မိုင်းလားအရေး-ဦးသန်းစိုးနိုင်နဲ့ မေးမြန်းချက်


2016.10.27

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားဒေသအတွင်း ဝင်ရောက်တပ်စွဲထားတဲ့ UWSA ဝ,လက်နက်ကိုင် တပ်တွေ ဆုတ်ခွာပေးဖို့ အစိုးရတပ်မတော်က ညွှန်ကြားထားတဲ့အတွက် နှစ်ဖက်တင်းမာမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဝ,အဖွဲ့ကို အစိုးရတပ်က ရာဇသံပေးတဲ့ သဘောမျိုးနဲ့ တပ်တွေဆုတ်ခွာဖို့ ညွှန်ကြား တာဟာ မဖြစ်သင့်ဘဲ၊ ဝ,နဲ့ မိုင်းလား နှစ်ဖွဲ့အကြားမှာ အစိုးရငြိမ်းချမ်းရေးကော်မရှင်က ကြားဝင်ညှိနှိုင်းတဲ့ နည်းနဲ့သာ ဖြေရှင်းသင့်တယ်လို့ နိုင်ငံရေးလေ့လာသူ စာရေးဆရာ ဦးသန်းစိုးနိုင်က ပြောပါတယ်။ UWSA ဝ,အဖွဲ့ တည်ထောင်စဉ်က ဗဟိုကော်မတီဝင်တဦးအဖြစ် ပါဝင်ခဲ့ပြီး ၂၁ ရာစုပင်လုံညီလာခံမှာ မိုင်းလားအဖွဲ့ရဲ့ နိုင်ငံရေးလေ့လာသူအဖြစ် တက်ရောက်ခဲ့တဲ့ စာရေးဆရာ ဦးသန်းစိုးနိုင်ကို RFA သတင်းထောက် ကိုသီဟထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။