သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-07-24
NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပါတီဝင်များ အရည်အချင်း မြှင့်တင်ရေး အစီအစဉ်အဖြစ် လုပ်ဆောင်နေတဲ့ အဆင့်မြင့် နိုင်ငံရေးသိပ္ပံ သင်တန်းမှာ ဒီကနေ့ ပါမောက္ခ ဒေါက်တာ ဘရန်ဒန်ဟိုဝဲလ် က “တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာခြင်း” ခေါင်းစဉ်နဲ့ သင်ကြားပို့ချခဲ့တယ်လို့ သိရပါတယ်။
2011-07-24
အခုတပတ် ဦးခင်မောင်ညိန်း စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ ပြီးခဲ့တဲ့သီတင်းပတ်က NLD ပါတီရဲ့ အာဇာနည်နေ့ လှုပ်ရှားမှုတွေအပေါ် အစိုးရက လျှော့ပေါ့ လိုက်လျောခဲ့တဲ့ကိစ္စနဲ့ မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရက ဖိအားပေးမှုတွေ ဆက်လက်ထားရှိနေတဲ့ အကြောင်းကို အခြေပြု ဆွေးနွေးထားကြပါတယ်။
2011-07-24
ကနေဒါနိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ သံအမတ်ကြီး အပြန်အလှန် ခန့်အပ် တာ အပါအဝင် မဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံရေး စတင်ထားပြီ ဖြစ်ပေမယ့် မြန်မာနိုင်ငံအပေါ် ကနေဒါက ချမှတ်ထား တဲ့ ပိတ်ဆို့ အရေးယူမှုတွေကိုတော့ ဖယ်ရှားဖို့ မရှိသေးဘူးလို့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး John Baird က ပြောကြားလိုက်ပါတယ်။
2011-07-24
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန် တနင်္လာနေ့မှာ မြန်မာအစိုးရ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံမယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ အတည်ပြု ပြောကြားပါတယ်။
2011-07-24
NDF အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီက ကချင်ပြည်နယ်အတွင်း စစ်ပြေးဒုက္ခသည်တွေကို ကူညီသွားဖို့ ရည်ရွယ်ချက်နဲ့ မြစ်ကြီးနားမြို့မှာ NDF ပါတီ ကချင်ပြည်နယ်ရုံးချုပ်ကို မနေ့က ဖွင့်လှစ်လိုက်တယ်လို့ သိရပါတယ်။
2011-07-23
ရှမ်းပြည်နယ် လားရှိုးထောင်မှာ အကျဉ်းကျခံနေရတဲ့ ၂ဝဝ၇ မျိုးဆက် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တဦး ဖြစ်တဲ့ မဟန်နီဦးဟာ ထောင်တွင်း အစားအသောက် တွေကြောင့် အစာအိမ်ရောဂါ ဝေဒနာ ခံစားနေရတယ် လို့ ဇူလိုင်လ ၂၂ ရက်နေ့က ထောင်ဝင်စာ သွားတွေ့ခဲ့ တဲ့ ဖခင် ဦးထွန်းဦးက RFA ကို ပြောပါတယ်။
2011-07-23
လက်ရှိ မြန်မာအစိုးရ အနေနဲ့ အရပ်သားအစိုးရ အစစ်အမှန် ဖြစ်အောင် လုပ်မှာလား၊ ဒါမှမဟုတ် ဒီမိုကရေစီ အရေခြုံ စစ်အစိုးရ ဆိုတဲ့ လမ်းဟောင်းအတိုင်း လိုက်မှာလား ဆိုတာ ပြတ်ပြတ်သားသား ရွေးချယ်ဆုံးဖြတ်ဖို့အတွက် လမ်းဆုံလမ်းခွကို ရောက်ရှိနေပါပြီလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဒီကနေ့ ပြောလိုက်ပါတယ်။
