သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-09-02
စစ်ကောင်စီဘက်က သတင်းတွေကို YouTube ကနေ ဖြုတ်ချမှုတွေ ကြုံတွေ့နေရတာကြောင့် အစားထိုး အသုံးပြုနိုင်မယ့် Mtube Live Streaming Platform တစ်ခုကို တီထွင်ဆောင်ရွက်နေပြီလို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မနေ့က ပြောပါတယ်။
2022-09-02
ပြည်သူတွေရဲ့ နေ့စဉ်ဘဝမှာကြုံရတတ်တဲ့ ရေဘေး၊ မီးဘေးနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ အကူအညီပေးနေကြတဲ့ ရန်ကုန်မြို့က ပရဟိတအဖွဲ့တွေဟာ လက်ရှိကြုံနေရတဲ့ စက်သုံးဆီဈေး မြင့်တက်မှုပြဿနာတွေကြောင့် အခုနောက်ပိုင်း အခက်အခဲတွေနဲ့ ကြုံတွေ့လာကြရပါတယ်။
2022-09-02
ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ အမှုတွေထဲက ရွေးကောက်ပွဲမဲမသမာမှု စွပ်စွဲချက်အတွက် အလုပ်နဲ့ ထောင်ဒဏ်သုံးနှစ် ချမှတ်ခံလိုက်ရတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
2022-09-01
အာဏာရှင်စနစ်ကို တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေအတွက် အာရုံစိုက်ကြဖို့ The Forum 2000 ကမ္ဘာ့ဒီမိုကရေစီရေး ဆွေးနွေးပွဲမှာ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ကမ္ဘာ့နိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။
2022-09-01
နိုင်ငံရေး စစ်ရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ မဖြစ်မြောက်အောင် NUG ဘက်က ကြိုးပမ်းလိမ့်မယ်။ PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ပေါင်းပြီး အချိတ်အဆက်ကောင်းကောင်းဆောင်ရွက်သွားရင် တော်လှန်ရေးအောင်ပွဲဖြစ်လာနိုင်မယ်လို့ ဆိုပါတယ်။
2022-09-01
ပြန်လွတ်လာသူတွေထဲ အမျိုးသား ၁၈ ဦးနဲ့ အမျိုးသမီးတစ်ဦးပါဝင်ပြီး သူတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဆန္ဒပြနေစဉ် မြိတ်မြို့ထဲက နာရီစင်၊ ပြည်တော်သာနဲ့ တလိုင်းစု စတဲ့ နေရာတွေမှာ ဖမ်းဆီးခံခဲ့ရသူတွေ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
2022-09-01
ကချင်ပြည်နယ်ထဲက ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တပ်စခန်းတွေကို စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ဇူလိုင်လဆန်းလောက်ကစပြီး လေကြောင်းနဲ့ လက်နက်ကြီးကို အဓိကအသုံးပြုပြီး အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ဒေသခံ သုံးထောင်နီးပါး ဘေးလွတ်ရာကို ထွက်ပြေးနေရပါတယ်။ ပြည်သူ့စစ်အဖွဲ့တွေ ကချင်ပြည်နယ်မှာ နယ်မြေတိုးချဲ့ထိန်းချုပ်နိုင်ဖို့အတွက် အခုလိုတိုက်နေတာလို့ KIA အပါအဝင် ဒေသခံတွေနဲ့ လေ့လာသူတွေက ပြောပါတယ်။
2022-09-01
တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတဲ့ ရခိုင်နဲ့ ချင်းပြည်နယ်က နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူတွေကို ထိရောက်တဲ့အကူအညီပေးဖို့ ခက်ခဲနေသလို နယ်မြေအများအပြားမှာ လုံခြုံရေးတင်းကျပ်ထားတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး UN OCHA Myanmar က စက်တင်ဘာလ ၁ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
2022-09-01
စစ်ကိုင်းတိုင်း ကသာမြို့နယ် စေတီကုန်းကျေးရွာ ဘုန်းကြီးကျောင်းရှေ့ ဧရာဝတီမြစ်ဘေးက ဇရပ်နားမှာ ဩဂုတ် ၃၁ ရက် မနေ့ မနက် ၁၁ နာရီလောက်က ပုံလင်းခွံ၊ ဘူးခွံတွေ လိုက်ကောက်နေတဲ့ သားအမိနှစ်ယောက် ဗုံးပေါက်ကွဲပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-09-01
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ အမှုပေါင်း ၁၉ မှုထဲက ရာဇသတ်ကြီး ပုဒ်မ-၁၃၀ (က) နဲ့ တရားစွဲခံထားရတဲ့ ရွေးကောက်ပွဲ မဲမသမာမှုကို မနက်ဖြန် စက်တင်ဘာ ၂ ရက်နေ့ နေပြည်တော် အချုပ်ထောင်တွင်း တရားရုံးကနေ အပြီးသတ် အမိန့်ချဖို့ ရှိနေပါတယ်။
2022-09-01
ကယားပြည်နယ်မှာ အာဏာသိမ်းချိန်ကနေ ဩဂုတ်လ ၃၁ ရက် မနေ့ကအထိ အချိန် ၁၉ လတာကာလအတွင်း အရပ်သား ၃၂၂ ဦး သေဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က စက်တင်ဘာလ ၁ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
2022-09-01
အာဏာသိမ်း ၁၈ လကျော်အကြာမှာ ဒေါ်လာဈေး၊ ရွှေဈေးနဲ့ အခြေခံ စားကုန်တွေ အဆမတန် ဈေးတက်လာသလိုပဲ ဆေးဝါးနဲ့ အားဆေးတွေလည်း ဈေးနှစ်ဆ တက်လာတယ်လို့ ရန်ကုန်မြို့ခံတွေနဲ့ ဆေးဝါးအရောင်းဆိုင်တွေက ပြောပါတယ်။
2022-09-01
ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း ပြည်တွင်းရွှေစျေး ကျပ်သိန်း ၁၀ ကျော်နဲ့ အမေရိကန်တစ်ဒေါ်လာစျေး ကျပ် ၂၀၀၀ အထိ မြင့်တက်လာခဲ့တယ်လို့ ငွေကြေးနဲ့ ရွှေလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။