပါတယ်။
RFA သတင်းထောက် ကိုဇော်တူး တင်ပြထားပါတယ်။