သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-06-24
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ ၃၄ ကြိမ်မြောက် အာဆီယံ ၁ဝ နိုင်ငံ ထိပ်သီး ညီလာခံနဲ့ ပတ်သက်လို့ ထုတ်ပြန်လိုက်တဲ့ကြေညာချက်မှာ မြန်မာအစိုးရက ရခိုင်ပြည်နယ်အရေး အတွက် ချမှတ် လုပ်ဆောင်နေတဲ့ အစီအစဉ်တွေကို ဆက်လက်ပြီး ထောက်ခံပံ့ပိုးသွားမယ်လို့ ဖော်ပြထားပါတယ်။
2019-06-24
မြစ်ဆုံစီမံကိန်းကြောင့် ငလျင်ဒဏ်စိုးရိမ်စရာမရှိကြောင်း တရုတ် CPI ကုမ္ပဏီက ပညာရှင် လေးဦးက ကချင်ပြည်နယ်လွှတ်တော်မှာ Dam & Safety ခေါင်းစဉ်နဲ့ မြစ်ဆုံစီမံကိန်း ဆက်လုပ်ဖို့ ပြီးခဲ့တဲ့ ဇွန် ၇ ရက်နေ့က ဟောပြောဆွေးနွေးခဲ့တယ်လို့ မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်က ဆိုပါတယ်။
2019-06-24
AA အဖွဲ့ဝင်လို့ ယူဆပြီး တပ်မတော်က ဖမ်းဆီးစစ်ဆေးနေသူတွေထဲက ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပေါက်တောပြင်ရွာသားတစ်ဦး ဒီနေ့ သေဆုံးသွားပါတယ်။
2019-06-24
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်နဲ့ မင်းပြားမြို့နယ်က တောင်တန်းတွေပေါ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ မနေ့ကတိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်ဒဏ်ရာရ၊ သေဆုံးသူတွေ ရှိခဲ့ပါတယ်။
2019-06-24
ရခိုင်ပြည်နယ်က မြို့နယ်တချို့မှာ အင်တာနက်လိုင်း ဖြတ်တောက်ထားတာကို ပြန်ဖွင့်ပေးဖို့အတွက် အရေးကြီးအဆိုကို ရခိုင်ပြည်နယ်လွှတ်တော်မှာ ဒီကနေ့ တင်သွင်းလိုက်ပါတယ်။
2019-06-24
လာမယ့် ဇူလိုင်လအတွင်း ပြန်လည်ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီက အစီရင်ခံစာတင်သွင်းတော့မှာဖြစ်ပါတယ်။
2019-06-24
အိန္ဒိယနိုင်ငံ တမီလ်နာဒူးပြည်နယ် မြို့တော် ရေပြတ်လပ်တာနဲ့ ပတ်သက်ပြီး အစိုးရမှာ မြို့ကို သစ်လွင်တောက်ပ ခမ်းနားကြီးကျယ်တဲ့ စီမံကိန်းပဲရှိပြီး မြို့ပြဆိုင်ရာ ကောင်းမွန်တဲ့ ရေမူဝါဒ မရှိဘူးလို့ ထောက်ပြခံရပါတယ်။
2019-06-23
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ လူငယ်တွေ မူးယစ်ဆေးဝါးသုံးစွဲတာ များပြားလာတာကြောင့် ကိုယ်ထူကိုယ်ထ ဘိန်းဖြတ်စခန်း ဖွင့်ထားရပါတယ်။
2019-06-23
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ တပ်မတော်ရေကြောင်းရဲ့ တွဲဆွဲရေယာဉ်တစ်စီးကို AA အဖွဲ့က မနေ့က တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး လူ ခြောက်ဦးကို ရဲနဲ့ တပ်မတော်က စစ်တွေခရိုင် ရဲတပ်ဖွဲ့ရုံးမှာ ထိန်းသိမ်းစစ်ဆေးနေတယ်လို့ စစ်တွေမြို့နယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအေးသိန်းက RFA ကို ပြောပါတယ်။
2019-06-23
ဆက်သွယ်ရေးဥပဒေပြဌာန်းပြီး ငါးနှစ်ကျော်ကာလအတွင်းမှာ အဲဒီဥပဒေနဲ့တရားစွဲဆိုထားတဲ့ အမှုပေါင်း ၂၀၀ ရှိခဲ့ပြီး တရားစွဲခံရသူ ၂၄၆ ယောက်ရှိတယ်လို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့ (အသံ) ကနေ ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
2019-06-23
AA တပ်ဖွဲ့ဝင်တွေလို့ယူဆရတဲ့သူ အမျိုးသား ရှစ်ဦးကို ဇွန်လ ၂၀ ရက်နေ့က မြောက်ဦးမြို့နယ် ဝေသာလီကျေးရွာအနီးမှာ တပ်မတော်က ဖမ်းဆီးရမိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ် ပြန်ပါတယ်။
2019-06-23
AA အဖွဲ့ဟာ ဒေသခံ အရပ်သားတွေကို အသုံးပြုပြီး လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သလို အခုဆိုရင် သာသနိက အဆောက်အအုံတွေကိုပါ အကာအကွယ်ယူတာတွေ လုပ်လာတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ဒီနေ့ နေပြည်တော်က တပ်မတော် စစ်သမိုင်းပြတိုက်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
2019-06-23
ကချင်နိုင်ငံရေးပါတီ သုံးခုပေါင်းပြီး ဖွဲ့စည်းထားတဲ့ ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ဆိုင်းဘုတ်တင်၊ ဗဟိုရုံးချုပ်ဖွင့်ပွဲကို မြစ်ကြီးနားမြို့မှာ ဒီနေ့ကျင်းပခဲ့ပါတယ်။
2019-06-23
မြစ်ဆုံစီမံကိန်းအကောင်အထည်ဖော်မယ့် CPI/SPIC ကုမ္ပဏီအနေနဲ့ လူထုသဘောထားတွေကို လေးစားတဲ့အနေနဲ့ မြစ်ဆုံစီမံကိန်းတည်ဆောက်မယ့်အစီအစဉ်ကို စွန့်လွှတ်ပေးဖို့ မြစ်ဆုံဒေသခံ၊ ဘာသာရေးခေါင်းဆောင်တွေ၊ ကချင်နိုင်ငံရေးပါတီတွေနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက မနေ့က သဘောထားထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
2019-06-23
မန္တလေး စက်မှုဇုန်က ထွက်ရှိတဲ့ စွန့်ပစ်ရေဆိုးတွေကြောင့် ဒုဌဝတီမြစ်ကို မှီခိုနေထိုင်နေတဲ့ ဒေသခံတွေ ကျန်းမာရေး ထိခိုက်တာတွေရှိနေပါတယ်။