သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-12-03
ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၊ ရှမ်းကုန်း လမ်းက MS ငွေလဲကောင်တာမှာ ဒီနေ့ နေ့လည်က လုယက်မှုဖြစ်ပွားခဲ့ ပါတယ်။
2016-12-03
ရခိုင်ပြည်နယ် မောင်တောအရေးနဲ့ ပတ်သက်ပြီး ဆန္ဒပြမှုတွေ ထပ်မံဖြစ်ပေါ် လာနိုင်တာကြောင့် မလေးရှားရောက်ရှိနေတဲ့ မြန်မာနိုင်ငံ သားတွေ အထူးဂရုပြုသွားလာနေထိုင်ကြဖို့ မလေး ရှားနိုင်ငံ မြန်မာသံရုံးက မနေ့က သတိပေးချက် ထုတ်ပြန် လိုက်ပါတယ်။
2016-12-03
အကျိုးစီးပွားတွေ၊ ပြဿနာတွေ မတူညီ တာကြောင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေနဲ့ တစ်ဖွဲ့ ချင်း တေ့ွဆုံဖို့ စီစဉ်တာဖြစ်တယ်လို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ တေ့ွဆုံပွဲ ပျက်သွားတာနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ အတွင်းရေးမှူး ဦးခင်ဇော်ဦးက ဒီနေ့ ပြောပါတယ်။
2016-12-03
ကုလသမဂ္ဂ အထွေထွေအတွင်းရေး မှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အဖွဲ့ဟာ ဘူးသီးတောင်မြို့မှာ ရခိုင်တိုင်းရင်းသားတွေ၊ မွတ်ဆလင် နှစ်ဘက်ရပ်မိရပ်ဖတွေနဲ့ ဒီနေ့ညနေက သီးခြားစီတွေ့ဆုံခဲ့ပါတယ်။
2016-12-03
ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ လိုင်းကားတွေဟာ ညနေ ၇ နာရီဝန်းကျင်ရောက်တာနဲ့ တရားဝင်သတ်မှတ်ထားတဲ့ ယာဉ်စီးခနှုန်းထားထက် ထက်ဝက်ကျော်ကောက်ခံမှုတွေ ရှိနေပါတယ်။
2016-12-03
ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင်တွေနဲ့ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့တွေ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက စီစဉ်ပေးခဲ့ပေမယ့် နှစ်ဖက်ညှိနှိုင်း လို့မရဘဲ တွေ့ဆုံပွဲ ပျက်သွားခဲ့ပါတယ်။
2016-12-03
ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေအတွက် စိုးရိမ်ကြောင်း အရေးကြီးအဆိုအပေါ် လွှတ်တော်ကိုယ်စားလှယ် ၁၂ ယောက်က ပြည်သူ့လွှတ်တော် မှာ ဆွေးနွေးကြပါတယ်။
2016-12-03
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယို နဲ့ ရုပ်မြင်သံကြား TV ကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ် သားသား စကားများ” အစီအစဉ်ဖြစ် ပါတယ်။
2016-12-03
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်အဖွဲ့ဟာ စစ်တွေမြို့ကို ဒီနေ့ ရောက်ရှိလာရာမှာ စစ်တွေမြို့က အရပ်ဘက်အဖွဲ့အစည်းတွေက မတွေ့ဘဲ ကန့်ကွက်ခဲ့ကြပါတယ်။ မစ္စတာ ကိုဖီအာနန်ကို စစ်တွေမြို့ လေဆိပ်အနီးမှာ ရခိုင်အမျိုးသားပါတီ ANP က ဦးဆောင်ပြီး ကန့်ကွက်ဆန္ဒပြ ခဲ့ပါတယ်။
2016-12-03
ရန်ကုန်မြို့ ပန်းဘဲတန်း၊ ကျောက်တံတား၊ လမ်းမတော်နဲ့ လသာမြို့နယ်တွေက လမ်းဘေးဈေးသည်တွေကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ စည်ပင်ရဲတပ်ဖွဲ့တို့က မနေ့က လိုက်လံဖယ်ရှားခဲ့ရာမှာ ဈေးသည် တချို့နဲ့ အဆင်မပြေဖြစ်ခဲ့ကြပါတယ်။
2016-12-03
ကရင်ပြည်နယ် ဘားအံမြို့မှာပြုလုပ်ခဲ့တဲ့ ကျောင်းသားထုအကြိုညီလာခံမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီကို မျိုးဆက်သစ်ကျောင်းသား ၂၁ ဦးနဲ့ ပြန် လည်ရွေးချယ် ဖွဲ့စည်းခဲ့ပါတယ်။
2016-12-03
အမေရိကန်ပြည်ထောင်စုကို ခေတ္တရောက်ရှိနေတဲ့ သတင်းမီဒီယာကောင်စီအဖွဲ့ဝင် စာရေးဆရာ ဦးကြည်မင်း ကို မြန်မာနိုင်ငံက စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး RFA ဝိုင်းတော်သူ မခက်မာက တွေ့ဆုံမေးမြန်း ထားပါတယ်။
2016-12-03
ဂျပန်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေ ပါဝင်မယ့် အဖွဲ့တဖွဲ့ဟာ မြန်မာနိုင်ငံကို တနင်္လာနေ့မှာ သွားရောက်ပြီး သူတို့လုပ် ကိုင်နိုင်မယ့် အခွင့်အရေးတွေကို လေ့လာကြမယ်လို့ တိုကျို က ဒီကနေ့လာတဲ့ သတင်းတစ်ပုဒ်မှာ ဖေါ်ပြထားပါတယ်။
2016-12-03
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အဖွဲ့ ဥက္ကဌ ကိုဖီအာနန်က စစ်တွေမြို့မှာ မနေ့က ကျင်းပတဲ့ သတင်းစာ ရှင်းပွဲမှာ မောင်တောတိုက် ခိုက်မှုနဲ့ ပတ်သက်ပြီး မြန်မာအစိုးရက အခုလို စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းလိုက်တာဟာ အပြု သဘောဆောင်တဲ့ လုပ်ရပ်ဖြစ်တယ်လု့ိ မိမိယုံကြည်ပါတယ်။
2016-12-03
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ရခိုင်ပြည်နယ်မှာ ဖြစ် ပွားနေတဲ့ ပြဿနာနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မီးလောင်ရာလေပင့် မနေကြပါနဲ့ လို့ ပြောကြားလိုက်ပါတယ်။