သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-02-01
ဘင်္ဂလားဒေ့ရှ်အစိုးရက သူ့နိုင်ငံ ကို ရောက်နေတဲ့ ရိုဟင်ဂျာတွေကို ဘင်္ဂလားပင်လယ်အော်အတွင်းရှိ ကျွန်းတ ကျွန်းကို ပို့ဖို့စီစဉ်နေတာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ထွက်ပေါ်လာတာကို ဘင်္ဂလာဒေ့ရှ်ဝန်ကြီးက အခုရွေ့ပြောင်း မှုဟာ ယာယီသာဖြစ်ပြီး နောက်ပိုင်းမှာ မြန်မာနိုင်ငံ က ပြန်ခေါ်မှာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။
2017-02-01
ရှေ့နေ ဦးကိုနီ ကို ရန်ကုန်လေဆိပ်မှာ သတ်ဖြတ်ခံခဲ့ရမှုနဲ့ ပတ်သက်ပြီး မြန် မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့လုပ်ကိုင်ဆောင်ရွက်နေ ပုံတွေဟာ အင်မတန်အားနည်းပြီး နှေးကွေးနေတဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ အမှုမှန်ပေါ်ပေါက်ရေးကို ထိ ခိုက်နိုင်တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ဟောင်း NLD နာယက သူရဦးတင်ဦး က ပြစ်တင်ဝေဖန်လိုက်ပါတယ်။
2017-02-01
ကဗျာဆရာ၊ စာရေးဆရာ၊ ပိတောက်ပွင့်သစ်မဂ္ဂဇင်း အယ်ဒီတာချုပ် မောင်စိမ်းနီဟာ ပြီးခဲ့တဲ့ည သန်းခေါင်ကျော်လောက်က နှလုံးရပ်ပြီး ရန်ကုန်မြို့မှာ ကွယ်လွန်သွားပြီလို့ သတင်းရရှိပါတယ်။
2017-02-01
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး၊ တရား လွှတ်တော်ရှေ့နေကြီး ဦးကိုနီ လုပ်ကြံသတ်ဖြတ် ခံရတဲ့အမှုနဲ့ ပတ်သက်ပြီး လူလေးဦးကို ဖမ်းဆီး ထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ကြေညာတယ်လို့ အမေရိကန်အခြေစိုက် နယူးယောက်တိုင်း သတင်းစာ က ဖော်ပြပါတယ်။
2017-02-01
၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ အသုံးစရိတ်ကနေပိုလျှံတဲ့ ငွေ ကျပ် လေးဘီလျံဝန်းကျင်ကို ပြည်ထောင်စုအစိုးရ ကို ပြန်မအပ်ဘဲ မြို့နယ်အသီးသီးရဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ခွဲဝေသုံးစွဲဖို့ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့က စီစဉ်နေပါတယ်။
2017-02-01
ရှမ်းပြည်နယ်၊ ပင်လုံမြို့မှာ လာမယ့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပဖို့ ပြည်နယ်အစိုးရအဖွဲ့က ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်နေပါတယ်။
2017-02-01
ပြဒါးကနေ ရွှေထွက်တယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဖိုထိုးသူတွေ၊ အသေးစားရွှေရှာတဲ့ လုပ်ငန်းတွေ က ပြဒါးနဲ့ ရွှေဖမ်းနေကြသူတွေ၊ ပြဒါးဓာတ်ပါတဲ့ အလှကုန်ပစ္စည်းသုံးသူတွေ၊ စက်မှုစွန့်ပစ္စည်းမှာ ပါသွားတဲ့ ပြဒါးသုံးမိသူတွေ ပြဒါးဆိပ်သင့်ရတဲ့ အကြောင်း ဒေါ်စမ်းစမ်းတင် က တင်ပြထားပါတယ်။
2017-02-01
ပြည်သူတွေအကျိုးကို အကောင် အထည်ဖော်နိုင်မယ့် ဥပဒေတွေပြ ဌာန်းနိုင်ရေး အလေးထားဆောင်ရွက်နေ တယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်း က ပြောပါတယ်။
2017-02-01
မနေ့ကစပြီး အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ကို သေနတ်နဲ့ လုပ်ကြံတဲ့ ဦးကြည်လင်း ဆိုသူရဲ့ ထွက်ဆို ချက်တွေနဲ့ပတ်သက်ပြီး အတည်မယူဖို့နဲ့ ရဲတပ်ဖွဲ့က အတည်ပြု ထုတ်ပြန်ပေးတာကိုသာ ယုံကြဖို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်း က ပြောပါတယ်။
2017-02-01
ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ကို အစိုးရနဲ့ ရန်ကုန်မှာ သီးသန့်တွေ့ဆုံ ဆွေးနွေးနိုင်ဖို့အတွက် ငြိမ်းချမ်းရေးကော်မရှင် က စာပေးပို့လိုက်ကြောင်း ဗိုလ်ချုပ် ဂွမ်မော် က အတည်ပြုပြောပါတယ်။
2017-02-01
နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ ဒီနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့မှာတင်ပြရမယ့် ရခိုင်ပြည်နယ်အရေး စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ရဲ့ အစီရင်ခံစာကို သမ္မတရဲ့အမိန့်နဲ့ နောက်ထပ်ရက်တိုး သတ်မှတ်လိုက်ပါတယ်။
2017-02-01
ဖေဖော်ဝါရီလကုန်ပိုင်း ဆက်လက်ကျင်းပမယ့် ဒုတိယအကြိမ်ပင်လုံညီလာခံနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့ စိန်ခေါ်မှုအခက်အခဲတွေအကြောင်း RFA အဖွဲ့သား ကိုကျော်ကျော်အောင် တင်ပြထား တာ နားဆင်နိုင်ပါတယ်။
2017-02-01
အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ရန်ကုန်လေဆိပ်မှာ လုပ်ကြံခံရတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှု ယိုယွင်းနေတဲ့ အခြေအနေ၊ နိုင်ငံသားတွေရဲ့ လုံခြုံမှုကင်းမဲ့လာနေတဲ့ အခြေအနေတွေပေါ်မှာ ဝေဖန်သံတွေ ထွက်ပေါ်နေပါတယ်။