RFA အရှေ့တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူး Susan Lavery၊ မြန်မာဌာနမှူး ဒေါ်ငြိမ်းရွှေနဲ့ သတင်းထောက် ကိုကျော်ကျော်အောင်တို့ပါဝင်တဲ့ အဖွဲ့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ကြံံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး၊ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၊ ရထား ပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း၊ စက်မှုဝန်ကြီး ဦးစိုးသိန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ လွှတ်တော်ရေးရာ ကော်မတီဝင်တွေကို နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာအစိုးရ ထိပ်တန်း ခေါင်းဆောင်တွေက RFA ရဲ့ အခန်းကဏ္ဍကို အသိအမှတ် ပြုကြောင်းနဲ့ မြန်မာပြည်သူတွေရဲ့အကျိုးအတွက် အတူလက်တွဲ လုပ်ကိုင်နိုင်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်မြို့ကိုရောက်နေတဲ့ မြန်မာဌာနမှူး ဒေါ်ငြိမ်းရွှေနဲ့ ဦးခင်မောင်စိုး ဆက်သွယ် မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။
0:00 / 0:00