သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-11-23
ကိုလိုနီလက်ထက်မှာရော ကမ္ဘာစစ်အတွင်းမှာပါ မပျက်စီးခဲ့ဘဲ လွန်ခဲ့တဲ့ နှစ် ၃၅၀ လောက်ကတည်းက တည်ရှိခဲ့တဲ့ မြောက်ဦးရှေးဟောင်းနယ်မြေက ဗိသုကာလက်ရာ တွေဟာ တိုက်ပွဲတွေကြောင့် ဒီခေတ်ရောက်မှ ပျက်စီးဆုံးရှုံးမှာ စိုးရိမ်ရတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2019-11-23
မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက ရိုဟင်ဂျာ ပဋိပက္ခအတွက် တရားစွဲဆိုထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး နေပြည်တော်က သမ္မတ အိမ်တော်မှာ မနေ့က ကျင်းပတဲ့ ရှင်းလင်းပွဲမှာ အစိုးရဝန်ကြီး နှစ်ဦးက တင်ပြခဲ့တဲ့ အချက်အလက်နဲ့ ဝေဖန်ချက်တချို့ကို ဦးခင်မောင်စိုးက တင်ပြထားပါတယ်။
2019-11-23
အာဂျင်တီးနားဖက်ဒရယ်တရားရုံးမှာ စွဲဆိုခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ လက်ရှိ သမ္မတ ဦးဝင်းမြင့်နဲ့ သမ္မတဟောင်း နှစ်ဦးတို့ အမှု ရင်ဆိုင်ဖို့ပျက်ကွက်ရင် တရားရုံးဘက်က ဖမ်းဝရမ်းထုတ်ပြီး ရာဇဝတ်သားများ လွှဲပြောင်းရေး သဘောတူစာချုပ် (extradition treaty) ကို အသုံးပြုပြီး ဖမ်းခိုင်းတဲ့အထိ ဖြစ်လာနိုင်ကြောင်း ဥပဒေပါရဂူဘွဲ့ရ ဒေါက်တာ အင်ဒရူး ငွန်ကျူံးလျန်က RFA နဲ့ သီးသန့်အင်တာဗျူးမှာ ရှင်းပြထားပါတယ်။
2019-11-23
ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်မှာ မနေ့က မနက်ပိုင်းမှာ တိုက်ပွဲပြင်းထန်ခဲ့ ပြီးနောက် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ဝှက်ထားတဲ့ လက်နက်မျိုးစုံ တစ်ရာကျော်နဲ့ ခဲယမ်းမီးကျောက် အများအပြား သိမ်းဆည်းရ မိကြောင်း တပ်မတော်က ပြောပါတယ်။
2019-11-23
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်မှာ မြန်မာယန်စီကုမ္ပဏီက စီမံကိန်း အသုံးပြုခွင့် ရထားတဲ့ မြေဧကထက် ကျော်လွန်ပြီး ခြံစည်းရိုးခတ်နေလို့ ဆိုပြီး ဒေသခံတွေက ကန့်ကွက်နေကြပါတယ်။
2019-11-23
ရခိုင်ပြည်နယ်မြောက်ပိုင်း ပုဏ္ဏားကျွန်းမြို့ အမှတ် ၅၅၀ တပ်ရင်းရှေ့ကနေ ညဘက် ဆိုင်ကယ်နဲ့ ဖြတ်သွားသူနှစ်ဦး သေနတ်ပစ်ခတ်ခံရလို့ ခြေထောက်မှာ ဒဏ်ရာရရှိခဲ့ပါတယ်။
2019-11-23
၂ဝ၁၉ နိုဝင်ဘာ ၂၃ ရက်နေ့ RFA စကားဝိုင်း အစီအစဉ်မှာ " ပြည်သူနဲ့ ကိုယ်စားလှယ် ဘယ်ဟာအရေးကြီးလဲ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2019-11-22
သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးခဲ့ ရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စတင်စုံစမ်းဖို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) က ခွင့်ပြု လိုက်တဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေ စတင်တော့မှာဖြစ်ကြောင်း ICC ရှေ့နေ ဖာတူး ဘင်ဆိုဒါ (Fatou Bensouda) က ပြောလိုက်ပါတယ်။
2019-11-22
ICJ တရားရုံးမှာ မြန်မာနိုင်ငံရင်ဆိုင်ရမယ့်အချိန်ဟာ ရက်ပေါင်း ၂၀ ပဲလိုပါတော့ တယ်။ ဒါကြောင့် အခြေအနေနဲ့ပတ်သက်လို့ လူ့အခွင့်အရေးလှုပ်ရှားသူ ကိုသက်ဆွေ ဝင်း၊ ကချင်လူငယ် ဆိုင်းနုပန်နဲ့ မွန်လူငယ် မဝိဇယ တို့ရဲ့ အမြင်နဲ့သဘောထားတွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စုစည်းတင်ပြထားပါတယ်။
2019-11-22
မြန်မာနိုင်ငံကို ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ စွဲဆိုထားတဲ့အမှုမှာ ရိုဟင်ဂျာ မွတ်စလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တာနဲ့ ပတ်သက်ပြီး သက်သေအထောက်အထားတွေ အမြောက်အမြား ရှိနေတယ်လို့ ဂမ်ဘီယာနိုင်ငံဘက်က အမှုလိုက်ပေးနေတဲ့ Foley Haog ရှေ့နေအဖွဲ့က ပြောလိုက်ပါတယ်။
2019-11-22
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်ခဲ့တယ် ဆိုတဲ့စွဲချက်နဲ့ ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ ဂမ်ဘီယာနိုင်ငံက တရားစွဲလိုက်ပါပြီ။ မြန်မာဘက်ကလည်း ဥပဒေကြောင်းအရ ပြန်ပြီးခုခံဖို့ ပြင်ဆင်နေပါတယ်။
2019-11-22
အာရှဒေသမှာ ဒုက္ခသည်အများဆုံးရှိနေတာ မြန်မာနိုင်ငံပါ။ ပြည်တွင်းမှာ စစ်ပြေးဒုက္ခသည် သိန်းနဲ့ချီပြီး ရှိနေသလို၊ ပြည်ပကို ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒုက္ခသည်တွေကလည်း သိန်းနဲ့ချီ ရှိနေပါတယ်။
2019-11-22
တချိန်က နယ်စပ်မြို့တွေမှာပဲ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲတာ တွေ ရှိခဲ့ပေမယ့်၊ လက်ရှိမှာ ရန်ကုန်မန္တလေးလို မြို့ကြီးတွေအပါအဝင် မြို့အတော်များများမှာ မူးယစ်ဆေးဝါး ဖမ်းဆီးမိတာတွေ တနှစ်ထက်တနှစ် ပိုများလာနေပါတယ်။
2019-11-22
နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) နဲ့ ပူးပေါင်းဖို့ မြန်မာဘက်ကငြင်းပယ်ရင် နောက်ဆက်တွဲက ပိုရှုပ်ထွေးလာနိုင်ကြောင်းနဲ့ ICC ဟာ အစွယ်မရှိတဲ့ကျားကြီး paper tiger မဟုတ်ကြောင်း ဥပဒေပါရဂူဘွဲ့ရ ဒေါက်တာ အင်ဒရူး ငွန်ကျုံးလျန်က RFA နဲ့ သီးသန့်အင်တာဗျူးမှာ သုံးသပ်ပြထားပါတယ်။
2019-11-22
၂၀၁၈ ဒီဇင်ဘာကစလို့ ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ တိုက်ပွဲတွေအတွင်း AA က စစ်ဘက်နဲ့ ဆက်စပ်လို့ဆိုပြီး သံသယနဲ့ ဖမ်းဆီးထားသူ အရေအတွက် ပိုများလာနေပါတယ်။