သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-11-26
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်မြေနေရာ အပိုင်း ၁၊၂၊၃ က မြေပိုင်ရှင်တွေဟာ တပ်ကသိမ်းယူ ထားတဲ့ မြေနေရာတွေပြန်ရဖို့အတွက် ဒီကနေ့မနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ် အထက(၁) ကျောင်းရှေ့မှာ ၉ ကြိမ်မြောက် ဆန္ဒပြခဲ့ကြပြီး နေ့လည်ပိုင်းမှာတော့ ဘိုးဘွားပိုင် မိကျောင်းကန်မြေနေရာရှေ့မှာ ဒုတိယ အကြိမ်မြောက် သပိတ်စခန်းဖွင့်ခဲ့ကြပါတယ်။
2013-11-26
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်က လယ်သမား ၃၃ ဦးကို ပိုင်နက်ကျူးလွန်မှုနဲ့ အေရှားဝေါကုမ္ပဏီရဲ့ လက်အောက်ခံ ဂရင်းအေရှားကုမ္ပဏီက တရားစွဲဆိုထားတဲ့ အမှုကို ဒီနေ့ ဒဂုံမြို့သစ်(တောင်ပိုင်း) တရားရုံးမှာ စတင်ရုံး ထုတ်စစ်ဆေးခဲ့ပါတယ်။
2013-11-26
ကချင်ပြည်နယ် လိုင်ဇာမြို့မှာ ဖွဲ့စည်းခဲ့တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT အဖွဲ့က တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေဟာ ဒီကနေ့မနက်ကစပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အပစ်အခတ် ရပ်စဲရေး မူဘောင်ဆိုင်ရာအချက်တွေကို စတင်ဆွေးနွေးခဲ့ ကြပါတယ်။
2013-11-26
ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ပြီးခဲ့တဲ့စက်တင်ဘာလကုန်ပိုင်းကဖြစ်ပွားခဲ့တဲ့ ဆူပူအကြမ်းဖက်မှုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး နိုဝင်ဘာလ ၂၂ ရက်နေ့အထိ သံသယရှိသူ ၁၀၂ ဦးကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး အဲဒီအထဲက ၉ ဦးကို ပြန်လွှတ်ပေးခဲ့ကာ ကျန်တဲ့ ၉၃ ဦးကို အမှု ၁၉ မှုနဲ့ တရားစွဲတင်ခဲ့ကြောင်း ဒီကနေ့ထုတ် အစိုးရပိုင်သတင်းစာတွေမှာ ဖော်ပြလိုက် ပါတယ်။
2013-11-26
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင်မလား၊ အသစ်ရေးဆွဲမလား ဆိုတဲ့ လူထုသဘောထားဆန္ဒ ရယူရေးအတွက် Eco Dev မြန်မာ့ စိမ်းလန်းအမိမြေအဖွဲ့က ဦးဆောင်ပြီး ရန်ကုန်မြို့လယ် ၁၂ မြို့နယ်က ပြည်သူတွေဆီ စစ်တမ်းကောက်ယူရာမှာ ၄၈ ရာခိုင်နှုန်းက ပြင်ဆင်ရေးဆွဲ ဖို့ဆန္ဒရှိကြောင်း သိရပါတယ်။
2013-11-26
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သီတင်းတစ်ပတ် ကြာမြင့်မယ့် သြစတြေးလျနိုင်ငံ ခရီးစဉ်အတွက် ဒီနေ့ ရန်ကုန်မြို့ကနေ ထွက်ခွာသွားပြီဖြစ်ပါတယ်။
2013-11-26
ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့က ခေါင်းဆာင်သုံးဦးဟာ မနေ့က ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီအကြောင်း RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။
2013-11-26
၁၉၉ဝ ရွေးကောက်ပွဲမှာ "မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့" အမည်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မွန်ဒီမိုကရေစီပါတီ MDP ရဲ့ ပါတီဖွဲ့စည်းခြင်း ၂၅ နှစ်မြောက် အခမ်းအနားကို မော်လမြိုင်မြို့မှာ နိုဝင်ဘာလ ၂၃ ရက်၊ စနေနေ့က ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်လွင်ဦးက တင်ပြထားပါတယ်။
2013-11-26
မနက်ဖြန် ချင်းမိုင်မြို့မှာ ပြုလုပ်မယ့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ရဲ့ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး NCCT အဖွဲ့ဝင်၊ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အထွေထွေအတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ခွန်ဥက္ကာကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက ချင်းမိုင်မြို့နေအိမ်မှာ သီးသန့် တွေ့ဆုံ မေးမြန်းထားပါတယ်။
2013-11-26
ဂျာမဏီနိုင်ငံက ဆရာဝန်တွေ ရခိုင်ပြည်နယ် စစ်တွေမြို့ကို လာရောက်ပြီး မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်တွေကို နိုဝင်ဘာလ ၂၄ ရက်နေ့က စပြီး အခမဲ့ ခွဲစိတ်ကုသပေးနေပါတယ်။ RFA ဝိုင်းတော်သူ မခင်ခင်အိက တင်ပြထားပါတယ်။
2013-11-26
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးခဲ့ပြီးနောက် ပြန်လည်ရောက်ရှိလာတဲ့ ပြည်တွင်း နိုင်ငံရေးပါတီ ၁၁ ပါတီက ခေါင်းဆောင်တွေဟာ ဒီနေ့မနက်ပိုင်းက အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအလုပ်အဖွဲ့နဲ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ တွေ့ဆုံခဲ့ပါတယ်။RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
2013-11-25
သမ္မတ ဦးသိန်းစိန်ဟာ လာမယ့် သီတင်းပတ်အတွင်း ဖိလစ်ပိုင်နိုင်ငံ ကို နိုင်ငံတော်ခရီးစဉ်အဖြစ် သွားရောက် မှာ ဖြစ်ပါတယ်။
2013-11-25
ချင်းမိုင်မြို့မှာ မနက်ဖြန်ပြုလုပ်မယ့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ရဲ့ ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး NCCT အဖွဲ့ဝင်၊ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အထွေထွေအတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ခွန်ဥက္ကာကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက ချင်းမိုင်မြို့နေအိမ်မှာ သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။
2013-11-25
ကမ္ဘာ့ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ အမျိုးသမီးတွေအပေါ် နည်းမျိုးစုံနဲ့ အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်ကြာ လှုပ်ရှားမှုတွေကို ရန်ကုန် စစ်တွေနဲ့ ကချင်ပြည်နယ် ဗန်းမော်မြို့တွေမှာ ဒီနေ့ကစပြီး လာမယ့် ဒီဇင်ဘာလ ၁၀ရက်နေ့အထိ ကျင်းပနေပါတယ်။
2013-11-25
လက်ပံတောင်းတောင်ကြေးနီစီမံကိန်း သပိတ်စခန်း ဖြိုခွဲခံရမှု ဆန္ဒပြတာနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ရန်ကုန်မြို့ တရုတ်သံရုံးရှေ့ကို လမ်းလျှောက်ချီတက် ဆန္ဒပြတဲ့အထဲက ဦးဆောင်သူ စုစုပေါင်း ၆ ဦးကို စမ်းချောင်းမြို့နယ် တရားရုံးက ဒီနေ့ ထောင်ဒဏ်တစ်လ စီ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။