သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-03-28
ကျိုက်မရောမြို့နယ် ဓမ္မသရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်တာဟာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်ပြီး စစ်ရာဇဝတ်မှုမြောက်တဲ့လုပ်ရပ်လို့ NMSP-AD က ထုတ်ပြန်ပါတယ်။
2024-03-28
အာဆီယံရဲ့ ဘုံသဘောတူညီချက်တွေကို ချိုးဖောက်ခဲ့လို့ မြန်မာစစ်ခေါင်းဆောင်ကို တာဝန်ယူခိုင်းရမယ်လို့ တွမ်အင်ဒရူးက ပြောပါတယ်။
2024-03-28
ဖာပွန်မြို့ကို KNLA နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ထိန်းချုပ်လိုကြောင်း KNU က ပြောပါတယ်။
2024-03-28
"ကမ်းပါးပြိုခြင်းနှင့် လူမှုဘဝထိခိုက်မှုများ" ဆိုတဲ့ ဒီဗီဒီယိုဆောင်းပါးကို ရိုက်ကူးသူ သတင်းစာဆရာမ ရှင်ဒေဝီဟာ စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မနဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံထားရသူ ဖြစ်ပါတယ်။
2024-03-28
တာချီလိတ်မြို့မှာ အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်နေတဲ့ တရုတ်နိုင်ငံသား ခြောက်ဆယ်ခန့်ကို မတ် ၂၄ ရက်နေ့မှာ စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ တာချီလိတ်မြို့ခံတစ်ဦးက ပြောပါတယ်။
2024-03-28
ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာစသိမ်းတဲ့နေ့ကတည်းက ဖမ်းဆီးခံထားရပြီး အကျယ်ချုပ်နဲ့ ရှိနေသလား၊ နေပြည်တော် အချုပ်ထောင်ထဲမှာပဲ အကျဉ်းချခံထားရသလားဆိုတာ အခုချိန်ထိ အတိအကျ မသိရပါဘူး။
2024-03-28
စစ်တွေမြို့နယ် မောင်နီပြင်ကျေးရွာအုပ်စု ဒုံးပြင်ရွာမှာ စစ်ကောင်စီတပ်သားနှစ်ဦးက လက်ပစ်ဗုံးတစ်လုံးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရိုဟင်ဂျာ နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရသွားခဲ့ပါတယ်။
2024-03-28
ထားဝယ်ထောင်မှာ နိုင်ငံရေးအကျဉ်းသားနှစ်ဦး အကျဉ်းထောင်ပြင်ပခေါ်ထုတ်ခံရပြီးနောက် နိုင်ငံရေးအကျဉ်းသား ကိုဝင်းသီဟ ဟာ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
2024-03-28
ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာကို စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာကနေ နေအိမ်သုံးရာနီးပါး မီးလောင်ကျွမ်းပြီး ဒေသခံတစ်ဦး သေဆုံးသွားပါတယ်။
2024-03-28
မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေ လဲလှယ်ရောင်းချတဲ့ လုပ်ငန်းခြောက်ခုကို လိုင်စင်ပိတ်သိမ်းပြီး နောက်ထပ်လုပ်ငန်းလေးခုကို ခြောက်လ လုပ်ငန်းလုပ်ကိုင်ခွင့် ရပ်ဆိုင်းလိုက်ပါတယ်။
2024-03-28
ဗန်းမော်-လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးလမ်းပေါ်မှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် တရုတ်နိုင်ငံဘက်ကို သွင်းကုန်ပို့တဲ့ ကုန်ကားတွေအပါအဝင် ခရီးသည်ကားတွေ အစီး တစ်ရာလောက် ပိတ်မိနေပါတယ်။
2024-03-28
အမြင်အာရုံမသန်စွမ်းပေမယ့် ဝတ္ထုတိုတွေရေးတဲ့ စာရေးဆရာမ ဧကြည်ဖြူဟာ အမြင်အာရုံလုံးဝကွယ်ပျောက်သွားခဲ့ရင်တောင် ခေတ်ပေါ်နည်းပညာတွေကို အားကိုးပြီး အခန်းဆက်ဝတ္ထုတိုတွေ ဆက်ရေးသွားမယ်လို့ ပြောပါတယ်။
2024-03-28
ကာဒီနယ် ချားလ်စ်မောင်ဘို ဇာတိရွာဖြစ်တဲ့ ခင်ဦးမြို့နယ် မုံလှရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-03-28
ထိုင်းနိုင်ငံ လော့ဘူရီခရိုင်မှာ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ မြန်မာကလေး ၁၉ ဦးကို ပြန်မပို့ဘူးလို့ ထိုင်းအစိုးရရဲ့ လူမှုဖွံ့ဖြိုးနဲ့ လူ့လုံခြုံရေးဆိုင်ရာဝန်ကြီး ဝရာဝတ်က ပြောလိုက်ပါတယ်။
2024-03-28
အမ်းမြို့နယ်က ဂါယ်လောင်းနဲ့ လုံးကောက်ကျေးရွာအနီးမှာရှိတဲ့ စစ်ကောင်စီထောက်ပို့တပ်စခန်းတစ်ခုကို မတ် ၂၇ ရက်က AA သိမ်းပိုက်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။