တရုတ်သံရုံးရှေ့ ဆန္ဒပြသူ ၆ ဦးကို စမ်းချောင်းရုံးက ထောင်ဒဏ်စီရင်


2013.11.25
section-18-305.jpg ပုဒ်မ ၁၈ နဲ့ တရားရုံးက ထောင်ဒဏ်ချမှတ်ခံရသော သူများကို တွေ့ရစဉ်
photo: RFA/ Kyaw Htoon Naing

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း သပိတ်စခန်း ဖြိုခွဲခံရမှု ဆန္ဒပြတာနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ရန်ကုန်မြို့ တရုတ်သံရုံးရှေ့ကို လမ်းလျှောက်ချီတက်ဆန္ဒပြတဲ့ အထဲက ဦးဆောင်သူ စုစုပေါင်း ၆ ဦးကို စမ်းချောင်းမြို့နယ် တရားရုံးက ဒီနေ့ ထောင်ဒဏ်တစ်လစီ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ကြည့်မြင်တိုင်နဲ့ လသာမြို့နယ်တွေ ကလည်း အဲဒီ ဦးဆောင်သူ ၆ ဦးကို အလားတူ ထောင် ဒဏ်တစ်လစီ ချမှတ်ခဲ့ပါတယ်။ ပြစ်ဒဏ်ချမှတ်ခံရသူ ၆ ဦးဟာ တကသ ကျောင်းသားသမဂ္ဂနဲ့ လူငယ်အဖွဲ့ အစည်းတွေက ဖြစ်ပါတယ်။

ဒီနေ့ စမ်းချောင်းမြို့နယ် တရားရုံးက ချမှတ်တဲ့ ပြစ်ဒဏ်နဲ့ ပြီးခဲ့တဲ့ရက်ကချခဲ့တဲ့ ပြစ်ဒဏ်တွေကို တစ်ပေါင်းတည်း ကျခံရမှာဖြစ်တယ်လို့ တရားရုံးမှာသွားရောက် နားထောင်ခဲ့တဲ့ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ဖြစ်မြောက်ရေးကော်မတီက ကိုမင်းသူအောင်က ပြောပါတယ်။

“လက်ပံတောင်းတောင်ကိစ္စ ဆန္ဒပြတဲ့အမှု ပုဒ်မ ၁၈ နဲ့ ကြည့်မြင်တိုင်၊ အလုံနဲ့ စမ်းချောင်းရယ် သုံးရုံးစလုံးစွဲတာ၊ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ လချတယ်ဗျ”

ကျောင်းသားသမဂ္ဂ တကသခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဒီငြိမ်းလင်း၊ မျိုးဆက်သစ်လူငယ်များအဖွဲ့က ကိုမိုးသွေးအပြင် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ကိုစိုးမိုးထွန်း၊ ကိုမြင့်ကျော် ၊ မသန္တာနဲ့ ကိုအောင်မျိုးဦးတို့ ၆ ဦးတို့ကို တရုတ်သံရုံးကို လမ်းလျှောက်ဆန္ဒပြစဉ် ဖြတ်သွားတဲ့ မြို့နယ် ၃ မြို့နယ်က တရားမဝင် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ နဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။