စမ်းချောင်းမြို့နယ် က ငွေလဲကောင်တာ လုယက်ခံရ


2016.12.03
sanchaung-ms-money-changer-620 ဒီဇင်ဘာလ ၃ ရက်နေ့က လုယက်မှုဖြစ်ပွားခဲ့တဲ့ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၊ ရှမ်းကုန်းလမ်းက MS ငွေလဲကောင်တာကို တွေ့ရစဉ်
Photo : Htet Arkar/RFA

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၊ ရှမ်းကုန်းလမ်းက MS ငွေလဲကောင်တာမှာ ဒီနေ့ နေ့လည်က လုယက်မှုဖြစ်ပွား ခဲ့ပါတယ်။

လုယက်သူတွေဟာ သေနတ်အတုကိုအသုံးပြုပြီး ငွေလဲကောင်တာမှာရှိတဲ့ အမေရိကန်ဒေါ်လာ တစ်သောင်းခွဲ နဲ့ မြန်မာငွေ ကျပ်သိန်း တစ်ရာ့ငါးဆယ်ကို လုယက်သွားတယ်လို့ စမ်းချောင်းရဲစခန်းက ရဲအုပ်ဝင်းထွန်းက ပြော ပါတယ်။

"သေနတ်ဆိုတာ ကျနော်တို့ အခု အွန်လိုင်းပေါ်မှာ သုံးနေတဲ့ ဟိုဟာလေးတွေလေ။ အသံမြည်တယ်။ မီးပွင့်တယ်။ ကျည်မထွက်တဲ့ဟာလေ။ အဲဒါလေးတွေ။ ပစ်တာက အဓိက သားရေဂွနဲ့ အဓိက ပစ်သွားတာ။ သားရေဂွနဲ့။ ကျနော်တို့ဆီက ခရိုင်တွေရော၊ တိုင်းတွေရော၊ စခန်းအဖွဲ့တွေရောသွားပြီး အခင်းဖြစ်ရပ်ကို လိုက်နေတုန်းဗျ။ ခန့်မှန်းချေ မြန်မာငွေကတော့ သိန်း ၁၅ဝ လောက်ပါမယ်။ ဒေါ်လာ ကတော့ ၁၅၀၀၀ လောက်ပါမယ်။ သူတို့ကတော့ စိစစ်နေတုန်းလို့ ပြောတယ်"

လုယက်သူတွေဟာ ငွေလဲကောင်တာမှာ တပ်ဆင်ထားတဲ့ လုံခြုံရေးကင်မရာတွေနဲ့ လက်ကိုင်ဖုန်းတွေကို ယူသွားပြီး လက်ကိုင်ဖုန်း ၂ လုံးကိုတော့ ရိုက်ခွဲပစ်ခဲ့တယ်လို့ သိရပါတယ်။

လုယက်မှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့သူမရှိသလို ရဲတပ်ဖွဲ့အနေနဲ့လည်း အခုအချိန်ထိ အမှုနဲ့ပတ်သက်ပြီး စစ်ချက်ယူနေဆဲဖြစ်တယ်လို့ ရဲအုပ် ဝင်းထွန်းက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။