ကဗျာဆရာ၊ စာရေးဆရာ၊ ပိတောက်ပွင့်သစ်မဂ္ဂဇင်း အယ်ဒီတာချုပ် မောင်စိမ်းနီဟာ ပြီးခဲ့တဲ့ည သန်းခေါင်ကျော်လောက်က နှလုံးရပ်ပြီး ရန်ကုန်မြို့မှာ ကွယ်လွန်သွားပြီလို့ သတင်းရရှိပါတယ်။
ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနမှာ ကွယ်လွန်သွားတာလို့ ချွေးမဖြစ်သူ မသဲနုဇာခြည် က RFA ကိုပြောပါတယ်။
ဆရာမောင်စိမ်းနီဟာ ၁၉၆၂ မျိုးဆက်ဖြစ်သလို၊ ရန်ကုန်ခရိုင်ကျောင်းသမဂ္ဂမှာ ပါဝင်ခဲ့ပြီး၊ တော်လှန်ကဗျာလှုပ်ရှားမှုလည်း ပါဝင်ခဲ့ပါတယ်။ မိုးဝေကဗျာအပါအဝင်၊
မဂ္ဂဇင်းပေါင်းများစွာမှာ ကဗျာ၊ ဝတ္ထုတိုတွေရေးသားခဲ့ပြီး၊ ပိတောက်ပွင့်သစ် မဂ္ဂဇင်းကို ဦးစီးတည်ထောင်ထုတ်ဝေခဲ့ပါတယ်။
ဆရာမောင်စိမ်းနီဟာ ကဗျာဆရာသမဂ္ဂမှာလဲ ဥက္ကဌအဖြစ် တာဝန်ယူခဲ့ပြီး၊ အခု ကွယ်လွန်ချိန်မှာ အသက် ၇၈ နှစ်ရှိပြီဖြစ်ပါတယ်။