သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-10-27
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် က မြို့နယ်ပညာရေးမှူး ဒေါ်နီနီအောင်ဟာ ရှမ်းတိုင်းရင်းသား စာပေဘာသာစကားသင်တဲ့ ဆရာ၊ ဆရာမတွေအတွက် နိုင်ငံတော်က ထောက်ပံ့ပေးတဲ့ ထောက်ပံ့ငွေတွေကို အလွဲသုံးစား ပြုလုပ်ခဲ့တယ်ဆိုပြီး ရာထူး ကနေ နှုတ်ထွက်ပေးဖို့ ဒေသခံ ၅ဝဝ ကျော်က နမ့်ခမ်း မြို့ပေါ်မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2016-10-27
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေကို လာမယ့် ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလမှာ ထုတ်ပြန်သွားမယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦး က ပြောပါတယ်။
2016-10-27
တပ်မတော်ကို ဝေဖန်ပြောဆိုမှုကြောင့် ပုဒ်မ ၅ဝ၅ (က)နဲ့ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားသူများ အင်အားစု MDCF ခေါင်းဆောင် ကိုထင်ကျော် ကို ဒီကနေ့ ရန်ကုန် တိုင်း မြောက်ဥက္ကလာပမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ ပါတယ်။
2016-10-27
တပ်မတော်ကို ဝေဖန်ပြောဆိုမှုကြောင့် ပုဒ်မ ၅ဝ၅ (က)နဲ့ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားသူများ အင်အားစု MDCF ခေါင်းဆောင် ကိုထင်ကျော် ကို ဒီကနေ့ ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။
2016-10-27
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားဒေသအတွင်း ဝင်ရောက်တပ်စွဲထားတဲ့ UWSA ဝ,လက်နက်ကိုင် တပ်တွေ ဆုတ်ခွာပေးဖို့ အစိုးရတပ်မတော်က ညွှန်ကြားထားတဲ့အတွက် နှစ်ဖက်တင်းမာ မှုတွေ ဖြစ်ပေါ်နေပါတယ်။
2016-10-27
NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်တွေနဲ့ ရန်ကုန်တိုင်းဒေသကြီး NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေတွေ့ဆုံပွဲ ကို ရန်ကုန် ဗဟန်းမြို့နယ်က ပါတီရုံးချုပ်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2016-10-27
မကွေးတိုင်း မင်းလှမြို့နယ်က ထန်းကိုင်း ရေနံမြေအဖြစ် သတ်မှတ်ထားတဲ့ ဧရိယာမှာပါတဲ့ တောင်သူတွေကို သက်ဆိုင်ရာက မြေယာလျော်ကြေး ပေးခဲ့ပါတယ်။
2016-10-27
ကမ္ဘာမှာ စီးပွားရေး လုပ်ကိုင်ရ လွယ်ကူတဲ့နိုင်ငံစာရင်း ၁၉ဝ ထဲမှာ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်က အဆင့် ၁၇၁ မှာ ရှိခဲ့ရာကနေ ဒီနှစ်မှာ အဆင့် ၁၇ဝ ဖြစ်လာတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
2016-10-26
ပြည်သူ့လွှတ်တော် တောင်သူလယ်သမားနဲ့ အလုပ်သမားရေးရာကော်မတီ ဥက္ကဌ ဖြစ်တဲ့ ဧရာဝတီတိုင်း ဒေသကြီး မအူပင်မြို့နယ် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်း က မအူပင်မြို့နယ်၊ မဲဆန္ဒနယ် ၂ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသက်ကိုလေး အပါအဝင် ၄ ဦးကို လိမ်လည်မှု၊ အသရေဖျက်မှုတွေ နဲ့ မအူပင်မြို့မ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။
2016-10-26
မိုင်းလားဒေသအတွင်း ဝင်ရောက်တပ်စွဲထားတဲ့ UWSA "ဝ" လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို ဆုတ်ခွာပေးဖို့ အစိုးရတပ်မတော်က ညွှန်ကြားထားတဲ့အတွက် နှစ်ဖက်တင်းမာမှုတွေ ဖြစ်ပေါ် နေပါတယ်။
2016-10-26
WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဒီနှစ် စက်တင်ဘာလမှာ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာ မှာ မြန်မာနိုင်ငံဟာ ကမ္ဘာ့လေထုအညစ်ညမ်းဆုံး ထိပ်တန်းနိုင်ငံ ၂၀ မှာပါဝင်တယ်လို့ ဖော်ပြထား ပါတယ်။
2016-10-26
နိုင်ငံတော်နဲ့ ရတနာတောင် တန်း ကျောက်မျက်ကုမ္ပဏီတို့ အကျိုးတူဆောင်ရွက်နေတဲ့ ဖားကန့် မက်လင်ချောင် အကျိူးတူ (၂) လုပ်ကွက်ကရတဲ့ တန်ချိန် ၂၁၀လောက်ရှိတဲ့ လုံးစွပ်ကျောက်စိမ်း အရိုင်းတုံးကြီးကို ခွဲစိတ်ပြုပြင်ပြီး မြန်မာ့ကျောက်မျက် ရတနာပြပွဲမှာ ပြ သရောင်းချပါမယ်။
2016-10-26
မြန်မာနိုင်ငံသားတွေအပါအဝင် အမေရိကန်ပြည်ထောင်စုကို ကမ္ဘာအရပ်ရပ်က လာရောက်အခြေချ နေထိုင်သူတွေ တနေ့တခြား များပြားလာနေစဉ်မှာပဲ Kansas ကန်ဆက်ပြည်နယ်ကို ရောက်ရှိလာကြသူတွေနဲ့ ဒေသခံတွေအကြား လူမျိုးရေးနဲ့ ဘာသာရေးဆိုင်ရာမုန်းတီးမှုတွေ တိုးပွားလာနေကြောင်း ဆောင်းပါးတပုဒ် The New York Times နယူးယေက် တိုင်းမ်စ် သတင်းစာမှာ ဒီကနေ့ရေးသားထားပါတယ်။ Jack Healy ဂျက် ဟီလီ ရဲ့ဆောင်းပါးကို ဦးခင်မောင်စိုး က ဘာသာပြန်ဆို တင်ပြထားပါတယ်။
2016-10-26
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့ နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက မအူပင်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးသက်ကိုလေး အပါအဝင် ၄ ဦးကို လိမ်လည်မှုပုဒ်မ ၄၂၀ ၊ အသရေဖျက်မှုပုဒ်မ ၅၀၀ တွေ နဲ့ မအူပင်မြို့မရဲစခန်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာ လ ၂၂ ရက်နေ့က အမှုဖွင့်ထားပါတယ်။
2016-10-26
ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှား သူများအဖွဲ့ ခေါင်းဆောင် ကိုထင်ကျော်ကို ရန်ကုန်တိုင်း မြောက်ဥက္ကလာပ မြို့နယ် ရဲစခန်းက ပုဒ်မ ၅၀၅(က) အကြည်ညို ပျက်အောင်လုပ်ဆောင်မှုနဲ့ ဒီကနေ့ ညနေမှာ ဖမ်းဆီးလိုက် ပါတယ်။