သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-02-21
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ လွတ်လပ်တဲ့ အာရှအသံ RFA အဖွဲ့ဝင်တွေဟာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ တွေ့ဆုံပြီး ရင်းရင်းနှီးနှီး နေ့လယ်စာ အတူသုံးဆောင်ခွင့် ရခဲ့ပါတယ်။
2012-02-21
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ဇန်နဝါရီ ၂၁ ရက်က ရန်ကုန် တော်ဝင်စင်တာမှာ ပထမဦးဆုံးအကြိမ် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲက အချက်အလက်တွေပါဝင်တဲ့ “၈၈ မျိုးဆက် ကျောင်းသားများ သတင်းစာရှင်းလင်းပွဲ” စာအုပ် ရောင်းချတဲ့ အခမ်းအနားကို ရန်ကုန် ရန်ကင်းစင်တာမှာ ဒီကနေ့ နေ့လယ်က ကျင်းပပါတယ်။
2012-02-21
အလုပ်အကိုင်အသစ်တွေ တိုးတက်များပြားလာအောင် ဆောင်ရွက်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးမြို့နယ်ကို ပါတီစည်းရုံးရေး ခရီးစဉ် သွားရောက်စဉ်မှာ ပြည်သူလူထုကို ကတိပေးသွားပါတယ်။
2012-02-21
ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ “အရှေ့တောင် အာရှနိုင်ငံတွေက ရွေးကောက်ပွဲ လေ့လာရေး အဖွဲ့တွေ” ကို လက်ခံသွားဖို့ စဉ်းစားနေတယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောကြောင်း အာဆီယံအဖွဲ့ အတွင်းရေးမှူးချုပ် မစ္စတာ ဆူရင် ပစ်ဆူဝန်က ဒီကနေ့ ပြောပါတယ်။
2012-02-20
SSA ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့နဲ့ အစိုးရသစ်တို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးထားပြီး ဖြစ်ပေမယ့် တပ်ဖွဲ့တွေကြားမှာ တိုက်ပွဲငယ်တွေ ဆက်လက် ဖြစ်ပွားနေပါတယ်။
2012-02-20
အမျိူးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြဉာဏစိုးကို ပါတီဝင်အဖြစ် လက်ခံလိုက်ပြီလို့ မနေ့က ကျင်းပတဲ့ အမျိူးသားဒီမိုကရေစီ အဖွဲ့ချုပ် သတင်းစာရှင်းလင်းပွဲမှာ ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းကကြေညာခဲ့ပါတယ်။
2012-02-20
အင်းစိန်ထောင်တွင်း အထူးတရားရုံးက X2Oသြင်္ကန်မဏ္ဍပ် ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ကိုဖြိုးဝေအောင်နဲ့ သူ့ရှေ့နေနှစ်ဦးကို ရုံးတော်ကို မထေမဲ့မြင်ပြုမှုနဲ့ ဒီကနေ့ ထပ်မံ အရေးယူလိုက်ပါတယ်။
2012-02-20
ဧရာဝတီတိုင်း ဟင်္သာတမြို့နယ် ဒီမိုကရေစီအင်အားစုများနဲ့ လူငယ်များကဦးဆောင်ပြီး မြို့နယ်လူထုနဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ တွေ့ဆုံ မိတ်ဆက်ပွဲကို ဟင်္သာတမြို့နယ် ပြည်လုံးချမ်းသာဘုရား စည်းဝေးခန်းမမှာ ဒီကနေ့ ကျင်းပရာမှာ ပြည်သူလူထု သောင်းချီ တက်ရောက်ကြပါတယ်။
2012-02-20
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီစည်းရုံးရေး ခရီးစဉ်တွေနဲ့ပတ်သက်ပြီး ပိတ်ပင် တားမြစ်ချက်တွေကို ရုပ်သိမ်းကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်တယ်လို့ အခုညနေပိုင်း နောက်ဆုံးရရှိတဲ့ သတင်းအရ သိရပါတယ်။
2012-02-20
ဖေဖော်ဝါရီလ ၂၀ ရက်နေ့ဟာ ချင်းအမျိုးသားနေ့ ဖြစ်တဲ့အတွက် ချင်းပြည်နယ်နဲ့ ကမ္ဘာအနှံ့ ချင်းအမျိုးသားများ ရှိရာဒေသအသီးသီးမှာ ရိုးရာပွဲတွေ ဆင်နွှဲနေကြပါတယ်။
2012-02-20
မြန်မာနိုင်ငံ နောက်ကြောင်း ပြန်မလှည့်ရင် အမျိုးသားဝင်ငွေ အနည်းဆုံးနှစ်ဆ တိုးလာနိုင်တယ်လို့ ထိုင်း လေ့လာသူတွေက ပြောဆိုကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖေါ်ပြပါတယ်။
2012-02-19
မြန်မာနိုင်ငံဟာ သယံဇာတ ပေါကြွယ်ဝတဲ့ အပြင် ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတာကြောင့် နိုင်ငံတကာ ကုမ္ပဏီတွေက ရင်းနှီးမြှပ်နှံ လိုကြပေမယ့် ငွေကြေး လဲလှယ်မှုနှုန်းထား မတည်ငြိမ်သေးတာနဲ့ ဘဏ်စနစ် မခိုင်မာသေးတာကြောင့် မြန်မာ့ စီးပွားရေးဟာ အရှိန်အဟုန်နဲ့ တိုးတက်ဖို့ အလားအလာ မရှိသေးဘူးလို့ လေ့လာသူတွေက ပြောပါတယ်။
2012-02-19
ရွှေညဝါဆရာတော် ဦးပညာသီဟ ဟာ သီတင်းသုံးနေထိုင်ရာ ဗုဒ္ဓတက္ကသိုလ် သာဓုကျောင်းတိုက်ကနေ ဒီကနေ့ မွန်းလွဲပိုင်းက စတင် ထွက်ခွာပြီး မှော်ဘီမြို့ သဲအင်းဂူအနီး ကျောင်းမြေမှာ ခေတ္တ သီတင်းသုံးနေပြီ ဖြစ်ပါတယ်။
2012-02-19
၂ဝဝ၇ သံဃာ့လှုပ်ရှားမှု ဦးဆောင်ဆရာတော် တစ်ပါး ဖြစ်တဲ့ အရှင်ဂမ္ဘီရကို နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့က ဓမ္မစက်နဲ့ ထိန်းသိမ်းဖို့ ကြိုးပမ်းပေမယ့် မရတော့တဲ့အတွက် အာဏာစက်နဲ့ အရေးယူတော့မယ်လို့ ဒီကနေ့ထုတ် အစိုးရ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
2012-02-19
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကချင်ပြည်နယ် ခရီးစဉ်မှာ နမ္မတီးဒေသတွင်း စည်းရုံး ဟောပြောခွင့်ကို မိုးကောင်းမြို့ ရွေးကောက်ပွဲကော်မရှင်က တားမြစ်လိုက်ပါတယ်။