သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-11-01
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မဲဆွယ်ကာလ မဲဆွယ်ယာဉ်တန်းကို ထွက်ပြီးနှုတ်ဆက် ချိန်မှာ ကိုဗစ်စည်းကမ်းတွေနဲ့အညီ လိုက်နာခဲ့ကြောင်း နိုဝင်ဘာလ ၁ ရက်နေ့ ဒီနေ့ နေပြည်တော်က အထူး တရားရုံးချိန်းမှာ ကိုယ်တိုင်ထွက်ဆိုခဲ့တယ်လို့ ရှေ့နေအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2021-11-01
ချင်းပြည်နယ် ဟားခါးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းအနားက နေအိမ်နှစ်လုံး နို၀င်ဘာလ ၁ ရက် ဒီနေ့နေ့လယ်ပိုင်းမှာ မီးလောင်ကျွမ်းခဲ့တယ်လို့ ဟားခါးမြို့ခံတွေက ပြောပါတယ်။
2021-11-01
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ချောင်းဆုံရွာက စစ်ကောင်စီသတင်းပေးလို့ နာမည်ကြီးနေတဲ့ သားအဖနှစ်ဦးကို အောက်တိုဘာလ ၃၁ ရက် မနေ့မှာ တန့်ဆည်မြို့နယ် မြေအောက်တော်လှန်ရေးအဖွဲ့ တစ်ဖွဲ့က ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-11-01
ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ အောက်တိုဘာလ ၂၉ ရက်နေ့က ဘုရားကျောင်း တွေ အပါအဝင် အိမ်ခြေ ၁၆၀ ကျော် မီးလောင်ကျွမ်းပြီးနောက် မြို့ထဲမှာ လူတစ်ဦးမှ မရှိတော့ဘူးလို့ ထန်တလန်မြို့ကနေ ထွက်ပြေးပုန်းရှောင်လာခဲ့တဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-11-01
အမေရိကန် သံအမတ်ဟောင်း ဘီလ်ရစ်ချတ်ဆန် (Bill Richardson) ဟာ ကျန်းမာရေးကိစ္စတွေအပါအဝင် လူသားချင်းစာနာမှုဆိုင်ရာ အကူညီပေးရေးကိစ္စတွေ ဆွေးနွေးဖို့ မြန်မာနိုင်ငံကို လာရောက်မယ်လို့ AP သတင်းမှာ ဒီကနေ့ဖေါ်ပြထားပါတယ်။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း မစ္စတာ ရစ်ချတ်ဆန် မြန်မာနိုင်ငံကို ရောက်ရှိလာမယ့်အကြောင်း အတည်ပြုပြောဆိုပါတယ်။
2021-11-01
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့နယ်မှာ ညပိုင်းမိုးသည်းထန်စွာရွာသွန်းပြီး မယ်ဆိုင်ချောင်း ရေလျှံလာတာကြောင့် နိုဝင်ဘာလ ၁ ရက် ဒီနေ့ မနက်ပိုင်းကစပြီး ရပ်ကွက်တွေထဲ ရေဝင်ရောက်ကာ နေအိမ်အချို့ရေနစ်မြုပ်နေပါတယ်။
2021-11-01
မြန်မာနိုင်ငံမှာ ဒီနေ့ နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး အခြေခံပညာကျောင်းတွေကို စစ်ကောင်စီက ပြန်လည်ဖွင့်ခဲ့ပါတယ်။ ဒါပေမဲ့ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ် လာတဲ့ မလုံခြုံမှုတွေကြောင့် သူတို့ရဲ့ကလေးတွေကို ကျောင်းပို့ဖို့ မိဘအချို့က ငြင်းဆိုနေကြဆဲဖြစ်ပါတယ်။
2021-11-01
လှိုင်သာယာမြို့နယ် ရန်ကုန် - ပုသိမ် လမ်းမကြီးတလျှောက်က ကျန်နေတဲ့ ကျူးကျော်တဲတွေကို နိုဝင်ဘာလ ၁ ရက် ဒီနေ့မနက်ပိုင်း စစ်ကောင်စီတပ်သားတွေက ဘူဒိုဇာ အပါအဝင် အင်အားအများအပြားနဲ့ လာရောက်ဖျက်ဆီးနေတာကြောင့် လမ်းတွေအားလုံး ပိတ်နေတယ်လို့ လှိုင်သာယာ ဒေသခံတွေက ပြောပါတယ်။
2021-11-01
နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးပြီးသူတွေ ထိုင်းနိုင်ငံ ကို ရောဂါကင်းရှင်းကြောင်း စောင့်ကြည့်စစ်ဆေးမှု မလိုဘဲ ဝင်ရောက်နိုင်မယ်လို့ ကြေညာတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ စာရင်းထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်လာပါတယ်။
2021-11-01
စစ်ကိုင်းတိုင်း ကလေးမြို့မှာ အောက်တိုဘာ ၃၁ ရက် မနေ့ညနေ ၇ နာရီခန့် က အောင်မေတ္တာရပ်ကွက် ပြင်သာ သုသာန်အနီးမှာ အမျိုးသားလေးဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့မနက်က ပြောပါတယ်။
2021-11-01
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို အလိုမရှိကြောင်း ဆန့်ကျင်ဆန္ဒပြမှုကို တောင်ကိုးရီးယား နိုင်ငံရောက် ဒယ်ဂူးဆရာတော် ဦးဝိသုတ ဦးဆောင်ပြီး၊ မြန်မာတွေနဲ့ ကိုရီးယားလူမျိုးတွေက တောင်ကိုရီးယားနိုင်ငံ အူဆန်မြို့မှာ အောက်တိုဘာလ ၃၁ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။
2021-11-01
ချင်းပြည်နယ် ထန်တလန်မြို့မှာ စနေနေ့က စစ်ကောင်စီတပ်တွေက အိမ်တွေကို တိုက်ခိုက် မီးရှို့တဲ့ လုပ်ရပ်အတွက် အမေရိကန်ပြည်ထောင်စုက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က အောက်တိုဘာလ ၃၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။