သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-07-27
အစိုးရဝန်ကြီးတွေနဲ့ ရခိုင် အရပ်ဘက်အဖွဲ့အစည်းတွေ တွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး၊ ပွဲတက်ရောက်ခဲ့သူ ဒေသခံတစ်ဦးကို ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
2014-07-27
ရွေးကောက်ပွဲတွေနဲ့ သက်ဆိုင်တဲ့ ညွှန်ကြားချက်တွေ ထုတ်ပြန်ရာမှာ နိုင် ငံရေး ပါတီတွေနဲ့ အချိန်ပေးဆွေးနွေး ဖို့ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်ကို စာရေး သားတောင်းဆိုဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသား နိုင်ငံရေး ပါတီတွေက ဒီကနေ့ သဘော တူညီခဲ့ကြပါတယ်။
2014-07-27
နိုင်ငံတော်အစိုးရအနေနဲ့ MSF ခေါ်နယ် စည်းမထား ဆရာဝန်များအဖွဲ့ကို ရခိုင်ပြည်နယ်ထဲ ပြန်လည်ဝင်ရောက် လုပ် ကိုင်ဖို့ ဖိတ်ခေါ်ခဲ့တာနဲ့ ပတ်သက်ပြီး ရခိုင်ဒေသခံတွေ ဘက်က သဘောမတူတဲ့ခံစားချက်ကို စာနာနားလည်မိသလို အစိုးရရဲ့ အကျပ်အတည်းတွေကိုလည်း ရခိုင်ဒေသခံတွေ ဘက်က နားလည်ပေးကြဖို့ နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ဒီကနေ့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။
2014-07-27
သတင်းမီဒီယာသမားတွေ အရေးယူ ခံနေရတာတွေကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်မှာ အဆို တစ်ရပ် တင်သွင်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
2014-07-27
မြန်မာနိုင်ငံ ငြိမ်းချမ်းရေး စင်တာ (MPC)က ဦးဆောင်ပြီး လူငယ်နဲ့ ငြိမ်းချမ်းရေး ဆိုတဲ့ခေါင်းစဉ် နဲ့ ဆွေးနွေးပွဲကို တောင်ကြီးမြို့ တောင်ကြီးဟိုတယ် နဲ့ ဟုတ်ကြန့်ဘုံကျောင်းတို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်ကနေ ဒီနေ့အထိ ငါးရက်ကြာ ကျင်းပခဲ့ပါတယ်။
2014-07-27
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို အဟန့်အတားဖြစ်နေတယ်လို့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများကွန်ရက်က ဒီကနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2014-07-27
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ မြို့မရဲစခန်းမှာ ဇူလိုင်လ ၂၆ ရက် ည ၇ နာရီကျော်လောက်က အချုပ်ခန်း ဖောက် ဖျက်ထွက်ပြေးတဲ့ မူးယစ်ဆေးဝါးတရားခံ ၇ ဦးကို ရဲတပ်ဖွဲ့ ဝင်တွေက ပစ်ခတ်ဖမ်းဆီးရာမှာ တရားခံ ၃ ဦးသေဆုံး သွားပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
2014-07-27
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေအတွင်း မိုးကြိုးပြင်ရွာနားက ခြံစည်းရိုးခတ်ထားတဲ့နေရာမှာ မနေ့ က ဒေသခံလယ်သမားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပဋိပက္ခဖြစ် ပွားခဲ့တာနဲ့ ပတ်သက်ပြီး ဒေသခံရွာသားတွေကို အမှုဖွင့် အရေးယူသွားမယ်လို့ သိရပါတယ်။
2014-07-27
မြန်မာသတင်းနဲ့ မီဒီယာများကို အကာအကွယ်ပေးရေးနဲ့ ပတ်သက်ပြီး မီဒီယာဖိုရမ်တစ်ခုကို မနေ့က ရန်ကုန်မြို့ ယုဇနဟိုတယ်မှာပြုလုပ်ခဲ့ပါတယ်။
2014-07-26
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့် အရေးအထူးကိုယ်စားလှယ် Ms Yanghee Lee က ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပေါ်နေတဲ့အခြေ အနေတွေကြောင့် ဗုဒ္ဓဘာသာဝင်နဲ့ မွတ်စလင်တွေအကြား ရာသက်ပန်ခွဲခြားမှှုဖြစ်ပေါ်လာမှာကို စိုးရိမ်ပူပန်မိကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။
2014-07-26
အခုတစ်ပတ် စကားဝိုင်း အစီအစဉ် မှာ မေတ္တာတရားအခြေခံတဲ့ ဗုဒ္ဓဘာသာ ရှင်သန် ဖွံ့ဖြိုးရာ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်နှစ်ကာလ အတွင်း ဘာသာရေးအခြေခံတဲ့ အကြမ်းဖက်မှု ကြီးတွေ ဖြစ်ပွါးခဲ့တာဟာ ဘယ်လိုကြောင့်လဲ၊ အနာဂါတ်မှာ ဘယ်လိုဟန့်တားသွားကြမလဲ ဆိုတာကို ရဟန်းတော် နှစ်ပါး၊ မီဒီယာသမားတစ်ဦးတို့နဲ့အတူ RFA အဖွဲ့သား ဦးခင်မောင်ညိန်းက ဆွေးနွေးတင်ပြထားပါတယ်။
2014-07-26
လက်ပံတောင်းတောင်ဒေသမှာ ရဲတပ်ဖွဲ့နဲ့ဒေသခံတွေ ဒီနေ့ထပ်ပြီး ထိပ်တိုက်တွေ့ကြတယ်လို့သိရပါတယ်။
2014-07-26
မန္တလေးမြို့မှာ အခြေအနေတွေ တည်ငြိမ်နေပြီဖြစ်တဲ့အတွက် နေ့စဉ်လူမှု ဘဝတွေပြေလည်ဖို့ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို လုံးဝရုပ်သိမ်းပေးဖို့မန္တလေးမြို့ငြိမ်းချမ်းမှု ထိန်းသိမ်းရေးကော်မတီက ဒီနေ့ကျင်းပတဲ့ အစည်းအဝေး ကနေ မေတ္တာရပ်ခံလိုက်ပါတယ်။
2014-07-26
ရန်ကုန်မြို့ ယုဇနဟိုတယ်မှာ ဒီကနေ့ကျင်းပခဲ့တဲ့ မီဒီယာဖိုရမ် အစည်းအဝေးအကြောင်း အပါအဝင်၊ မြန်မာနိုင်ငံ သတင်းမီဒီယာလောက လက်ရှိအခြေအနေ၊ အနာဂါတ်အလားအလာတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2014-07-26
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် DKBA တပ်တွေနဲ့ မြန်မာ့တပ်မတော်၊ အရှေ့တောင်ပိုင်းစစ်ဌာနချုပ် လက်အောက်ခံ ရှေ့တန်း အမှတ် ၂၇၅ တို့အကြား နယ်မြေဖြတ်ကျော်တာကို အကြောင်းပြုပြီး စစ်ဆေးရာမှာ အပြန်အလှန်ဖမ်းဆီးတာတွေ မနေ့ညက ဖြစ်ပွားခဲ့ပါတယ်။