မိုင်းလားဒေသ တင်းမာမှု စာရေးဆရာ ဦးသန်းစိုးနိုင် ကို မေးမြန်းချက်


2016.10.26

မိုင်းလားဒေသအတွင်း ဝင်ရောက်တပ်စွဲထားတဲ့ UWSA "ဝ" လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို ဆုတ်ခွာပေးဖို့ အစိုးရတပ်မတော်က ညွှန်ကြားထားတဲ့အတွက် နှစ်ဖက်တင်းမာမှုတွေ ဖြစ်ပေါ် နေပါတယ်။ "ဝ" အဖွဲ့ကို အစိုးရ တပ်မတော်က ရာဇသံပေးတဲ့ သဘောမျိုးနဲ့ တပ်တွေ ဆုတ်ခွာဖို့ ညွှန်ကြားတာဟာ မဖြစ်သင့်ဘဲ အစိုးရငြိမ်းချမ်းရေးကော်မရှင်က "ဝ" နဲ့ မိုင်းလားအဖွဲ့ နှစ်ဘက်ကြားမှာ ဝင်ရောက်ညှိနှိုင်းတဲ့ နည်းနဲ့သာ ဖြေရှင်းသင့်တယ်လို့ နိုင်ငံရေးလေ့လာသူ စာရေးဆရာ ဦးသန်းစိုးနိုင် က ပြောပါတယ်။

UWSA "ဝ" အဖွဲ့တည်ထောင်စဉ်က ဗဟိုကော်မတီဝင်တစ်ဦးအဖြစ်ပါဝင်ခဲ့ပြီး ၂၁ ရာစုပင်လုံ ညီလာခံမှာ မိုင်းလားအဖွဲ့ရဲ့ နိုင်ငံရေး လေ့လာသူအဖြစ် တက်ရောက်ခဲ့တဲ့ စာရေးဆရာ ဦးသန်းစိုးနိုင် ကို RFA သတင်းထောက် ကိုသီဟထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။