2011-07-23
ငြိမ်းချမ်းရေးဗိသုကာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၄၇ နှစ်ပြည့် နှစ်လည် အခမ်းအနားကို မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး ဆရာကြီး ရဲ့ ‘သူမသာ ကိုယ်မနာ’ ငြိမ်းချမ်းရေးလမ်းစဉ်ကို ထောက်ခံကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
2011-07-22
SSA (မြောက်ပိုင်း) တပ်ရဲ့ ရှမ်းပြည်တောင်ပိုင်းမှာရှိတဲ့ ဝမ်ဟိုင်းဌာနချုပ်နဲ့ (၅) မိုင်အကွာမှာ မြန်မာအစိုးရတပ်က တပ်ရင်း(၁၄) ရင်း စစ်အင်အား (၁) ထောင်နီးပါးနဲ့ အနီးကပ် ဝိုင်းထားပြီး ဝမ်ဟိုင်းဌာနချုပ် လေးဘက်လေးတန်မှာ စုစုပေါင်း တပ်ရင်း(၄၀)လောက် ချထားတယ်လို့ SSA (မြောက်ပိုင်း) တပ်ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူး စိုင်လက RFAကို ပြောပါတယ်။
2011-07-22
KIO ကချင်လွတ်လပ်ရေး အဖွဲ့ ဌာနချုပ်ရှိရာ လိုင်ဇာနဲ့ ၁၀ မိုင်အကွာက နေရာကို မြန်မာ အစိုးရတပ်တွေက မနေ့ညက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ကြောင်း KIO အဖွဲ့ ပြောခွင့်ရသူ ဦးလာနန်းက RFA ကိုပြောပါတယ်။
2011-07-22
မကွေးတိုင်း ငဖဲမြို့နယ် အတွင်း အခု ရက်ပိုင်းမှာ မိုးအဆက်မပြတ် ရွာပြီး ရေများလာတာကြောင့် ကြောင်နတိုးဆည်က ဆည်ရေ ဖေါက်ချလိုက်တဲ့ အတွက် စကုမြို့နယ် အတွင်းရှိ ကျေးရွာ ၄၀ လောက်က စိုက်ပျိုးထားတဲ့ သီးနှံတွေ ပျက်စီးခဲ့ပါတယ်။
2011-07-22
မြန်မာအစိုးရကို စစ်လက်နက် ပစ္စည်း ထောက်ပံ့နေတာတွေ ရပ်တန့်ပေးဖို့ အိန္ဒိယရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေက အိန္ဒိယ အစိုးရကို ဒီကနေ့ မနက်ပိုင်းက နယူးဒေလီမြို့ရှိ ဂျန်တားမန်တား ပန်းခြံအနီးမှာ ဆန္ဒပြ တောင်းဆိုခဲ့ကြ ပါတယ်။
2011-07-22
NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လုပ်ဆောင်နေတဲ့ ပါတီဝင်များ အရည်အချင်း မြှင့်တင်ရေး အစီအစဉ် တခု အနေနဲ့ အဆင့်မြင့် နိုင်ငံရေးသိပ္ပံ သင်တန်းကို ဒီကနေ့ စတင်လိုက်ပြီး တောင်ကိုရီးယား နိုင်ငံ အီဝါ အမျိုးသမီး တက္ကသိုလ်က ပါမောက္ခ နှစ်ဦးက ပို့ချပေး ပါတယ်။
2011-07-22
ငြိမ်းချမ်းရေးဗိသုကာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၄၇) နှစ်ပြည့် အထိမ်းအမှတ် ကျင်းပဖို့ မိသားစုဝင်တွေ ပြင်ဆင်နေတယ်လို့ သတင်းရရှိ ပါတယ်။
2011-07-22
မြန်မာအစိုးရအနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးရေးကို ငြင်းဆန်နေမယ် ဆိုရင် အာစီယံရဲ့ စည်းလုံးညီညွတ်မှုကို ထိခိုက်လာနိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ဒီကနေ့ ပြောလိုက်ပါတယ်။